နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ထုတ်ပြန်

စက်တင်ဘာလ (၂၈)ရက်။

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုဖြစ်စေမယ့် နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တာကို လူထုပေါင်းစုံက တက်ညီလက်ညီ ဆန့်ကျင်ကြတာကြောင့် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေဟာ တရားမ၀င်တော့တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာလဲ သက်ရောက်တာမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တရားမ၀င် အာဏာသိမ်းစစ်တပ်က နိုင်ငံရေးထွက်ပေါက်ရှာလိုပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းလာတာနဲ့ အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းတာ စတဲ့အချက်တွေပါ၀င်တဲ့ ထုတ်ပြန်ချက်ကို ပြုလုပ်လာတာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် Karenni-IEC အနေနဲ့ တရားမ၀င်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်တာကို လက်ခံညှိနှိုင်းမှာမဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ဖို့ ကြိုးပမ်းမှာဖြစ်သလို ကရင်နီပြည်ထဲ မတရားလုပ်ဆောင်တာတွေကို တားမြစ်သွားမယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်ထဲ သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲပြုလုပ်မယ့်အကြောင်းနဲ့ လက်နက်စွန့်ပြီး ပါတီထောင်ကာ ရွေးကောက်ပွဲ၀င်ဖို့ ပြောဆိုထားတာပါ။

စစ်ကောင်စီထုတ်ပြန်တဲ့ ဖိတ်ခေါ်ချက်ထဲ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေလို့ ပြောဆိုသုံးနှုန်းထားသလို အကြမ်းဖက်သောင်းကျန်းသူတွေဆိုပြီး ရေးသားထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ အခုလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူ (၁၆)ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထားဝယ်မြို့အဝင် ကမြောကင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၇)ဦးထက်မနည်းသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ မနေ့က ည(၇)နာရီခန့်မှာ ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က တောင်သာမြို့ရှိ ရွာတန်းရှည်ရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာထံက သိရပါတယ်။ “ ဒီကနေ့ နံနက်(၁)နာရီခွဲလောက်က ရွာတန်းရှည်ရွာအနီးကို စက်တပ်လေထီးနဲ့ ဗုံးသီးချတာ (၃)နှစ်ကလေးနဲ့ အမျိုးသားတစ်ဦး
မြန်မာသတင်း

ဆိပ်ဖြူမြို့ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၅၀)မိနစ်အချိန်က ဆိပ်ဖြူမြို့ တညောင်လမ်းပိုင်းတနေရာမှာ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Caf-Spupdf ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကပစ(၂၁)က
1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး
မြန်မာသတင်း

နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်တာနဲ့ လောင်းကစားတွေ နှိမ်နင်းဖို့ စစ်ကောင်စီ အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ မနေ့က နေပြည်တော်မှာ နယ်စပ်ဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်တာနဲ့ လောင်းကစားတွေကို တားဆီးနှိမ်နင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးတရပ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ရာပြည့်အပါအဝင် ဗဟိုကော်မတီဝင်တွေ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီက ဥက္ကဋ္ဌတွေ၊
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးယူပြီး လူစားထိုးတဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် (၃)ဦး ဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 7 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ လူစားထိုးပေးမယ်ဆိုပြီး ငွေကြေးယူခဲ့တဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်အပါအဝင် (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက်ထဲ မြို့နယ်အုပ်ချုပ်ရေးမှူး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီတိုင်းထဲက စစ်ကောင်စီစခန်းအချို့ကို သိမ်းပိုက်ပြီး ချီတက်လာတဲ့ AA 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ပြီး ရခိုင်-ဧရာဝတီအစပ်ကို ချီတက်လာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သတင်းဓါတ်ပုံကို AA က မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်က ဧရာဝတီတိုင်းထဲရှိ ပွိုင့်(၃၆၉)စခန်းနဲ့