ဇူလိုင်လ (၂၇)ရက်။
ခလယ်လွီထူခရိုင်ထဲ နေရာအနှံ့ ရေကြီးရေလျှံတာတွေကြောင့် ရေဘေးသင့်ဒေသခံတွေ အရေးပေါ်အူအညီတွေ လိုအပ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခလယ်လွီထူခရိုင်ထဲ မိုးအဆက်မပြတ်ရွာသွန်းတာတို့ကြောင့် ရေကြီးရေလျှံတာတို့ကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခုအချိန်အထိ ကောက်ခံထားရတဲ့ စာရင်းတွေအရ မူးမြို့နယ်ရှိ ကျေးရွာ (၉)ရွာနဲ့ ဆောမြိုနယ်က ကျေးရွာ (၆)ရွာတို့မှာ ရေးကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး လက်ပန်းဆက်သွယ်မှုအခက်အခဲတွေကြောင့် စာရင်းအတိအကျ ကောက်ယူဖို့ ကြန့်ကြာနေတာလို့ ဖော်ပြထားပါတယ်။
ရေကြီးရေလျှံတာတွေကြောင့် ပြည်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာတွေ၊ လမ်းတံတားတွေ၊ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့ကြရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် လယ်ဒိုမြို့နယ်ရှိ လယ်ဝါးကျေးရွာထဲမှာလဲ လေပြင်းမုန်တိုင်းတိုက်ခိုက်တာကြောင့် ပြည်သူပိုင်နေအိမ် အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။