နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူသော်လည်း ဟားမတ်စ်က သဘောမတူသေး

အကျဉ်းသား ဓားစာခံ သဘောတူညီချက်ဆိုင်ရာ အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူသော်လည်း အချို့သော ပြဿနာများမှာ မဖြေရှင်းနိုင်သေးကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။

ကာတာနိုင်ငံ၊ ဒိုဟာတွင် မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ CNN လေ့လာသုံးသပ်သူ ဘာရက်ရာဗစ် (Barak Ravid) ၏ အစီရင်ခံချက်အရ ပါလက်စတိုင်း အကျဉ်းသား ၇၀၀ လောက်ကို လွှတ်ပေးမည့် အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူခဲ့ပြီး ဂါဇာတွင် ဟားမတ်စ် ဖမ်းဆီးထားသည့် ဓားစာခံ ၄၀ ကို လွှတ်ပေးဖို့နှင့် အစ္စရေးများကို သတ်ဖြတ်ခဲ့သည့်အမှုနှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသူ အယောက် ၁၀၀ ကို လဲလှယ်ရန် သဘောတူခဲ့သည်ဟု CNN က ဆိုပါသည်။ CNN နှင့် ပူးပေါင်းထားသည့် Channel 11 (Kan News)သတင်းဌာနသည် အမေရိကန် အကျဉ်းသား-ဓားစာခံ လဲလှယ်ရေး အဆိုပြုချက်အား အစ္စရေး၏ သဘောတူညီချက်နှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အစ္စရေး အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ Kan News သတင်းဌာနက အစ္စရေးသည် “ဖမ်းဆီးခေါ်ဆောင်သွားသူများ အိမ်ပြန်နိုင်ရေးအတွက် သိသာထင်ရှားသော အပေးအယူများ ပြုလုပ်ရန် အသင့်ရှိကြောင်း” ပြောကြားခဲ့သည်။

သီတင်းပတ်အစောပိုင်းက အမည်မဖော်လိုသည့် အစ္စရေးအရာရှိတစ်ဦးကို ကိုးကား၍ ရာဗစ် (Ravid) က ပါလက်စတိုင်း အကျဉ်းသား အရေအတွက်နှင့်ပတ်သက်၍ အစ္စရေးက သဘောတူခဲ့ကြောင်း X (ယခင်တွစ်တာ) တွင် ဖော်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သံတမန်သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ပြောကြားရာတွင် ရာဗစ် (Ravid) ၏ အချက်အလက်များ မှန်ကန်ကြောင်း စနေနေ့က အတည်ပြုခဲ့သော်လည်း ဂါဇာတွင် အကူအညီများဝင်ရောက်မှုနှင့် “အစ္စရေးစစ်တပ်ကို ပြန်လည်နေရာချထားခြင်း” အပါအဝင် ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

CNN သည် ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ အစ္စရေး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သည်။ စီအိုင်အေ ညွှန်ကြားရေးမှူး ဘီလ်ဘန်း တင်သွင်းသည့် အဆိုပြုချက်ကို အစ္စရေးက သဘောတူခဲ့ကြောင်း ရာဗစ် (Ravid) က ပြောသည်။ ဘီလ်ဘန်းသည် ဟားမတ်စ်နှင့် အစ္စရေးတို့ကို စေ့စပ်ညှိနှိုင်းပေးသည့် စေ့စပ်ညှိနှိုင်းရေးမှူးများမှတစ်ဆင့် ဒိုဟာတွင် ရှိနေသည်။ ဟားမတ်စ်၏ တုံ့ပြန်မှုသည် ၁ ရက်မှ ၃ ရက်အထိ ကြာနိုင်သည်ဟု အစ္စရေးအရာရှိများနှင့် ပြောထားပြီးဖြစ်ကြောင်း ရာဗစ်က ပြောကြားခဲ့သည်။

“ဒီအသေးစိတ်အချက်အလက်တွေကို စေ့စပ်ညှိနှိုင်းနေသည့် ဒိုဟာမှာရှိတဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေ ဒီကိစ္စကို တကယ်ကြိုးကိုင်နေတဲ့သူဆီကို သွားရမှာပါ၊ သူက ဂါဇာမှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင် ယာဟရာ စင်ဝါ (Yahya Sinwar) ဖြစ်ပြီး၊ သူဟာ မြေအောက် ပေ ၁၀၀ လောက်ရှိတဲ့ မြေအောက်ဘန်ကာထဲမှာ နေနေတဲ့ ဟားမတ်စ်ခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ဆီကပြန်ကြားမှုရဖို့က အချိန်အတော်ယူရမှာပါ” ဟု ရာဗစ်က တနင်္ဂနွေနေ့တွင် “CNN ၏ သတင်းအခန်းကဏ္ဍ” တွင် အိုမာ ဂျင်မင်နက်ဇ် (Omar Jimenez) သို့ ပြောကြားခဲ့သည်။

