နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းမြောက်တိုက်ပွဲထဲ စစ်ကောင်စီက တံတား (၅)စင်းအထိ မိုင်းခွဲဖျက်ဆီးထား

ဇွန်လ (၂၉)ရက်။

“ ၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းမြောက်က တကျော့ပြန်တိုက်ပွဲထဲ စစ်ကောင်စီဟာ တံတား (၅)စင်းအထိ မိုင်းခွဲဖျက်ဆီးထားတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့တဲ့ တံတားတွေဟာ မန်စံရေကျကြိုးတံတား၊ ခိုလိတ်ရထားလမ်းတံတား၊ မန်ပွဲရွာတံတား၊ ဆွတ်လမ်းတံတားနဲ့ မန်စံရေကျတံတားတို့ဖြစ်တယ်လို့ ဆိုပါတယ်။

မန်စံရေကျကြိုးတံတားနဲ့ ခိုလိတ်ရထားလမ်းတံတားတို့ဟာ ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံနဲ့ မန်းပွဲဘူတာ စတဲ့ကျေးရွာတွေကနေ အများပြည်သူအသုံးပြုတဲ့တံတားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတံတား (၂)စင်းကို စစ်ကောင်စီက ဇွန်လ (၂၇)ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် ဒေသတွင်း အရပ်သားပြည်သူတွေရဲ့ သွားရေးလာရေးနဲ့ ရိက္ခာသယ်ယူတာတွေကို ရပ်တန့်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ဇွန်လ (၂၅)ရက်နေ့ကစပြီး ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ့နဲ့ မိုးကုတ် စတဲ့ မြို့နယ်တွေမှာ “ ၁၀၂၇ စစ်ဆင်ရေး” ပြန်လည်စတင်ပြီးနောက် ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဇွန်လ (၁၃)ရက်နေ့ကလဲ စစ်ကောင်စီဟာ လားရှိုး-မိုင်းယော်လမ်းပေါ်က ကောင်းဟုန်းရွာ၊ နမ့်ဖရွာနဲ့ မန်နားရွာတွေကို ဖြတ်သွားတဲ့ လမ်းမကြီး (၃)နေရာကိုလဲ ကန့်လန့်မြောင်းဖောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 4 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 12 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 15 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 36 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က ဗန်းမော်မြို့ကို လာမယ့် ဇန်နဝါရီလ (၂၅)ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမယ့်
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 22 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၅၂၂၂)ကြိမ်ရှိခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလထဲ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 24 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ
မြန်မာသတင်း

AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 27 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က ည (၇)နာရီကျော်အချိန်က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်မှာ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၇)နာရီ (၂၄)မိနစ်နဲ့ (၂၈)မိနစ်မှာ