နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုးစစ်တစ်ခုဖြင့်သူပုန်များသည် ဆီးရီးယား၏ အကြီးဆုံးမြို့ကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင် ခဲ့

သူပုန်များသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို ထိုးဖောက်ဝင်ရောက်လာ ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ ၊

ဘေရွတ်မြို့- သောင်းကျန်းသူများသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို သောကြာနေ့က ထိုးဖောက်ဝင်ရောက်လာပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်လေ့လာသူနှင့် တိုက်ခိုက်ရေးသမားများက အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုအတွင်း ဒေသခံများ ထွက်ပြေးခဲ့ရပြီး စစ်ပွဲအများအပြား ဖြစ်ပွားနေသည့် ဒေသအတွက် မသေချာမရေရာမှုများ ထပ်မံတိုးလာခဲ့သည်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကျေးလက်ဒေသရှိ ရွာများနှင့် မြို့များကို သိမ်းပိုက်ပြီးထောင်နှင့်ချီသော တိုက်ခိုက်ရေးသမားများက ဗုဒ္ဓဟူးနေ့တွင် တုန်လှုပ်ချောက်ခြားဖွယ်ရာ ထိုးစစ်ဆင်မှုအပြီး သူပုန်များသည်အလက်ပိုမြို့ကို ချီတက်လာခဲ့သည်။ အလက်ပိုမြို့ရှိ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဒုံးကျည်များနှင့် ပစ်ခတ်မှုကြောင့် မြို့အစွန်ရှိ ရပ်ကွက်များမှ ဒေသခံများ ထွက်ပြေး ခဲ့ကြရသည်။ နိုင်ငံ၏ မဖြေရှင်းနိုင်သော ပြည်တွင်းစစ်ကို စောင့်ကြည့်နေသည့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က နှစ်ဖက်စလုံးမှ တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုသည် အစ္စရေးပါဝင်သည့် ဂါဇာနှင့် လက်ဘနွန်ရှိ စစ်ပွဲနှစ်ရပ်နှင့် တွေ့ကြုံနေရသည့် ဒေသတစ်ခုတွင် အကြမ်းဖက်မှုအသစ်များနှင့် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော ဆီးရီးယားပြည်တွင်းစစ် အပါအဝင် အခြားသော ပဋိပက္ခများကို ဒေသတွင်းတွင်တိုးပွားဖြစ်လာစေခဲ့သည်။

ရုရှား၊ အီရန်နှင့်မဟာမိတ်အဖွဲ့များက ကျောထောက်နောက်ခံပြုပေးထားတဲ့ ဆီးရီးယား အစိုးရ တပ်တွေနဲ့ သူပုန်များရဲ့ ပြင်းထန်တဲ့ စစ်ရေးတိုက်ခိုက်မှုအပြီး ၂၀၁၆ ခုနှစ်မှာ အရှေ့ပိုင်းအရပ်ကွက်တွေကနေ သူပုန်များဟာ တွန်းထုတ်ခြင်းခံခဲ့ရပြီးကတည်းက အလက်ပိုမြို့ကို သူပုန်တပ်ဖွဲ့တွေက တိုက်ခိုက်ခြင်းမလုပ်ခဲ့တာယခုအချိန်ထိဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် အစိုးရတပ်များ သို့မဟုတ် ၎င်းတို့၏ မဟာမိတ်များထံမှ သိသာထင်ရှားသော တွန်းလှန်မှု ခုခံမှုလက္ခဏာမတွေ့ရပေ။ ယင်းအစား အစိုးရတပ်ဖွဲ့များ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားသည့် သတင်းပေးပို့ချက်များသာ ထွက်ပေါ်လာပြီး သူပုန်များသည် ဆီးရီးယားတပ်ဖွဲ့ဝင်များအား လက်နက်ချရန် တောင်းဆိုသည့် လူမှုမီဒီယာတွင် မက်ဆေ့ချ်များ ကိုတင်ခဲ့ကြသည်။

ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်ခဲ့သူ ရောဘတ်ဖို့ဒ်က အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရတပ်ဖွဲ့များ အလွန်အားနည်းနေကြောင်း ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။ အချို့သောကိစ္စများတွင်၊ ၎င်းတို့သည် “ အားလုံးနီးပါးထွက်ခွာသွားပုံသည်” ဟုသူကပြောသည်။

ဤရှေ့တိုးချီတက်လာမှုသည် မကြာသေးမီနှစ်များအတွင်း ဟာယာဒ် တာဟီရာ အယ် ရှမ် (Hayat Tahrir al-Sham) အဖွဲ့ (HTS) ဦးဆောင်သော အတိုက်အခံအုပ်စုများ၏

အကြီးမားဆုံးသော တိုးတက်မှုများထဲတွင်တခုအဖြစ် ပါဝင်လာပြီး ဆီးရီးယား အနောက်‌မြောက်ပိုင်းတွင် ၂၀၂၀ခုနှစ်တွင် စတင်ခဲ့သည့်စစ်ပွဲတွင်အတိုက်အခံများက ထိန်းချုပ်ထားသည့်နေရာကို အစိုးရကသိမ်းပိုက်ခဲ့ပြီးနောက် ယခုတိုက်ပွဲသည် အပြင်းထန်ဆုံး တိုက်ပွဲအဖြစ် ကိုယ်စားပြုခဲ့သည်။

၂၀၁၅ ခုနှစ်ကတည်းက ဆီးရီးယားအစိုးရတပ်များကို ကျောထောက်နောက်ခံပြုထားသော လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအဖွဲ့များက ၎င်းတို့၏အိမ်တွင်းတိုက်ပွဲများအတွင်း နစ်မြှုပ်တိုက်ခိုက်ခံ နေရချိန်တွင် အခွင့်ကောင်းယူကာ ယခုကဲ့သို့ ထိုးစစ်ဆင် လာခြင်း ဖြစ်သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ နှစ်လကြာ စစ်ပွဲတွင် အပစ်အခတ် ရပ်စဲခဲ့သည့်အချိန်တွင် ဆီးရီးယားရှိအတိုက်အခံ အင်အားစုများက ၎င်းတို့၏ ထိုးစစ်ကို ကြေညာသည့် နေ့အဖြစ် ဗုဒ္ဓဟူးနေ့တွင် အသက်ဝင် စတင်တိုက်ခဲ့သည်။ အစ္စရေးသည် ပြီးခဲ့သည့် ရက် ၇၀ အတွင်း ဆီးရီးယားရှိ ဟစ်ဇ်ဘိုလာနှင့် အီရန်နှင့် ဆက်နွှယ်နေသည့် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့သည်။

နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်‌ရေးအဖွဲ့(International Crisis Group )မှ အကြီးတန်းအကြံပေးတစ်ဦးနှင့် ဆီးရီးယားအဖွဲ့များဆိုင်ရာ ကျွမ်းကျင်သူ ဒါရင်း ခါလီဖာ(Dareen Khalifa) က သူပုန်များသည် ထိုးစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု အချိန်အတန်ကြာက အချက်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အလက်ပိုမြို့သို့ တပ်ဖွဲ့များ၏ လျင်မြန်စွာ တိုးဝင်လာနိုင်မည်ဟု မည်သူကမျှ မမျှော်လင့်ထားပေ။

“ရုရှားတွေက ယူကရိန်းမှာ အာရုံပြောင်းပြီး နစ်မွန်းနေရုံတင်မကဘဲ အီရန်နိုင်ငံသား တွေကလည်း ဆီရီးယားကနေအာရုံပြောင်းပြီး တခြားနေရာတွေမှာ နစ်မွန်းနေတယ်။ ဟစ်ဇ်ဘိုလာဟာလည်းတခြားနေရာတွေမှာစိတ်တွေထွေပြားနေပြီး ဆီးရီးယားအစိုးရက စိုးရိမ်နေတယ်” ဟု သူမက ဆိုသည်။ “ဒါပေမယ့် ရုတ်တရက်ပေါ်လာတဲ့ အချက်က ဆီးရီးယား အစိုးရကို မြန်မြန်ဆန်ဆန်ဖြိုဖျက်နိုင်တယ်ဆိုတာပဲ”

အလက်ပိုမြို့ တိုက်ခိုက်မှုသည် အတိုက်အခံများ ထိန်းချုပ်ထားသည့် နေရာများကို အစိုးရ၏ တိုက်ခိုက်မှု အပါအဝင် အဆင့်နိမ့် အကြမ်းဖက်မှုများ သီတင်းပတ်များအတွင်း ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။ ဆီးရီးယားအတိုက်အခံအဖွဲ့များကို ကျောထောက်နောက်ခံပြုထားသည့် တူရကီသည် ဆီးရီးယားအစိုးရ၏တိုက်ခိုက်မှုများကို တားဆီးရန် သံတမန်ရေးအရ ကြိုးပမ်းမှုကို မအောင်မြင်ဖြစ်ခဲ့ပြီး ရုရှား၊ တူရကီနှင့် အီရန်တို့က ကမကထပြုသည့် ၂၀၁၉ သဘောတူညီချက်ကို ဆီးရီးယားအစိုးရက ချိုးဖောက်သည်ဟု ရှုမြင်ကြသည်။

