နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDF-Mindat အတွက် လက်နက်တပ်ဆင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀၄၀၀၀)ရရှိခဲ့

မေလ (၂၇)ရက်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်(CDF-Mindat)အတွက် လက်နက်တပ်ဆင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀၄၀၀၀)ရရှိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

CDF-Mindat အတွက် လက်နက်ခဲယမ်းတပ်ဆင်ဖို့ ရည်ရွယ်ကာ Project Owner အနေနဲ့ CRPH-OFP ရန်ပုံငွေရှာဖွေရေးအဖွဲ့က ကိုဖြိုး ဦးဆောင်ကာ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလှုပ်ရှားမှုဟာ Project Mindat 2024 Campaign အနေနဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာ (၂၂)ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဇန်နဝါရီ (၁၁)ရက်နေ့အထိ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလှုပ်ရှားမှုကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေနဲ့ တာဝန်ရှိသူတွေက မောင်းပြန်သေနတ် (၂၅)လက်နဲ့ ကျည်ဆန်တွေဝယ်ယူပြီး CDF-Mindat ကို မေလ (၂၄)ရက်နေ့မှာ အပ်နှံခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့ပြင် ရန်ပုံငွေ ရာနှုန်းပြည့်အောင်မြင်ဖို့အတွက် ကမ်ပိန်းမှာ ပူးပေါင်းပါဝင်အားဖြည့်ခဲ့ကြတဲ့ Fundraiser တွေနဲ့ တော်လှန်ပြည်သူတွေကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။ (edited)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်တွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ရှိနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 39 Views
အောက်တိုဘာလ (၂၁)ရက်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ အခုလောလောဆယ်အထိ
မြန်မာသတင်း

တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 39 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့
မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 28 Views
အောက်တိုဘာလ (၂၁)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ
မြန်မာသတင်း

မိုင်းငေါ့မြို့ မြို့မဈေး လေကြောင်းဗုံးကြဲခံရကာ ဒေသခံသားအမိ(၂)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 27 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 47 Views
အောက်တိုဘာလ (၂၀)ရက်။ အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။ အခုကာလထဲ စစ်တပ်ဟာ ပြည်သူတွေ စုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီးတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို
မြန်မာသတင်း

နိုင်ငံအနှံ့ လေကြောင်းနဲ့ နေ့တိုင်းဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 64 Views
အောက်တိုဘာလ (၂၀)ရက်။ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုအခါ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တနိုင်ငံလုံး တည်ငြိမ်အေးချမ်းစေဖို့အတွက်
မြန်မာသတင်း

တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့ (၄)မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 49 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့က တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်၊ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့
မြန်မာသတင်း

လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 51 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့ကစပြီး လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA က အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အာရက္ခပင်လယ်ကမ်းအနီးရှိ မြို့၊ ရွာတွေက ရေလုပ်ငန်းကို အဓိကအမှီပြုပြီး လုပ်ကိုင်နေရတဲ့