နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ဒီနေ့မှာ ကျရောက်မယ့် ရမခ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီ တရက်အလိုမှာ စစ်ကောင်စီ လားရှိုးကို လက်လွှတ်ဆုံးရှုံး

ဇူလိုင်လ (၂၇) ရက်။

စစ်ကောင်စီ

+++++++

ဒီနေ့ ဇူလိုင်လ (၂၇) ရက်နေ့ဟာ ရှမ်းမြောက်လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ထောင်တာ (၅၂) ပြည့်မြောက်တဲ့နေ့ရက်ဖြစ်ပါတယ်။

ရမခတိုင်းစစ်ဌာနချုပ်ဟာ တရုတ်ဖြူကျူးကျော်မှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့ကို တိုက်ခိုက်ခဲ့ရာမှာ အဓိကကျတဲ့ တိုင်းစစ်ဌာန ချုပ်တစ်ခု ဖြစ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်၊ ဇွန်လမှာ မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ၁၉၇၂ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ ရမခ အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ရမခ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီ တရက်အလို ဇူလိုင်လ (၂၆) ရက်နေ့မှာ စစ်ကောင်စီဟာ လားရှိုးကို လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ခလရ (၄၁)၊ ခမရ (၅၀၇)၊ စအရ (၉၁၂) ဆလရ (၉၅၉) တပ်ခွဲ အင်ဂျင်နီယာတပ်၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာတွေနဲ့ မူးယစ်တပ်ခွဲတို့ကို MNDAA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း MNDAA နဲ့ ညီနောင် ၃ ဖော်က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

လားရှိုးလေဆိပ်၊ လားရှိုးတက္ကသိုလ် အပါအဝင် လားရှိုးတမြို့လုံးကို MNDAA က ထိန်းချုပ်ပြီး ဖြစ်ပါတယ်။

MNDAA

++++++

MNDAA ဘက်ကလည်း လားရှိုးဟာ စစ်ကောင်စီလက်က လုံးဝလွတ်မြောက်သွားပြီ ဖြစ်ကြောင်းနဲ့ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြည်ထောင်စု မြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ (၁) ရဲတပ်ဖွဲ့နဲ့ မြို့နယ်ကာကွယ်ရေးကို MNDAA က ဆက်ခံလိုက်တယ်လို့ ဇူလိုင်လ (၂၅) ရက်နေ့ ရက်စွဲနဲ့ ကြေညာထားပါတယ်။

လားရှိုးဧရိယာစစ်အုပ်ချုပ်ရေးကော်မတီကို တည်ထောင်လည်ပြီး တိုက်ပွဲအပြီး မြို့နယ်အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အခြေအနေများ

+++++++++++++++++++++

၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ အချိန်မှာ ရမခထဲကို MNDAA ခေါင်းဆောင်အချို့ဝင်ရောက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ တိုင်းမှူးကတော့ ရမခထဲမှာ ရှိမနေခဲ့ပါဘူး။ ဒုတိုင်းမှူးက လက်နက်မချဘဲ မြို့ပြင်ကို ဖောက်ထွက်ခဲ့တယ်လို့ သိရပြီး မြို့တော်ခန်းမဘက်မှာ ခံစစ်ထိုင်ခဲ့ပြီး အဲ့ဒီမှာ MNDAA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

လားရှိုးမြို့တော်ခန်းမတိုက်ပွဲ

+++++++++++++++

MNDAA ဘက်က လားရှိုးမြို့တော်ခန်းမကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေအရလည်း သက်သေပြနေပါတယ်။ ခေါင်းမိုးတွေ အကုန်ပေါက်နေပြီး စစ်ကောင်စီဘက်မှာ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ ကောင်းမွန်တဲ့ Jammer မရှိပါဘူး။ MNDAA က တရုတ်နိုင်ငံထုတ် အဆင့်မြင့်တိုက်ခိုက်ရေးဒရုန်းတွေကို သုံးတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်မြေပြင်ဆေးတပ်ရင်းတပ် DSA 44 ဆင်း G1 သေဆုံးပါတယ်။ စစ်ကောင်စီတပ်တွေဟာ MNDAA ရဲ့ ဒရုံတိုက်ခိုက်မှုကို တောင့်ခံနိုင်မှု မရှိလို့ လားရှိုးမြို့တော်ခန်းမကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့တော်ခန်းမမှာ စစ်ကောင်စီ တပ်ဖွဲ့အင်စစ်သုံ့ပန်းတချို့ကို MNDAA ဘက်က ဖမ်းဆီးရရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အပိုင်း (၂) ကို ဆက်လက်တင်ပြသွားပါ့မယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 18 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 21 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 21 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 28 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 186 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