နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကို ဖြတ်သန်းသွားလာတာမလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့တွေ သတိပေး

ဇန်နဝါရီလ (၃၀)ရက်။

ဇန်နဝါရီလ (၂၉)ရက်နေ့ကစပြီး ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကို အရေးပေါ်ကိစ္စကလွဲပြီး ဖြတ်သန်းသွားလာတာမပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ပြီဆိုပါက တော်လှန်ရေးအင်အားစုတွေအနေနဲ့ အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့ ဆိုပါတယ်။

မနေ့က ည(၈)နာရီ (၂၀)မိနစ်က ကျွန်းလှမြို့ထဲကို စစ်ကောင်စီတပ်ရဲ့ စစ်ကား (၅)စီး ဝင်ရောက်ခဲ့ပြီး မြို့ပေါ်မှာ အသင့်စောင်နေတဲ့ လိုက်ထရပ်တစ်စီးနဲ့ စစ်ကားမိုးကာအုပ် (၆)ဘီးနှစ်စီးတို့ဟာ ပေကုန်းရွာကို ထွက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ နံနက်ပိုင်းမှာတော့ သရက္ကံကြီးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား (၁၀၀)ကျော်ဟာ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းက ဇီးဖြူကုန်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နံနက် (၁၁)နာရီခွဲအချိန်မှာတော့ ဇီးဖြူကုန်းရွာထဲက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဇီးဖြူကုန်းရွာနဲ့ အနီးတဝိုက်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗဟိုဦးဆောင်ကော််မတီဝင် (၂)ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 25 Views
နိုဝင်ဘာလ (၂၁)ရက်။ MDY-PDF ရဲ့ ဗဟို‌ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေကနေ နိုင်ငံခြားသား (၄၀၀)ကျော်ကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 31 Views
နိုဝင်ဘာလ (၂၁)ရက်။ ရွှေကုက္ကိုလ်နယ်မြေထဲ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား (၄၀၅)ဦးကို ထပ်မံဖမ်းမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့
မြန်မာသတင်း

သမိုင်းတရားခံမဖြစ်အောင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ထပ်မံနှိုးဆော်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 19 Views
နိုဝင်ဘာလ (၂၁)ရက်။ “ သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်းစို့” ခေါင်းစဉ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထပ်မံနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မစစ်မမှန် အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို အချက်
မြန်မာသတင်း

ပွင့်ဖြူမြို့မှာ လောင်းကစားပြုလုပ်သူတွေကို အပြစ်ပေးအရေးယူမယ်လို့ မြို့နယ်ပကဖ သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 39 Views
နိုဝင်ဘာလ (၂၀)ရက်။ ပွင့်ဖြူမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ အကောင်အထည်ဖော်နေချိန် လောင်းကစားတွေ ပြုလုပ်တာတွေ ရှိနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ လက်တွဲပြီး ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အချိန်မှာ ကြက်တိုက်တာနဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ ညသန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ (၅)ဦးထက်မနည်း သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 42 Views
နိုဝင်ဘာလ (၂၀)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က မြိုင်နယ်တနေရာကို ပြည်သူတွေ အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း(မြိုင်)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုရက်ထဲ မြိုင်နယ်ထဲက ပြည်သူတွေဟာ စစ်တပ်က စစ်ကြောင်းထိုးလို့
မြန်မာသတင်း

စစ်ကိုင်းက ပသုံးလုံးပြဿနာကို အနီးကပ် ‌ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 44 Views
နိုဝင်ဘာလ (၂၀)ရက်။ စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ပသုံးလုံးတွေရဲ့ ပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာရှိနေတဲ့ ပသုံးလုံးပြဿနာတို့ တော်လှန်ရေးပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဦးတည်နေတာဖြစ်ပါတယ်”
မြန်မာသတင်း

သပိတ်ကျင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 30 Views
နိုဝင်ဘာလ (၂၀)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ရှိ လက်ပံပြန့်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၃၀)မိနစ်မှာ သပိတ်ကျင်းမြို့ လက်ပံပြန့်ရွာကို
မြန်မာသတင်း

ကျားဖြန့်တိုက်ဖျက်ရေး မြန်မာစစ်တပ်နဲ့ ပူးပေါင်းရင် အောင်မြင်မှာမဟုတ်ဘူးလို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 33 Views
ရာဇဝတ်လုပ်ငန်းတွေ တားမြစ်တိုက်ဖျက်ဖို့ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ဆို နိုဝင်ဘာလ (၂၀)ရက်။ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆို အောင်မြင်မှာမဟုတ်ဘူးလို့ KNU က မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျားဖြန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