နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မှာ စစ်ကောင်စီတပ်ရင်းနဲ့ တိုက်ပွဲထဲ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

နိုဝင်ဘာလ (၂၈)ရက်။

နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ခလရ(၈၀)တပ်ရင်းဟာ စစ်ကောင်စီရဲ့ တပ်မ(၆၆)လက်အောက်ခံဖြစ်ပြီး စစ်သုံ့ပန်း (၅)ဦး ဖမ်းမိခဲ့သလို သေနတ် (၂၂)လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲထဲ KNDF အပါအဝင် ကလလတ၊ PNDF နဲ့ Loikaw Local PDF တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့အပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီဘက်က ထိုးစစ်တွေရှိလာပြီး ကရင်နီပြည်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ရဲဘော်ရဲဘက်တွေအနေနဲ့ အတူတကွ တော်လှန်တိုက်ခိုက်ကာ အောင်မြင်မှု‌တွေ ဆက်ယူကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းဟာ ပဲခူးတိုင်း၊ အင်းမမြို့အခြေစိုက်တပ်ရင်းဖြစ်ကာ တပ်မ(၆၆)လက်အောက်ခံတပ်ရင်းတွေဟာ ကရင်နီဒေသထဲ တပ်ရင်းလိုက် သေဆုံးတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 51 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့