ဇန်နဝါရီလ (၃၀)ရက်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တစ်ဦး PNLA ထံကို လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပြည်သူ့စစ်တစ်ဦးဟာ စစ်အာဏာရှင်အတွက် ပအိုဝ်းအချင်းချင်း မတိုက်ခိုက်လိုတာကြောင့် PNLA ထံကို အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ ပြည်သူ့စစ်တစ်ဦးကို နွေးထွေးစွာကြိုဆိုခဲ့ပြီး လိုအပ်တာတွေနဲ့ ဆုကြေးငွေတွေကို ပေးအပ်ချီးမြှင့်ခဲ့သလို လွတ်လပ်စွာသွားလာနေထိုင်ခွင့် ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလုံခြုံရေးဆိုင်ရာလှုပ်ရှားတာတွေထဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေနဲ့ ပအိုဝ်းအချင်းချင်း တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ လုပ်နေရသူတွေအနေနဲ့ အချိန်မီ လက်နက်နဲ့တကွ အလင်းဝင်လာကြဖို့ PNLA က ထပ်မံတိုက်တွန်းထားတယ်လို့ သိရပါတယ်။