အဆိုပြုထားသော အကျဉ်းသားလဲလှယ်မှုတွင် အသက် ၅၀ ကျော် အမျိုးသားများ လွတ်မြောက်ရေးပါ ပါဝင်သည့် အဆိုပြုထား သောကြောင့် အမေရိကန် ဓားစာခံအချို့လည်း လဲလှယ်မှုတွင် “သေချာပေါက်” ပါဝင်မည်ဟု ရာဗစ် မှ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပေါ် ‘ဖိအား’

အကြီးတန်းအရာရှိ ဘဆမ်နအင်း (Basem Naeim) နှင့် ဟူဆန်ဘဒရမ် (Hussam Badran) တို့သည် အောင်မြင်မှုများ ရရှိရန် အလားအလာအတွက် သီးခြားစီ ကစားနေကြပြီး အစီရင်ခံစာများကို ဟားမတ်စ်က ဆန့်ကျင်ခဲ့သည်။ “ အစ္စရေး-အမေရိကန်မီဒီယာ” သည် ဆွေးနွေးပွဲများအပေါ် ဖိအားများ ပေးလာနေသည်ဟု နာအင်း (Naeim) မှ CNN သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အတွက် စေ့စပ်ညှိနှိုင်းမှုဟာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို ဗဟိုပြုရုံသာမကဘဲ၊ “ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြှောင်ကနေ အစ္စရေးတပ်ဖွဲ့အားလုံး ဆုတ်ခွာရေးနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအားလုံး နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်တဲ့ (ဟားမတ်စ်) တောင်းဆိုချက်မှန်သမျှကို အစ္စရေးက သဘောတူခဲ့တာ မရှိပါဘူး။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ လူတွေရဲ့ ဘဝနဲ့ပတ်သက်တဲ့ “အခြေခံပြဿနာတွေအတွက် ဖျန်ဖြေသူတွေကို ဘယ်အာမခံချက်မဆို” ပေးရန် ငြင်းဆိုထားကြောင်း ဟားမတ်စ်ရဲ့ တယ်လီဂရမ် (Telegram) စာမျက်နှာတွင် ဟူဆန် ဘဒရမ်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ ယေဘုယျအားဖြင့် ဂါဇာကမ်းမြောင်ဒေသနဲ့ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပြည်သူများ၏ လိုအပ်ချက်တွေနဲ့ သက်ဆိုင်တဲ့ ရှင်းလင်းတိကျတဲ့ ပန်းတိုင်တစ်ခုကို ရောက်ရှိရန် ညှိနှိုင်းနေကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဟားမတ်စ်၏ ယခုလ နောက်ဆုံး အဆိုပြုချက်တွင် ပါလက်စတိုင်း အကျဉ်းသား ၇၀၀ မှ ၁၀၀၀ ခန့်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအချိန်က အစ္စရေးသည် တောင်းဆိုချက်များကို “ ရယ်စရာ” နှင့် “ အဓိပ္ပါယ်မဲ့သည်” ဟု ဖော်ပြခဲ့သည်။

သဘောတူညီချက်တစ်ခုဖြစ်လာပါက အဆင့်များစွာ ရှိမည်ဟု မျှော်လင့်ရသည်။ ပထမအဆင့်တွင်၊ ဟားမတ်စ်သည် အစ္စရေးစစ်သားများ အပါအဝင် သက်ကြီးရွယ်အိုများ၊ ဖျားနာပြီး ဒဏ်ရာရရှိနေသည့် အမျိုးသမီးများဖြစ်သည့် ဓားစာခံများကို လွှတ်ပေးရန် အဆိုပြုခဲ့သည်။ အသက်ရှင်ကျန်နေသေးသည့် ဓားစာခံ ၁၀၀ ထဲမှ ၄၀ ခန့် ပြန်လွှတ်ပေးမည်ဟု ယုံကြည်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အရှေ့အလယ်ပိုင်း

ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ မာဆအွတ် ပီဇက်ကီအန် (Masoud Pezeshkian) အီရန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 10 Views
ဇူလိုင်လ (၇) ရက်။ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ သမ္မတလောင်း မာဆအွတ် ပီဇက်ကီအန် (Masoud Pezeshkian) သည် အီရန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 10 Views
အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ ++++++++++ စစ်သားနဲ့ အမျိုးသားတွေအပါအဝင် အစ္စရေးဓါးစာခံတွေကို လွှတ်ပေးရမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

