နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လာရှိုးမြို့က သံချပ်ကာတပ်ရင်း နှင့် ဆက်သွယ်ရေးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို ​MNDAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဇူလိုင်လ (၂၉) ရက်။

လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုဟာ လားရှိးမြို့ အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် (၂၄၂) စစ်လက်နက်တပ်ခွဲနဲ့ စစ်တပ်ဂေါက်ကွင်းတို့ကနေ စစ်ကောင်စီတပ်ကို အပြီးတိုင် တိုက်ထုတ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးမြေပြင်သတင်းအရ ရမခတိုင်းအတွင်းစည်းထဲမှာ လက်နက်မချလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 21 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 29 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 32 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 23 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က
မြန်မာသတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပဖို့ GSCB တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 20 Views
ဒီဇင်ဘာလ (၅)ရက်။ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အသံတိတ်သပိတ် ကျင်းပဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို
မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 32 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ ပုသိမ်မြိုနယ် ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖိုရှိတဲ့ ဦးမြင့်ဌေးဆိုသူဖြစ်ကာ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 36 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က တောင်ငူလေတပ်ကနေ စက်တပ်လေထီးတစီးနဲ့ ရွာဆေးပေးခန်းပေါ်ကို ဗုံး
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 28 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်