ဩဂုတ်လ (၂၈)ရက်။
မနေ့က ည (၈)နာရီအချိန်မှာ ကြို့ပင်ကောက်မြို့နယ်က ပြည်သူတွေကို ပေါ်တာဆွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ပေါ်တာဆွဲဖို့ ပြင်ဆင်နေတဲ့အတွက် သာယာ၀တီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၆) Black Dragon GBK-PDF က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာ မိနစ် (၃၀)ခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့ပြီး စခန်းပေါက်၀က စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦး ကျည်ထိမှန်ကာ လဲကျသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အရေအတွက်ကို သိရဖို့ စုံစမ်းအတည်ပြုနေတယ်လို့ ပြောဆိုထားပါတယ်။
အခုလို ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံး၀(လုံး၀)မလုပ်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။