နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးနှင့် လက်ဘနွန်တို့က ဟစ်ဇ်ဘိုလာနှင့် ပဋိပက္ခအဆုံးသတ်ရေး သဘောတူညီချက်ကို လက်ခံခဲ့သည်။

နိုဝင်ဘာလ (၂၇) ရက်။

အစ္စရေး လုံခြုံရေး ဝန်ကြီးအဖွဲ့သည် လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အင်္ဂါနေ့တွင် အတည်ပြုခဲ့ပြီး ဟစ်ဇ်ဘိုလာနှင့် နယ်စပ်ဖြတ်ကျော် တိုက်ပွဲများ တစ်နှစ်ကျော်ကြာ ဖြစ်ပွားပြီးနောက် တလအကြာ အလုံးစုံ စစ်ပွဲအသွင် ကူး‌ပြောင်းလာကာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် စစ်ပြီးဆုံးသွားဖွယ်ရှိသည်။

ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုက ကြိုတင်အသံဖမ်း‌ ပြောကြားထားသည့် ထုတ်ပြန်ချက်တွင် ဟစ်ဘိုလာနှင့် ယခုလို အပစ်အခတ်ရပ်စဲရေးကို လုပ်ရန်လိုလားသည့် အဓိက အကြောင်းအရင်း (၃) ခုရှိကြောင်း၊ အီရန်၏ ခြိမ်းခြောက်မှုကို အာရုံစိုက်ရန်၊ အစ္စရေးတပ်များအား အသက်ကို အနားပေး အပန်းဖြေစေရန်နှင့် ဟားမတ်စ်ကို ဖိအားများ တိုးမြှင့်ပေးရန်တို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိနှင့် ပါလီမန်အမတ် ဟာဆန် ဖက်ဒါလာဟ်(Hassan Fadlallah) က ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် သူတို့အဖွဲ့သည် အစ္စရေးနှင့် စစ်ပွဲပြီးဆုံးပြီးနောက် ဆက်လက် လှုပ်ရှားလုပ်ဆောင်နေဦးမည် ဖြစ်ကြောင်း ထိုအလုပ်များထဲတွင် အိုးမဲ့အိမ်မဲ့ လက်ဘနွန် ပြည်သူများအား ၎င်းတို့၏ကျေးရွာများသို့ ပြန်လည် ပို့ဆောင်ရေးနှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေရာများကို ပြန်လည်တည်ဆောက်ရေးတို့ ပါဝင်သည်။

အချက်အလက်များ

သဘောတူညီချက်မရသေးမီ- အစ္စရေးစစ်တပ်က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးများကို လွန်ခဲ့သည့် နှစ်လကျော်က စစ်ပွဲစတင်ကတည်းက ဗုံးကြဲတိုက်ခိုက်မှုများထဲမှ အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတခုအဖြစ် လက်ဘနွန်မြို့တော်အနီးတွင် အင်္ဂါနေ့တွင် နှစ်မိနစ်အတွင်း အကြိမ် ၂၀ ဗုံးကြဲခဲ့သည်။ CNN ၏ကျန်းမာရေး ၀ န်ကြီးဌာန၏ ကိန်းဂဏန်းများအရ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့သည်။

တနင်္လာနေ့တွင် လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း နောက်ထပ် လူ ၅၅ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဘိုင်ဒင်က သဘောတူညီချက် အသေးစိတ်ကို ကမ်းလှမ်းခဲ့သည်- အစ္စရေး ၀န်ကြီးချုပ်ရုံးက နေတန်ယာဟုသည် သမ္မတ ဂျိုးဘိုင်ဒင်နှင့် စကားပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်ပတ်သက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော်မှ ပြောကြားရာတွင် ဘိုင်ဒင်သည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိတ် အချက်အလတ်အချို့ကို ချပြပေးခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ လက်ဘနွန်စစ်တပ်သည် ၎င်း၏ပိုင်နက်နယ်မြေကို တစ်ဖန်ပြန်လည် သိမ်းပိုက်ရယူမည်ဖြစ်သည်။

သဘောတူညီချက်သည် ဗုဒ္ဓဟူးနေ့၊ ဒေသစံတော်ချိန် နံနက် ၄ နာရီတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး၊ အရှေ့ပိုင်းအချိန်အင်္ဂါနေ့ ည ၉ နာရီဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် 1701 ကို လိုက်နာခြင်းဖြင့် ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးသည် သက်တမ်း ၁၈ နှစ်ရှိ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး၏ အခြေခံအဖြစ် ဖန်တီးနိုင်မည်ဟု မျှော်လင့်ထားသည်။ ဆုံးဖြတ်ချက်တွင် အစ္စရေးသည် ၎င်း၏တပ်ဖွဲ့အားလုံးကို လက်ဘနွန်တောင်ပိုင်းမှ ဆုတ်ခွာရမည်ဖြစ်ပြီး လစ်တာနီ မြစ်တောင်ဘက်ရှိ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့များသည် လက်ဘနွန်စစ်တပ်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များဖြစ်သင့်သည်ဟု ပြဋ္ဌာန်းထားသည်။

သဘောတူညီချက်နှင့်ပတ်သက်သည့်တုံ့ပြန်မှုများ

သဘောတူညီချက်သည် “တည်မြဲသော တည်ငြိမ်မှုကို ပြန်လည်ရရှိရန် အခြေအနေများ ဖန်တီးပေးလိမ့်မည်” ဟု အမေရိကန်နှင့် ပြင်သစ်တို့က ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန် (Ursula von der Leyen) နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) တို့ကလည်း အဆိုပါသဘောတူညီချက်ကို ကြိုဆိုခဲ့ကြသည်။

ဂါဇာကမ်းမြောင်ဒေသမှာ ဘာတွေဖြစ်မလဲ။

ဘိုင်ဒင်အစိုးရက သဘောတူညီချက်ဟာ “ဂိမ်းပြောင်းလဲမှု” ဖြစ်ဖို့ အလားအလာရှိတယ်လို့ ယုံကြည်နေပြီး ဟားမတ်စ်တွေကို အစ္စရေးနဲ့ ညှိနှိုင်းရာမှာ အမေရိကန်က ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အာမခံချက်ပေးဖို့ တွန်းအားပေးမှုကို အသစ်ပြန်စလိုက်တာကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်၍ ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် သေဆုံးသူ ၄၄,၂၄၉ ဦးအထိ မြင့်တက်လာပြီး ၁၀၄,၇၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြှောင်၏ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော