နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ဦးမြို့ ငါးသရောက်ရွာရှိ စစ်ကောင်စီရုံးတွေ မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာလ (၂၈)ရက်။

နိုဝင်ဘာလ (၂၅)ရက်နေ့က ညောင်ဦးမြို့နယ်၊ ငါးသရောက်ရွာက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ကောင်စီထောက်တိုင်ရုံးတွေဟာ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်ကြားရေးရုံးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီထောက်တိုင်တွေအပါအဝင် ပတ်စက်ဆက်နွယ်သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။

အခုအခါ စစ်ဆင်ရေးအရှိန် မြင့်တက်လာတဲ့အတွက် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို ခွင့်ပြုမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။

စစ်ကောင်စီရုံးတွေကို ညောင်ဦးခရိုင် အမှတ်(၅)တပ်ရင်း၊ ညောင်ဦးမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပကဖ၊ 21 Bagan၊ မြင်းခြံခရိုင်တပ်ရင်း(၃)နဲ့ Popa Guerilla Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အခုလို ငါးသရောက်ရွာက စစ်ကောင်စီထောက်တိုင်ရုံးတွေ မီးရှို့ခံရတာကို စစ်ဘော်ဘီချန်နယ်တွေကလဲ ပြောဆိုထားပြီး ဝန်ထမ်းအိမ်ယာလိုင်းခန်းနဲ့ အဆောက်အဦးအချို့အပါအဝင် ရုံးသုံးပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နံနက် (၆)နာရီကျော်အချိန်က စစ်ကောင်စီရဲ့ ငါးသရောက်နယ်မြေရဲစခန်းကို PDF အင်အား (၂၀)ခန့်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 17 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 14 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 16 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့