နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

သရက်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး အချိန်မီဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့ရ

ဇူလိုင်လ (၂၈)ရက်။

မနေ့က နံနက်အစောပိုင်းအချိန်မှာ သရက်အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသား ကိုညီညီဟာ အချိန်နဲ့တပြေးညီ ဆေးကုသခွင့်မရတဲ့အတွက် ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အချိန်နဲ့တပြေးညီ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုညီညီဟာ အသက် (၃၉)နှစ်အရွယ်ရှိပြီး အကြမ်းဖက်ပုဒ်မ ၅၁(က)/၅၁(ဂ)တို့နဲ့ မတရားအပြစ်ပေးခံထားရတာလို့ ဆိုပါတယ်။

ကိုညီညီဟာ ဇူလိုင်လ (၂၆)ရက်နေ့ ညနေခင်းအချိန်က သွေးတိုးရောဂါ ခံစားရတာကြောင့် အရေးပေါ်ဆေးဝါးကုသခွင့်ပေးဖို့ ထောင်တာ၀န်ခံတွေကို နိုင်ငံရေးအကျဉ်းသားတွေက အကူအညီတောင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကူအညီတောင်းခံခဲ့ပြီး တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီး၀န်ထမ်းတွေက အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ပို့ဆောင်ခဲ့ပြီး စစ်ဆေးခိုင်းခဲ့ရာ သွေးပေါင်ချိန် အပေါ်သွေး (၂၄၀)နဲ့‌ အောက်သွေး (၁၄၀)ထိရှိခဲ့တာကို တွေ့ရတယ်လို့ ရေးသားထားပါတယ်။

အခုလို သွေးပေါင်ချိန် အရမ်းတက်နေချိန် ပြင်ပဆေးရုံကို အချိန်နဲ့တပြေးညီပို့ဆောင်ပြီး လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်တာတွေ ပေးရမှာဖြစ်ပေမယ့် ညအချိန်ဖြစ်တာကို အကြောင်းပြပြီး အပြင်ခေါ်ထုတ်ချိန်က တစ်နာရီခွဲကျော်ကြာမြင့်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

လာ‌ရောက်ကြည့်ရှုချိန်နဲ့ ပြင်ပသို့ခေါ်ဆောင်ချိန် နောက်ကျတဲ့အတွက် ကိုညီညီဟာ ကျဆုံးခဲ့တာဖြစ်ပြီး သရက်ထောင်မှာ ထောင်ဆရာဝန် ငြိမ်းချမ်းကျော် တာဝန်ထမ်းဆောင်နေသလို အဆောင်မှူး နိုင်လင်းအုပ်ချုပ်ပြီး ထောင်ပိုင် ညွန့်ဘိုဝင်းက ဦးဆောင်ကွပ်ကဲနေတာလို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုညီညီရဲ့ ထောင်ထဲ အချိန်နဲ့တပြေးညီ ဆေးဝါးကုသစောင့်ရှောက်ခွင့်မရတာကြောင့် ကျဆုံးခဲ့ရတဲ့အပေါ် ပြည်သူ့အစိုးရတက်လာချိန်မှာ တာ၀န်ရှိသူတွေအနေနဲ့ တာဝန်ခံရမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို