နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

သပိတ်မှောက်ကံဆောင်ဖို့ လှုံ့ဆော်သူတွေကို ဆက်သွယ်ရေးဥပဒေနဲ့အရေးယူမယ်ဆိုပြီး စစ်ကောင်စီပြော

ဇွန်လ (၂၈)ရက်။

ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ်နဲ့ဆက်စပ်ပြီး သပိတ်မှောက်ကံဆောင်ဖို့ လှုံ့ဆော်သူတွေကို ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဘာသာသာသနာကို စော်ကားဖို့အကြံနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ဘာသာရေးဆိုင်ရာပုဒ်မတွေနဲ့ ငြိစွန်းပါတယ်။ နောက်ပြီး အွန်လိုင်းပေါ်တင်ပြီး ပြောဆိုနေတဲ့အတွက် ဆက်သွယ်ရေးဥပဒေတွေနဲ့ ငြိစွန်းပါတယ်။ ဒါ့ကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်” လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီကို သပိတ်မှောက် ကံဆောင်တာတွေနဲ့ပတ်သက်ပြီး စစ်လော်ဘီချန်နယ်တွေက မေးမြန်းခဲ့တာကို စစ်ကောင်စီဘက်က ဖြေဆိုခဲ့တာလို့ ဖော်ပြထားပါတယ်။

သပိတ်မှောက်ကံဆောင်ဖို့ လှုံ့ဆော်တာတွေဟာ ဘာသာရေးဆိုင်ရာပြစ်မှုတွေဖြစ်တဲ့ ပုဒ်မ၂၉၅(က)၊ ၂၉၈တို့နဲ့ ငြိမ်စွန်းကာ အွန်လိုင်းပေါ်မှာပြောဆိုဟောပြောတာက ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ ငြိစွန်းတယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောဆိုခဲ့ပါတယ်။

ငါန်းဇွန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တာကို စစ်ကောင်စီဘက်က ဝန်ခံထားသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလဲ တောင်းပန်လွှာပေးပို့ခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် သတ်ဖြတ်ခံရတဲ့အပေါ် စစ်ကောင်စီကို သာသာရေးအရ ဆက်ဆံတာမပြုလုပ်ဘဲ သပိတ်မှောက် ကံဆောင်ဖို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက တိုက်တွန်းထားပါတယ်။

ဒါ့ပြင် သံဃာနဲ့ ပြည်သူတွေကို မတရားသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန-သပိတ်မှောက်ကံဆောင်ဖို့ကို စစ်ကိုင်းအပါအဝင် မြို့နယ်အများအပြားက သံဃာတော်တွေက လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်ရှိတဲ့အပေါ် SCEF ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 18 Views
ဧပြီလ (၂၂)ရက်။ သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)က ဒီကနေ့မှာ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သမ္မတအနေနဲ့
မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 26 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One Piece Movement က မနေ့က စတင်လိုက်တယ်လို့ သိရပါတယ်။ “ အမေ့အတွက်
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 25 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 32 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 31 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့