နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို ပြန်တိုက်မည်ဟု ပအိုဝ်းတပ် PNLA ကြေညာ၊ စစ်ကောင်စီဘက်ကလည်း ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကို ရှောင်ရှားဖို့ သတိပေး

ဇန်နဝါရီလ (၂၈) ရက်။

ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်တဲ့အထိ ညီနောင်မဟာမိတ်များနဲ့အတူ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ကြေညာလိုက်ပြီး စစ်ကောင်စီဩဇာခံ ပအိုဝ်းပြည်သူ့စစ်တွေကိုလည်း ဘက်ပြောင်းခိုလှုံရန် တိုက်တွန်းထားပါတယ်။

ဇန်နဝါရီလ (၂၀) ရက်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူးရွာအနီးတွင် PNLO/PNLA ရဲ့ လက်နက်ယာဉ်တန်းကို PNO ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်တပ်က ဖမ်းဆီးခဲ့ရာမှ စတင်ပြီး တိုက်ပွဲဖြစ်ခဲ့ရာကနေ ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ၈ နှစ်တိုင်တိုင် ပါဝင်ခဲ့ပေမယ့် အာမခံချက်ရှိတဲ့နိုင်ငံရေးရလဒ် မရခဲ့ဘူးလို့လည်း PNLO ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဘက်ကလည်း ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကို ရှောင်ရှားဖို့ NCA လက်မှတ်ထိုးထားတဲ့ PNLO အဖွဲ့ကို စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) က ဇန်နဝါရီ ၂၇ ရက်သတိပေးထုတ်ပြန်ထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) က ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို သတိပေးကာ သဘောထားထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြိုနယ်၊ စံဖူးကျေးရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲချုပ် (PNLO) ယူနီဖောင်းဝတ်ဆင်သူများ သယ်ဆောင်လာသော တရားမဝင်လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PNLO အနေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာဟာ NCA ပါသဘောတူညီချက်တွေကို ဆန့်ကျင်တာလို့ ဆိုထားပြီး ဒေသတည်ငြိမ်းရေးကို ထိခိုက်စေတဲ့အတွက် အလေးထားလိုက်နာဖို့ ဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားဖို့ စစ်ကောင်စီဘက်က သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 67 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 53 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို