ဩဂုတ်လ (၂၉)ရက်။
မနေ့က နေ့လယ် (၂)နာရီ (၄၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Anonymous Force(ရန်ကုန်စစ်ဒေသခွဲ-PRF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တာမွေမြို့နယ်ရဲစခန်းဟာ စစ်ကောင်စီရဲ့ အကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူကို နှိပ်စက်ဖိနှိပ်နေတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၃)ဦးသေဆုံးခဲ့တာကို မြေပြင်ထောက်လှမ်းချက်တွေအရ သိရတယ်လို့ ပြောဆိုထားပါတယ်။
တာမွေမြို့နယ်ရဲစခန်းကို “ Cheetah Operation” တွေထဲက တစ်ခုအနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ရောက်ရှိလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ တော်လှန်ရေးရဲဘော်တွေအနေနဲ့ တစ်စုံတစ်ရာ ထိခိုက်ခဲ့တာမရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။