ဆီးရီးယား အတိုက်အခံ အုပ်စုများသည် အလက်ပိုမြို့သို့ ကာလရှည်ကြာ စီစဉ်ထားသော အကန့်အသတ်ဖြင့် ထိုးစစ်ဆင်မှု စတင်ခဲ့ကြောင်း တူရကီ လုံခြုံရေး အရာရှိများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ဆီးရီးယား အစိုးရတပ်များသည် ၎င်းတို့၏ နေရာများမှ ပြန်လည် ဆုတ်ခွာလာသည်နှင့်အမျှ သူပုန်တို့ကထိုးစစ်များကို တိုးချဲ့လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုးစစ်၏ ရည်ရွယ်ချက်မှာ တင်းမာမှု လျော့ပါးရေး ဇုန်၏ နယ်နိမိတ်များကို ပြန်လည် ထူထောင်ရန် ဖြစ်ကြောင်း တူရကီ အာဏာပိုင်များက ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် အလက်ပို တိုက်ပွဲသည် ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် သူပုန်တိုက်ခိုက်ရေး သမားများကြား အလှည့်အပြောင်းတခုဖြစ်ခဲ့သည်။  ၂၀၁၁ ခုနှစ် ဘာရှာအာဆတ် (Bashar Assad)အစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအပြီးတွင် အလုံးစုံစစ်ပွဲကြီးအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရသည်။

ရုရှားနှင့် အီရန်နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များက ဆီးရီးယားအစိုးရတပ်များကို ကူညီပြီး ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ခိုက်ခဲ့ကြပြီး နောက် ရက်သတ္တပတ်များစွာကြာ သိမ်းယူ ထားပြီးနောက် ဆီးရီးယားအစိုးရတပ်များက မြို့ကို ပြန်လည်ယူနိုင်ရန် ထိုနှစ်တွင် အကူညီပေးခဲ့သည်။

တူရကီသည်လည်း အတိုက်အခံအင်အားစုများကို ကျောထောက်နောက်ခံအား ပေးသည့် အပြင်၊ တူရကီသည်လည်း ဆီးရီးယားတွင် စစ်စခန်းတစ်ခုကို ထူထောင်ကာအနောက်မြောက် ဘက်ခြမ်းသို့ တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ ဆီးရီးယား အရှေ့ဘက်တွင် သီးခြားစီနှင့် အင်အား အများအပြား ဖြင့် အမေရိကန်က IS စစ်သွေးကြွများကို တိုက်ခိုက်နေသည့် ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့များကို ထောက်ပံ့ပေးထားသည်။

အလက်ပိုမြို့၏ သတ်မှတ်ပိုင်နက်များကို ချိုးဖောက်ဝင်ရောက်လာနေသည့် သူပုန်များနှင့် ပတ်သက်၍  ဆီးရီးယားအစိုးရက မှတ်ချက်မပေးပေ။ ကရင်မလင်က ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတယ်လို့ ယူဆပြီး ဒေသတွင်းမှာ ဖြစ်နိုင်သမျှ အလျင်မြန်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထူထောင်ရေးကို ထောက်ခံတယ်လို့ ကရင်မလင်က သောကြာနေ့မှာ ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဒါဟာ ဒီဒေသမှာ ဆီးရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာပါပဲ” ဟု ရုရှားသမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကောဗ့်(Dmitry Peskov) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အလက်ပိုနှင့် အီဒလစ်မြို့တစ်ဝိုက်ရှိ ကျေးလက်ဒေသများတွင် သောင်းကျန်းသူအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းများနှင့် လက်နက်ကြီးများကို ဖျက်ဆီးခဲ့ကြောင်း ဆီးရီးယား စစ်တပ်က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် တိုက်ခိုက်မှုကို ချေမှုန်းရန် ကတိပြုကြပြီး သောင်းကျန်းသူ များသည် ၎င်းတို့၏ တိုးတက်မှုများနှင့် ပတ်သက်သည့် သတင်းမှားများ ဖြန့်ဝေသည်ဟု စွပ်စွဲခဲ့သည်။

အလက်ပိုမြို့ အနောက်ဘက်အစွန်းမှာ သူပုန်တွေက ကားဗုံးနှစ်လုံးကို သောကြာနေ့က ဖောက်ခွဲခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ဒမတ်စကတ်နှင့် အလက်ပိုနှင့် ကမ်းရိုးတန်းတို့ကို ဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီးများ၏ မဟာဗျူဟာလမ်းဆုံဖြစ်သော အလက်ပိုမြို့တောင်ဘက်ရှိ ဆာရာကွက် (Saraqeb) ကို သောင်းကျန်းသူများက သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်စောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့သည်။ ဆီးရီးယား အစိုးရ အာဏာပိုင်များသည် အဆိုပါ အဝေးပြေးလမ်းမကြီးမှ ယာဉ်ကြောများကို ကြာသပတေးနေ့တွင် လမ်းကြောင်းပြောင်းခဲ့သည်။

သူပုန်တပ်မှူးတစ်ဦးသည် အလက်ပိုမြို့ခံများအား ချီတက်လာသောတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် လူမှုမီဒီယာတွင် မှတ်တမ်းတင်ထားသည့် မက်ဆေ့ချ်ကို တင်ခဲ့သည်။

တူရကီအစိုးရပိုင် Anadolu အေဂျင်စီက သောင်းကျန်းသူများသည် မြို့လယ်ခေါင်သို့ သောကြာနေ့က ဝင်ရောက်ခဲ့ပြီး ယခုအခါ အလက်ပိုနှင့် အစ်လစ်ဘ်(Idlib) ပြည်နယ်များရှိ နေရာ ၇၀ ခန့်ကို ထိန်းချုပ်ထားကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံပိုင်မီဒီယာက အလက်ပိုမြို့လယ်ရှိ အလက်ပိုတက္ကသိုလ်ရှိ ကျောင်းသားများ နေရာထိုင်ခင်းတွင် သူပုန်များထံမှ ဒုံးကျည်များ ကျရောက်ခဲ့ရာ ကျောင်းသားနှစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာ ကျန်နေသေးတဲ့ အတိုက်အခံတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဒီဒေသမှာ တိုက်ပွဲတွေ အရှိန်လျော့သွားစေမယ့် ၂၀၁၉ သဘောတူညီချက်ကို သူပုန်တွေက ချိုးဖောက်နေတယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။

ဟစ်ဇ်ဘိုလာသည် အလက်ပိုကို အစိုးရထိန်းချုပ်မှုတွင် “အဓိက အင်အားစု” ဖြစ်သည်ဟု စောင့်ကြည့်လေ့လာရေးဌာနအကြီးအကဲ ရာမီ အပ္ဗဒူရာမန် (Rami Abdurrahman) က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းခေါ်ဆိုမှုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရပ်ချီ (Abbas Araghchi) က ဆီးရီးယားရှိ သောင်းကျန်းသူအဖွဲ့၏ တိုက်ခိုက်မှုများကို လက်ဘနွန်နှင့် ပါလက်စတိုင်းတို့တွင် ရှုံးနိမ့်ပြီးနောက် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ ကြိုးကိုင်လုပ်ဆောင်မှုအဖြစ် ဖော်ပြခဲ့သည်။

သူပုန်များသည် ၎င်းတို့အတွက် လက်နက်အသစ်ဖြစ်သည့် ဒရုန်းများကို အသုံးပြုနေကြောင်း ပြသသည့် ဗီဒီယိုများကို အွန်လိုင်းတွင် တင်ခဲ့သည်။ ဒရုန်းများကို စစ်မြေပြင်တွင် မည်သည့်အတိုင်းအတာအထိ အသုံးပြုခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

သောင်းကျန်းသူများသည် အလက်ပိုမြို့ အရှေ့တောင်ဘက်ရှိ စစ်ဘက်လေတပ်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်များဖြင့် သောကြာနေ့အစောပိုင်းက တိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဉ်တစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ အတိုက်အခံအဖွဲ့များသည် အစိုးရတပ်ဖွဲ့ပိုင် လက်နက်ကြီးများနှင့် စစ်ယာဉ်များကို သိမ်းဆည်းရမိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

ABC သတင်းကိုဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

စစ်ရေးသတင်း တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန် ရေငုပ်သင်္ဘောများ အရေအတွက် အသာစီးမရတော့ခြင်းကြောင့် တောင်ကိုရီးယားက ကူညီနိုင်မည့် အစီအစဉ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 9 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ဆိုးလ်၊ တောင်ကိုရီးယား — တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မြင့် ရေအောက် ရေတပ်အင်အားကြီးနိုင်ငံများစာရင်းတွင် ပါဝင်ရန်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 28 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 39 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော
နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 34 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 37 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 52 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 51 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 48 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်