နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံအကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်ပြီး နိုင်ငံအနာဂတ်ကို ဖျက်ဆီးနေကြတာလို့ စစ်ခေါင်းဆောင်ပြော

ဩဂုတ်လ (၂၈)ရက်။

နိုင်ငံအကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်ပြီး နိုင်ငံအနာဂတ်ကို ဖျက်ဆီးနေကြတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေးပညာရေးဒီဂရီကောလိပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ မနေ့က စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုင်ငံရေးအရ အရေးပေါ်အခြေအနေဖြစ်ပေါ်တာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ပြီး ‌ဖြေရှင်းတာတွေဟာ နိုင်ငံထဲ ပညာတတ်တွေ နည်းပါးတာကြောင့်လို့ သူက ဆိုပါတယ်။

မန္တလေးပညာရေးဒီဂရီကောလိပ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲမသမာတာတွေကြောင့် အရေးပေါ်အခြေအနေကြေညာပြီး တာ၀န်ယူခဲ့ရတာတွေနဲ့ ကိုဗစ်ကာလမှာလဲ NLD အစိုးရက မထိန်းချုပ်နိုင်ခဲ့တာ‌ကြောင့် စစ်တပ်က ကူညီခဲ့ရတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

“မင်းအောင်လှိုင်သာ နိုင်ငံအကျိုးကို တကယ်ကြည့်ခဲ့မယ်ဆိုရင် အခုလိုအခြေအနေတွေက ဖြစ်လာစရာအကြောင်းမရှိဘူး၊ မဟုတ်တဲ့အကြောင်းပြချက်တွေနဲ့ သူတို့အကျိုးအတွက် အာဏာရှင်လုပ်ပြီး နိုင်ငံအာဏာကို အဓမ္မသိမ်းယူတာကြောင့် အခုလိုအခြေအနေဖြစ်လာတာ။ အခုလို အဘက်ဘက်က ရှုံးနိမ့်တော့မှ စကားတွေကို တောင်ပြောမြောက်ပြော ပြောနေတာ။ အဓိကတရားခံဖြစ်တဲ့ အာဏာရှင် မင်းအောင်လှိုင်ကို အမြစ်ပြတ်ချေမှုန်းမှပဲ နိုင်ငံက တိုးတက်မှာ”လို့ မန္တလေးမြို့နေသူတစ်ဦးက ဆိုပါတယ်။

နောက်ပြီး စစ်တပ်က မတရားအာဏာသိမ်းတဲ့အပေါ် ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ပြည်သူတွေကို ဆူပူအကြမ်းဖက်တာလို့ မင်းအောင်လှိုင်က ပြောဆိုခဲ့သလို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူ‌ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းတဲ့ ဖြစ်စဉ်အမှန်ကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။

အခုနွေဦးတော်လှန်ရေးကာလထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း (၅၅၇၀)ဦးရှိခဲ့ပြီလို့ AAPP က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 79 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 72 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 65 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 62 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 67 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို