နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

VPN တွေလိုက်မပိတ်နိုင်တဲ့ စစ်ကောင်စီက Wifi ကြိုးတွေ လိုက်လံဖြတ်တောက်နေ

ဇွန်လ (၂၇)ရက်။

စစ်ကောင်စီက VPN ပိတ်ဖို့မလုပ်နိုင်တော့တဲ့အတွက် ပြည်တွင်းသုံး Wifi ကြိုးတွေကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းရုံး(YESC) ဝန်ထမ်းတွေ အကူအညီနဲ့ လိုက်လံဖြတ်တောက်နေတယ်လို့ ရန်ကုန်မြိုနေပြည်သူတွေထံက သိရပါတယ်။

“မနေ့က မနက်ကထဲက လျှပ်စစ်ဝန်ထမ်းဝတ်စုံတွေနဲ့ ဝိုင်ဖိုင်ကြိုးတွေကို လိုက်ဖြတ်နေတာ။ တစ်ကြိုးနှစ်ကြိုးဖြတ်တာမဟုတ်ဘူး။ အကုန်လုံးကို ဖြတ်သွားတာ။ ဘာလို့ ဖြတ်တာလဲမေးတော့လဲ ရေရေရာရာမဖြေနိုင်ဘူး။ သစ်ပင်နဲ့ပဲ မလွတ်သလိုလို။ သစ်ကိုင်းနဲ့ပဲ မလွတ်သလိုလို ပြောနေတာ။ ဘာတွေယုတ်မာဦးမယ်မသိဘူး” ဟု စမ်းချောင်းမြိုနေ ပြည်သူတစ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံအတွင်း facebook အသုံးပြုတာကို ကန့်သတ်သည့်အနေဖြင့် VPN အသုံးမပြုနိုင်ဖို့အတွက် ရန်ကုန်အပါအဝင် မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက ပြည်သူတွေရဲ့ဖုန်းတွေကို လိုက်လံစစ်ဆေးနေတာပါ။

စစ်ကောင်စီလက်ပါးစေတွေဟာ စစ်ဆေးတာတွေပြုလုပ်ပြီးနောက် ဖုန်းထဲ VPN တွေ့ရှိပါက ဖမ်းဆီးကာ ခြိမ်းခြောက်ငွေညှစ်တာတွေကို နေရာအနှံ လုပ်ဆောင်နေတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ကိုယ်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတဲ့ဖုန်းက ကိုယ်မပိုင်ဘူး။ သူတို့က လိုက်စစ်တယ်ဆိုတာ လိုက်စစ်ရုံတင်မဟုတ်ဘူး၊ လက်နက်ပြပြီး မင်းဖုန်းငါ့ပေးစမ်းဆိုလဲ ပေးလိုက်ရတယ်။ ဓားပြထက်ကို ဆိုးတယ်။ တချိုနေရာတွေမှာဆို အိမ်ပေါ်တွေထိ VPN လိုက်စစ်တယ်လိုကြားတယ်။ တချိုနေရာတွေကျ လမ်းကနေ ဖုန်းစစ်ပြီး သူတို့က ဖုန်းကိုကြိုက်လို့ရှိရင် ဒီဖုန်း ငါယူသွားမယ် ကျေနပ်လားဆိုပြီးထိကို စစ်သားတွေက မိုက်ကြေးခွဲကြတာ”လို့ မန္တလေးမြိုနေ ပြည်သူတစ်ဦးက ထပ်မံပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်တွင်းမှာ မေလ ၃၀ ရက်နေ့ကစပြီး facebook အသုံးပြုတာကို ပိတ်ပင်နိုင်ဖို့အတွက် တရုတ်အကူအညီနဲ့ Secure Web Gateway(SWC)တွေဖွင့်ပြီး VPN တွေအားလုံးကို လိုက်လံပိတ်ပင်ခဲ့တာပါ။

အဲ့ဒီလိုပိတ်ပင်တာတွေပြုလုပ်ခဲ့ပေမယ့် အခုအချိန်အထိ သေချာစွာမလုပ်ဆောင်နိုင်တာကြောင့် ပြည်သူတွေရဲ့ ဖုန်းတွေကို လိုက်လံစစ်ဆေးကာ ဖမ်းဆီးခြိမ်းခြောက်ငွေတောင်းရုံတင်မကဘဲ Wifi ကြိုးတွေ လိုက်လံဖြတ်တောက်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို