နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

1027 Operations

1027 Operations

စစ်ဆင်ရေး (၃)လတာကာလထဲ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀၀၀)ကျော်ရှိ

ဇန်နဝါရီလ (၃၀)ရက်။

“ ၁၀၂၇ စစ်ဆင်ရေး” (၃)လတာကာလထဲ အလံဖြူတောင်တာနဲ့ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀၀၀)ကျော်မကရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညီနောင်(၃)ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီဆိုပါက အသက်သေဆုံးဖို့နဲ့ စခန်းဆုံးရှုံးဖို့မှာ ရာနှုန်းပြည့် သေချာသွားပြီဆိုတာကို သိရှိနားလည် လက်ခံသွားကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မယ့် တပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အလံဖြူထောင်တာနဲ့ လက်နက်ချအညံ့ခံတာတို့ကို ပြုလုပ်တာကြောင့် အသက်ချမ်းသာရာ ရသွားကြတယ်လို့ ဖော်ပြထားပါတယ်။

စောစောထွက်ပြေးမှ အသက်ရှင်ခွင့်ရလိမ်မယ်ဆိုတဲ့ အမှန်တရားကို စောစောသိပြီး ရဲဘော်၊ မိသားစုတွေရဲ့ အသက်ကို ငဲ့ညှာကာ အသက်ချမ်းသာရာရသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ (၃)လတာထဲ (၆၀၀၀)ကျော်မကရှိခဲ့ပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ဆင်ရေးကြောင့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပေမယ့် မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အလုံးစုံတဲ့ ဘုံရည်မှန်းချက် ပြည့်ဝဖို့အတွက် ဆက်လက်ချီတက်ရဦးမယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။

ရခိုင်ဒေသထဲက စစ်ကောင်စီရဲ့ တပ်မဌာနချုပ်နဲ့ အထိုင်ချစခန်းတွေကို နေ့ညမနှေး အပြီးသတ်ရယူနိုင်ဖို့အတွက်ကိုလည်း ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 1 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 25 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 21 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီလောက်ကစပြီး စကစယာဉ်တန်းပေါ့ ကားကြီး၊ ကားသေး (၇၅)စီးကျော် ဝင်ရောက်လာတာ။
1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 40 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက လားရှိုးမြို့ထဲကို နမ်ပေါင်ဘက်ကနေ စဝင်လာနေပြီလို့ပြောတယ်။ ဘယ်လိုအဖွဲ့တွေပါတယ်ဆိုတာတော့ မသိသေးဘူး။ MNDAA ဘက်ကလဲ လမ်းပိုင်းအချို့
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 45 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့က ဧပြီ
1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 41 Views
ဧပြီလ (၁၀)ရက်။ လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လားရှိုးမြို့မှာ တိုက်ပွဲကာလထဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 45 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 36 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ KIO ဘက်က