နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုလထဲ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၂၀)ဦး သေဆုံးခဲ့

နိုဝင်ဘာလ (၂၇)ရက်။

နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား (၂၀)ဦးဟာ အမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီး (၉)ဦးတို့ဖြစ်ပြီး အဲ့ဒီသေဆုံးသူတွေထဲ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆)ဦးပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၁၉)ဦးအထိရှိပြီး ကျန်တစ်ဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်ကလဲ တောင်ကုတ်မြို့ သင်္ချီကိုင်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ (၄)ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာလုတဲ့ဖြစ်စဉ် စတင်တဲ့အချိန်ကစပြီး အခုနှစ် နိုဝင်ဘာလ (၂၆)ရက်အထိ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးသူ (၆၀၀၀)နီးပါးရှိလာပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 13 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 18 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့
မြန်မာသတင်း

တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို စစ်တပ်က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 16 Views
‌နိုဝင်ဘာလ (၁)ရက်။ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ကြေညာထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာတဲ့အမိန့်ကို မနေ့ကစပြီး ရက်ပေါင်း (၉၀)အထိ
မြန်မာသတင်း

ရန်ကုန်ရှိ စစ်တပ်ရဲ့ ရွှေပေါက္ကံနယ်မြေရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 14 Views
နိုဝင်ဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန် မြောက်ဥက္ကလာပမြို့ရှိ ‌စစ်တပ်လက်အောက်ခံ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ (၁၇)မိနစ်အချိန်မှာ
မြန်မာသတင်း

ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 11 Views
အောက်တိုဘာလ (၃၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၈)နာရီခန့်က ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၀၀)ကျော်နဲ့ ငါ့သရောက်ရဲစခန်းကနေ အိုရင်းရွာဘက်ကို
မြန်မာသတင်း

ရခိုင်ရှိ မြို့နယ်တွေကို စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး (၃၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 53 Views
အောက်တိုဘာလ (၃၁)ရက်။ ရခိုင်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာကို စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်မြို့ကို ခွေးတိုးပေါက်ကဝင်လာတဲ့ စစ်ကော်မရှင်ကို ‌တိုက်ထုတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 43 Views
အောက်တိုဘာလ (၃၁)ရက်။ မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးတာဝန်ကနေ အနားယူထားတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပကဖက မနေ့က ပြန်လည်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ မိုးကုတ်မြို့ရဲ့ လက်ရှိ စစ်ရေးအခြေအနေကြောင့် စစ်ကော်မရှင်ကို ပြန်လည်ခုခံတွန်းလှန်ဖို့ တော်လှန်ရေးရဲဘော်ဟောင်းတွေကို ပူးပေါင်းတိုက်ခိုက်နိုင်ဖို့အတွက် ဖိတ်ခေါ်တာလို့
မြန်မာသတင်း

အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့် စစ်တပ် ကန့်သတ်ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 37 Views
အောက်တိုဘာလ (၃၁)ရက်။ ပြည်တွင်းရှိ အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ ယုန်လေးက မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အနုပညာရှင်တွေ နိုင်ငံရပ်ခြားထွက်ရင် ကြိုအကြောင်းကြားပြီးမှ သွားလို့ရပါတော့မယ်။ ဒီနေ့တဖွဲ့ လှည့်ပြန်လာခဲ့ရပါတယ်။