နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့မဈေးအနီး စစ်ကောင်စီရဲ့လက်နက်ကြီး ကျည်ကျပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

ဖေဖော်ဝါရီလ (၂၉)ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးအနီး ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျကာ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ဒီမနက် (၈)နာရီခွဲလောက် စကစဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးက စစ်တွေမြို့မဈေး ကိုရီးယားဆိပ်ကမ်းပျံကျတန်းကို ကျတာ။ လူထိတာတွေရှိခဲ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်တွေမြို့မဈေးအနီးက ကိုရီးယားဆိပ်ကမ်းပျံကျဈေးကို ကျရောက်ခဲ့တာကြောင့် လူ (၇)ဦးသေဆုံးကာ (၃၀)ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ရေးသားထားပါတယ်။

“ သတင်းကတော့ မှန်တယ်၊ ကြားကြားချင်း စိတ်ပူတာနဲ့ အိမ်ကလူတွေကို ဖုန်းဆက်မေးလိုက်တာ၊ သေဆုံး ဒဏ်ရာရတာတွေရှိတယ်ပြောတယ်၊ တမင်ပစ်တာလား မတော်တဆကျတာလားဆိုတာတော့ ပစ်တဲ့သူပဲသိမှာ” လို့ ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးဟာ ပျံကျဈေးရှိ ရန်ပြေမာန်ပြေဘုရား အနောက်ဘက်က ဦးမောင်မောင်သန်း ပွဲရုံကို ကျရောက်ခဲ့တာကြောင့် ပွဲရုံပိုင်ရှင်လဲ သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဈေးထဲ ကျရောက်ခဲ့တဲ့အချိန်ဟာ လူအများအပြားရှိနေတဲ့အချိန်ဖြစ်တာကြောင့် အခုလို ထိခိုက်သေဆုံးတာတွေ များပြားခဲ့တာလို့ ဆိုပါတယ်။

အခုလို ဈေးထဲ လက်နက်ကြီးကျည် ကျရောက်ခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားမျိုးမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 4 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့