မဲဆွယ်ကတိတွေကို အီရန်သမ္မတသစ် တည်နိုင်မှာလား

  • 2024 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 19 Views
မဲဆွယ်ကတိတွေကို အီရန်သမ္မတသစ် တည်နိုင်မှာလား +++++++++++ အီရန်နိုင်ငံကို တံခါးဖွင့်ပြီး ပြည်သူတွေလိုလားတောင့်တနေကြတဲ့ လွတ်လပ်ခွင့်ပေးမယ်လို့ မဲဆွယ်ခဲ့တဲ့ သဘောထားပျော့ပြောင်းသူ မာဆွတ် ပီဇက်ရှ်ကီယန်ဟာ သမ္မတသစ်ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရခဲ့တယ်လို့ အီရန်ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် 69
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာမူဝါဒက အမေရိကန်ကို အန္တရာယ်ဖြစ်စေကြောင်း အမေရိကန်အရာရှိဟောင်းများ ပြောကြား

  • 2024 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 44 Views
++++++++++++++++++++++++++++++++++++++++++++++++ အစ္စရေးနှင့် ဂါဇာစစ်ပွဲအပေါ် မူဝါဒကြောင့် နှုတ်ထွက်ခဲ့သော ဘိုင်ဒင်အစိုးရအဖွဲ့မှ အရာရှိဟောင်း ၁၂ ဦးသည် အစိုးရ၏လုပ်ဆောင်ချက်များသည် အမေရိကန် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။ မူဝါဒများသည် ထိုဒေသအတွင်း မတည်မငြိမ်ဖြစ်စေပြီး “အမေရိကန်၏ နောက်ကျောကို ဓားနှင့်ထိုးမည့်အနေအထားဖြစ်ကြောင်း”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတောင်ပိုင်းတွင် နေထိုင်နေသူများ ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က အမိန့်ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 15 Views
ဇူလိုင် (၃) ရက်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်စ်အရှေ့ပိုင်းနှင့် ရာဖာတွင် နေထိုင်သူများကို အစ္စရေးစစ်တပ်က ဇူလိုင်လ (၁) ရက်နေ့တွင် ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မြေပြင်စစ်ဆင်ရေးအသစ်များ စီစဉ်နေခြင်းကြောင့်ဟု ယူဆရပါသည်။ ဂါဇာကမ်းမြှောင်ရှိ ကျန်ရှိသည့် ဆေးရုံအနည်းငယ်ထဲမှ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင်အပူချိန် ၁၂၀ ဖာရင်ဟိုက်ထိရှိခြင်းကြောင့် ဟာ့ဂ်ျ ဘုရားဖူး ရာနဲ့ချီ သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 31 Views
၂၀၂၄ခုနှစ် ဇွန်လ ၂၀ ရက်၊ ဒူဘိုင်း၊ ယူအေအီး CNN — ပြင်းထန်သောအပူချိန် ၄၉ ဒီဂရီစင်တီဂရိတ် (၁၂၀ ဒီဂရီဖာရင်ဟိုက်) အထိရှိသည့်အတွက် မက္ကာသို့ နှစ်စဉ် မွတ်စလင် ဟာ့ဂျ် (Hajj) ဘုရားဖူးဝတ်ပြုနေစဉ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 11 ရက်
  • 28 Views
အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန် ++++++++++++++++++++ “အပစ်အခတ်ရပ်စဲချင်ရင် ဟားမက်စ်တွေကို ဟုတ်ကဲ့လို့သာ ပြောခိုင်းလိုက်ပါ” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တနင်္လာနေ့က ဂျေရုစလင်နဲ့ ကိုင်ရိုကို အပြန်အလှန်သွားရောက်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုထားချက်တွေကို တွန်းအားပေးခဲ့ပါတယ်။ ဘီလင်ကန်ဟာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 9 ရက်
  • 35 Views
ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့ ++++++++++++++++ အခုမြင်တွေ့နေရတာကတော့ ဂါဇာကမ်းမြောင်အလယ်ပိုင်း နူဆီရတ်ကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေကယ်ဆယ်ခဲ့တဲ့ ဓားစာခံ ၄ ဦးထဲက ၃ ဦးကို ရဟတ်ယာဉ်နဲ့ ပြန်ခေါ်လာခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီ ဓားစာခံ