နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

ဇန်နဝါရီလ (၂၉) ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း- ခမရ (၃၅၅ ) တွင် ဒီကနေ့ ဇန်နဝါရီလ (၂၉) ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ကရင်ဒေသတွင်းသတင်းရင်းမြစ် KIC မှာ ဖော်ပြထားပါတယ်။

တပ်ချိန်းဖို့လာတဲ့ အဲ့ဒီရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်လိုက်ရာ လေယာဉ်မှူးကို ထိမှန်သွားတဲ့အတွက် အခုလို ရဟတ်ယာဉ်ပျက်ကျပြီး ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီရဟတ်ယာဉ်ဟာ ခမရ ၃၅၅/၃၅၆ တပ်ရင်း ၂ ခု နေရာ အကြား တောအုပ်အတွင်း ပျက်ကျကြောင်း သိရပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ သိ

ရပါတယ်။

ဓာတ်ပုံ။

KIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေ တိုးမွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 8 Views
အောက်တိုဘာလ (၁၇)ရက်။ တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေကို တိုးမြှင့်မွေးမြူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန်
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို AA ထိုးစစ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 8 Views
အောက်တိုဘာလ (၁၇)ရက်။ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နမ္မတူရှိ စာသင်ကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 11 Views
အောက်တိုဘာလ (၁၇)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နမ္မတူမြို့ရှိ အထက(၁)ကျောင်းအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၈)နာရီ (၂၈)မိနစ်လောက်မှာ အထက(၁)ကျောင်းဝန်းကျင်က ပြည်သူတွေကို ဦးတည်ပြီး
မြန်မာသတင်း

စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး KNLA ထံ အလင်းဝင်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 12 Views
အောက်တိုဘာလ (၁၇)ရက်။ စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး အလင်းဝင်လာတယ်လို့ KNU ရဲ့ ဒီကနေ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းတပ်သား (၇)ဦးဟာ အောက်တိုဘာလ (၁၅)ရက်နေ့က လယ်ဒိုမြို့ရှိ KNLA တပ်ရင်း (၉)ထံ
မြန်မာသတင်း

ရွေးကောက်ပွဲကို ရာနှုန်းပြည့် မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 41 Views
အောက်တိုဘာလ (၁၆)ရက်။ အကြောင်းအမျိုးမျိုးကြောင့် ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ပထမအကြိမ်မှာ (၁၀၂)မြို့နယ်နဲ့ ဒုတိယအကြိမ်မှာ မြို့နယ်(၁၀၀)
မြန်မာသတင်း

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 36 Views
တော်လှန်ရေးရဲဘော်တွေအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆို အောက်တိုဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၃)နာရီခန့်က ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်(CNA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်း (၃)နာရီလောက်ကစဖြစ်တာ။
မြန်မာသတင်း

လက်ပံတန်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၅)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 22 Views
အောက်တိုဘာလ (၁၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန် လက်ပံတန်းမြို့ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သရက်ချောင်းရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ RCSS ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 27 Views
အောက်တိုဘာလ (၁၆)ရက်။ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ RCSS ရဲ့ ထုတ်ပြန်ချက်ထဲ NCA (၁၀)နှစ်တာကုလထဲ အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိခဲ့တာကြောင့် ရည်မှန်းထားတဲ့အတိုင်း