နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ မယ်လယုခံစစ်စခန်းက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KA ထုတ်ပြန်

ဒီဇင်ဘာလ (၃၀)ရက်။

ကရင်နီပြည်၊ ဆိုတရှားမြို့ရှိ မယ်လယုခံစစ်စခန်းကနေ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ (၂၈)ရက်နေ့က ဆုတ်ခွာသွားကြတယ်လို့ ကရင်နီပြည်တပ်မတော်(KA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လယုစခန်းက စစ်ကောင်စီတပ်ရဲ့ ခမရ(၁၃၄)တပ်သားတွေ ဆုတ်ခွာသွားတာ။ အဲ့ဒီနေ့ နံနက် (၅)နာရီကစပြီး တိုက်ခိုက်ခံရပြီးနောက်မှာ ဆုတ်ခွာသွားတာ” လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၁၃၄)က အင်အား (၈၀)ခန့်နဲ့ တပ်စွဲထားတဲ့ မယ်လယုတပ်စခန်းကို KA က အဲ့ဒီနေ့ နံနက်ပိုင်းအချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို စခန်းဆုတ်ခွာသွားခဲ့ကြတာလို့ သိရပါတယ်။

မယ်လယုမဆုတ်တမ်းခံစစ်စခန်းကနေ စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာသွားတာဟာ စားနပ်ရိက္ခာ အခက်အခဲကြောင့်ဖြစ်ပြီး အထက်ကအမိန့်ပေးလို့ ဆုတ်ခွာသွားတဲ့သဘောဖြစ်တယ်လို့လဲ ပြောဆိုထားပါတယ်။

အဲ့ဒီစခန်းကနေ ၆၀မမ (၂၁၂)လုံး၊ MA-1 ကျည်အိမ် (၁၂)တောင့်၊ A1 ကျည် (၅၄၇၀)တောင့်၊ နောင်တိုကျည် (၁၀၂၂၈)ဝောာင့်၊ တိုဘီတို (၁၄)ချောင်း၊ RPG (၆၀)လုံး၊ လက်ပစ်ဗုံး (၁၁၉)လုံးနဲ့ ၈၁မမ သီး (၃၃)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းရမိခဲ့တဲ့ မိုင်းတွေထဲ (၁၄)မိုင်း၊ (၁၆)မိုင်းနဲ့ (၁၈)မိုင်းတို့ပါဝင်ပြီး ဖိုးဝီးကား (၇)စီး၊ (၆)ဘီးကား (၃)စီး၊ ဒိုဇာကား (၁)စီးနဲ့ ဆိုင်ကယ် (၂)စီးတို့ကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပြောဆိုထားပါတယ်။

မယ်လယုတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ကတုံးကနေ ရှမ်းပြည်ဘက်ကို ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ရဲ့ ဒေသတွင်းသတင်းတွေမှာ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 18 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 27 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 29 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 22 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က
မြန်မာသတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပဖို့ GSCB တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 19 Views
ဒီဇင်ဘာလ (၅)ရက်။ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အသံတိတ်သပိတ် ကျင်းပဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို
မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 31 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ ပုသိမ်မြိုနယ် ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖိုရှိတဲ့ ဦးမြင့်ဌေးဆိုသူဖြစ်ကာ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 35 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က တောင်ငူလေတပ်ကနေ စက်တပ်လေထီးတစီးနဲ့ ရွာဆေးပေးခန်းပေါ်ကို ဗုံး
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 27 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်