နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းဒေသထဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေး

ဇွန်လ (၂၇)ရက်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်း‌ဒေသထဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဇွန်လ (၁၆)ရက်နေ့မှာ စာထုတ်ဖိအားပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

PNO ဟာ ပြည်သူ့စစ်သင်တန်း ပထမအသုတ်ကို ဇွန်လ (၂၂)ရက်နေ့က ထီဖောင်ဘုရားတောင်မှာ ပြုလုပ်မှာဖြစ်ပြီး သင်တန်းကာလအနေနဲ့ (၅)ရက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

PNO က သင်တန်းပေးတဲ့ ပြည်သူ့စစ်သင်တန်းပြီးပါက အလှည့်ကျ ရှေ့တန်းထွက်ရမှာဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ထဲမဝင်သူတွေကို အရေးယူကာ စစ်ကောင်စီတပ်ဆီ ပို့မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

“ PNO ရဲ့လုပ်ရပ်က လူမျိုးစုတစ်ခုလုံးကို စစ်ကျွန်ဇာတ်သွင်းနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျွန်မဖြစ်လိုသူတွေ ရုန်းထွက်ကြပါ” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောဆိုထားပါတယ်။

ပြည်သူ့စစ်သင်တန်းတက်မယ့်သူတွေအနေနဲ့ ကိုယ့်စာရိတ် ကိုယ်စီစဉ်ရမှာဖြစ်ပြီး သင်တန်းစရိတ်အနေနဲ့ တအိမ်ကို ငွေကျပ်(၁၀၀၀၀)နှုန်းထည့်ဖို့နဲ့ ဇွန်လ (၂၆)ရက်နေ့ နောက်ဆုံးပို့ဖို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပြည်သူ့စစ်သင်တန်းတက်တဲ့သူတွေကို အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြား သတ်မှတ်ထားကာ ပြည်ပရောက်နေသူတွေအတွက် တစ်ယောက်ကို ငွေကျပ် (၃)သိန်းခွဲထည့်ရမယ်လို့ ရေးသားထားပါတယ်။

လာမယ့် ဒုတိယအကြိမ် ပြည်သူ့စစ်သင်တန်းကို နားဘောင်ဘောလုံးကွင်းမှာ ဖွင့်မယ်လို့ PNO ပြည်သူ့စစ်သင်တန်းဖြစ်မြောက်ရေးကော်မတီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မော်လမြိုင်မှာ အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ထဲ ပါဝင်သူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 1 Views
နိုဝင်ဘာလ (၁၁)ရက်။ မော်လမြိုင်မြို့ရှိ မုပွန်ရဲစခန်းရဲ့ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးသွားသူတွေထဲက ပါဝင်သူတစ်ဦးကို ဖမ်ဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိတ္ထီလာရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 3 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၅၀)မိနစ်အချိန်က မိတ္ထီလာမြို့၊ ရှမ်းတဲကျေးရွာမြောက်ဘက်ရှိ ရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့
မြန်မာသတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာ (၃)ရွာက နေအိမ် (၁၃၀)ကျော်ကို စစ်‌ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူတစ်ဦး မီးရှို့သတ်ဖြတ်ခံရပြီး တစ်ဦးဖမ်းဆီးခံခဲ့ရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ နိုဝင်ဘာလ (၉)ရက်နေ့က ကန့်ဘလူနယ်၊ ဇီးကုန်းတိုက်နယ်ရှိ ကျေးရွာ (၃)ရွာကို အင်အား (၁၂၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့က
မြန်မာသတင်း

ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 8 Views
ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၁၁)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်မှာ ရေစကြိုမြို့ အမှတ်(၇) (၅၀၀)ပြည့်ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

အခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နေပြည်တော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 3 Views
နိုဝင်ဘာလ (၁၁)ရက်။ အခု ၂၀၂၄ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက နေပြည်တော်မှာ လာမယ့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပပြုလုပ်သွားဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က အမ်းမြို့ကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံခဲ့ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ နပခဌာနချုပ်ရှိတဲ့ အမ်းမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ် (၄)စီးနဲ့ လက်နက်ခဲယမ်းလာပို့တာ။ အဲ့ဒီကအပြန်မှာ
မြန်မာသတင်း

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် အောင်မြင်တယ်လို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 6 Views
နိုဝင်ဘာလ (၁၁)ရက်။ (၅)ရက်ကြာ သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် အောင်မြင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံဝန်ကြီးချုပ်အပါအဝင် ယူနန်ပြည်နယ်နဲ့ ချုံချင့်ပြည်နယ်က ပါတီအတွင်းရေးမှူးတွေနဲ့
မြန်မာသတင်း

(၂)လတာထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးတွေအပါအဝင် တပ်သားနဲ့ရဲ (၄၉)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 2 Views
နိုဝင်ဘာလ (၁၁)ရက်။ ပြီးတဲ့တဲ့ စက်တင်ဘာနဲ့ ‌အောက်တိုဘာလထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီး (၄)ဦးအပါအဝင် တပ်သားနဲ့ရဲ (၄၉)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ NUG ရဲ့ ပြည်သူ့ရင်ခွင်