နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ဒေသထဲ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ AA ဖိတ်ခေါ်

ဒီဇင်ဘာလ (၂၉)ရက်။

ရခိုင်ပြည်နယ်အတွက် အ‌ထောက်အကူပြုတဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေမဆို ကြိုဆိုပြီး လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲ လာရောက်ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်း‌တွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်တို့ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် အကျိုးတူပူးပေါင်းဖို့ကိုလဲ လိုလားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး AA အနေနဲ့ အဖိနှိပ်ခံ မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားတောင့်တတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ တစ်လုံးတစ်ဝထဲ ရရှိစေဖို့အတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပြီး တိုင်းရင်းသားညီအစ်ကိုတွေရဲ့ အကောင်းဆုံး ညီအစ်ကိုမိတ်ဆွေအနေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဟိုင်ဂင်သဘောတူညီချက် ရရှိတဲ့အထိ ပူးပေါင်းပါဝင်ခဲ့သလို အခုမှာလဲ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်းနဲ့ အဖြစ်အပျက်တွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အမြဲအသင့်ရှိတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

အခုအခါ AA အနေနဲ့ ရခိုင်ပြည်နယ်ထဲက နပခတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုင်နိုင်ခဲ့သလို မြို့နယ် (၁၄)မြို့နယ်အထိ သိမ်းပိုက်ထားနိုင်ခဲ့ကာ ကျန်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံထဲ လူဦးရေ (၅၁)သန်းကျော်ထဲ (၁၉)သန်းကျော်က သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေကို စစ်ကောင်စီ ခန့်မှန်းထည့်သွင်းထား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 1 Views
ဇန်နဝါရီလ (၁)ရက်။ မြန်မာနိုင်ငံမှာ လူဦးရေ (၅၁)သန်းကျော်ရှိတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်တာမှာ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေကိုပါ ခန့်မှန်းထည့်သွင်းထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ် ပြော 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 1 Views
ဇန်နဝါရီလ (၁) ရက်။ ဒီနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်တွေ ထားရှိထားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

နှစ်သစ်ကူးနေ့ လွိုင်ကော်ရှိ စစ်ရှောင်စခန်း ပေါင်(၅၀၀)ဗုံးနဲ့ ကြဲခံရ၊ (၃)နှစ်အရွယ် စစ်ရှောင်ကလေးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 5 Views
ဇန်နဝါရီလ (၁)ရက်။ မနေ့က နှစ်သစ်ကူးနေ့ ‌ညနေ (၄)နာရီအချိန်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဆင်စခန်းစစ်ဘေးရှောင်စခန်း ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မနေ့က ညနေ (၄)နာရီလောက် လွိုင်ကော်အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ရှောင်စခန်းကို လေကြောင်းကနေညပေါင်
မြန်မာသတင်း

ဗမာပြည်နယ်ပေါ်ထွန်းဖို့ ဗမာလူမျိုးစုတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 8 Views
ဇန်နဝါရီလ (၁)ရက်။ ဗမာပြည်နယ် ပေါ်ထွန်းဖို့အတွက် ဗမာပြည်သူတွေကို ကိုယ်စားပြုမယ့် ဗမာ့တပ်တော်(သို့မဟုတ်) ဗမာလူမျိုးစုတပ်မတော် ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာရှင်တွေဟာ ပြည်နယ်အသစ်တွေနဲ့ ဗမာပြည်နယ် ပေါ်ထွန်းလာမှာကို မနှစ်မြို့ဘဲ သူတို့စိတ်ကြိုက် အာဏာတည်ဆောက်ဖို့ ဗမာလူမျိုးကြီးဝါဒ
မြန်မာသတင်း

ရည်မှန်းချက်မတူတာကြောင့် လက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းတာလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 5 Views
ဇန်နဝါရီလ (၁)ရက်။ ဘုံရည်မှန်းချက်နဲ့ လျှောက်တဲ့လမ်းကြောင်း မတူတာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းသေးတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့ကို
မြန်မာသတင်း

အကျဉ်းသား (၁၆၉)ဦးကို NUG လွတ်ငြိမ်းခွင့်ပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 5 Views
ဇန်နဝါရီလ (၁)ရက်။ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၁၆၉)ဦးကို NUG က ဒီကနေ့မှာ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့မှာကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေး‌ရှု့တဲ့အနေနဲ့အပြင် ပြည်သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့
မြန်မာသတင်း

ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် KNU ကန့်ကွက်ရှုတ်ချ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်
  • 6 Views
ဒီဇင်ဘာလ (၃၁)ရက်။ မနေ့က ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပပြုလုပ်တဲ့နေရာအချို့ကို စစ်ကောင်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဒူးသထူခရိုင်ရှိ ယိုကလားနဲ့ ထီးဖဒိုထာအကြားနဲ့ မူတြော်ခရိုင်က နိုဖောထီးရွာတို့မှာပြုလုပ်တဲ့
မြန်မာသတင်း

PNLO/PNLA ဌာနချုပ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်
  • 11 Views
ဒီဇင်ဘာလ (၃၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ရဲ့ ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာမရှိဘဲ PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၄)လုံးကြဲသွားတာ၊ အများပြည်သူကို ဝန်ဆောင်မှု‌ပေးနေတဲ့