နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ယီမင်နိုင်ငံ ဆာနာလေဆိပ်ကို အစ္စရေး တိုက်ခိုက်ခဲ့စဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဒါရိုက်တာသည် ယင်းလေးဆိပ်တွင် ရောက်ရှိနေ

ဒီဇင်ဘာလ (၂၇) ရက်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဒါရိုက်တာသည် ဒီဇင်ဘာလ (၂၆) ရက် ကြာသပတေးနေ့တွင် အစ္စရေး တိုက်ခိုက်ခဲ့သည့် ယီမင်နိုင်ငံ ဆာနာလေဆိပ်တွင် ၎င်း ရောက်ရှိနေကြောင်း အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဆန်နာလေဆိပ်ကနေ လေယာဉ်ပေါ်တက်ခါနီး နှစ်နာရီကျော်လောက်အလိုမှာ ဆန်နာလေဆိပ်ကို လေကြောင်းကနေ ဗုံးကြဲခံရတယ်။ ကျွန်တော်တို့ရဲ့ လေယာဉ်အမှုထမ်းတွေထဲက တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း တက်ဒရို့စ် အက်ဟာနွမ် ဂေဘရီယီဆက်စ် (Tedros Adhanom Ghebreyesus) က လူမှုကွန်ရက်စာမျက်နှာ X တွင် ပြောကြားခဲ့သည်။

“လေဆိပ်မှာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။” ဟု ၎င်းက ပြောခဲ့သည်။ နောက်ဆုံးအခြေအနေအရ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

တက်ဒရို့စ်သည် ယီမင်တွင် ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂ ဝန်ထမ်းများ လွတ်မြောက်ရေး နှင့် စစ်ဘေးသင့် နိုင်ငံ၏ ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေများကို အကဲဖြတ်ရန် မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယီမင်တွင် ရောက်ရှိနေခြင်းဖြစ်သည်။

မစ်ရှင်သည် ယနေ့တွင် ပြီးဆုံးခဲ့ပြီး “ ဖမ်းဆီးခံထားရသူတွေကို ချက်ခြင်းပြန်လွှတ်ပေးရန် ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါသည်” ဟု ၎င်းက ပြောသည်။

တက်ဒရို့စ်သည် အစ္စရေးက တိုက်ခိုက်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် “ပင်လယ်နီဆိပ်ကမ်းများနှင့် ဆာနာလေဆိပ်တွင် လူသန်းပေါင်းများစွာ အသက်ကယ်အကူအညီ လိုအပ်နေချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေကြောင်း သတိပေးခဲ့သည်။ ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”