နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးသူ (၁၈၇)ဦးအထိရှိခဲ့

မေလ (၂၈)ရက်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲကာလ (၆)လကျော်ထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးသူ (၁၈၇)ဦးအထိရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ကစပြီး ၂၀၂၄ခုနှစ် မေလ (၂၀)ရက်နေ့အထိ ရခိုင်မှာ စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ရခိုင်ဒေသထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းဟာ (၃၈၀)ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ တကျော့ပြန်တိုက်ပွဲကာလထဲ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူဦးရေဟာ (၁၄၈)ဦးရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ AA က ပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် AA ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ စစ်ဘေးရှောင် (၅)သိန်းကျော်အထိရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေပေးကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 3 Views
‌နိုဝင်ဘာလ (၂)ရက်။ ဇူလိုင်လကစပြီး အောက်တိုဘာလအထိ ကိုးကန့်ရဲ့ အထူးဒေသ(၁)ထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၅၀)ကျော်အထိရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 7 Views
နိုဝင်ဘာလ (၁)ရက်။ ဒီကနေ့ နံနက် (၃)နာရီခွဲဝန်းကျင်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ စစ်ကောင်စီရဲ့ နပခ ဒုတိုင်းမှူးနဲ့ အရာရှိအချို့လိုက်ပါတဲ့ ရဟတ်ယာဉ်တစ်စီးကို AA ပစ်ချခဲ့တယ်လို့ သတင်းထွက်ပေါ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 98 Views
အောက်တိုဘာလ (၃၁)ရက်။ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီခွဲကျော်အချိန်က အမ်းမြို့မှာ စစ်ကောင်စီရဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော်(AA)က ပစ်ချခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ ‌(၂၈)ရက်နေ့ နေ့လယ် (၃)နာရီ (၄၀)မိနစ်က
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 103 Views
စစ်ကောင်စီဘက်က (၁၀)ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့‌ အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်က အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းမှာ
1027 Operations မြန်မာသတင်း

လားရှိုးမြို့က လူနေရပ်ကွက်ထဲ စစ်ကောင်စီက ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 11 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့ လားရှိုးမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၂)နာရီလောက်နဲ့ နေ့လယ် (၂)နာရီခွဲလောက်မှာ လားရှိုးက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့အခြေစိုက် နပခဌာနချုပ်ကို AA အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 19 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့မှာ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ မနေ့ အောက်တိုဘာလ (၂၈)ရက်မှာ နပခလက်အောက်ရှိ စစ်ကောင်စီရဲ့ ခမရ (၃၇၁)၊ (၃၇၂)၊ (၃၇၃)အပြင်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)အပါအဝင် ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ (၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 16 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က ည (၈)နာရီဝန်းကျင်ခန့်မှာ နောင်ချိုမြို့ရှိ လူနေရပ်ကွက်ကို စစ်ကောင်စီက ပေါင် (၃၀၀) ဗုံး(၂)လုံးအပါအဝင် ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း တစ်နှစ်ပြည့်တဲ့နေ့ စစ်ကောင်စီက လောက်ကိုင်မြို့ကို ဗုံးတွေကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 12 Views
အောက်တိုဘာလ (၂၇)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီ (၂၀)မိနစ်အချိန်က အထူးဒေသ(၁)ရဲ့ မြို့တော် လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အာဏာသိမ်းတပ်က ‌နံနက်