ဇွန်လ (၂၈)ရက်။
မနေ့က နံနက်(၈)နာရီခွဲအချိန်မှာ အုတ်ဖိုမြို့ရှိ ထန်းပင်ကုန်းရွာမှာ စစ်ကောင်စီသတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Black Dragon(GBK PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ စစ်ကောင်စီသတင်းပေးဟာ ထန်းပင်ကုန်းကျေးရွာမှာနေထိုင်တဲ့ အသက်(၄၀)နှစ်အရွယ်ရှိ မြင့်နိုင်ဦးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
မြင်နိုင်ဦးဟာ စစ်ကောင်စီဒေါက်တိုင်တစ်ဦးဖြစ်ပြီး PDF တွေရဲ့ သတင်းတွေကို စုံစမ်းသတင်းပေးပို့တာနဲ့ ပြည်သူတွေကို မမှန်သတင်းပေး ဖမ်းဆီးခိုင်းတာတွေကြောင့် ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီသတင်းပေး မြင့်နိုင်ဦးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၆)၊ Black Dragon(GBK PDF)က သုတ်သင်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။


