နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့မြောက်ဘက်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ အလောင်းတွေနဲ့ လက်နက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PNLA ပြော

ဇန်နဝါရီလ (၃၁)ရက်။

မနေ့က ဆီဆိုင်မြို့မြောက်ဘက်မှာ လုံခြုံရေးဆိုင်ရာကိစ္စ ဆောင်ရွက်နေတဲ့အချိန် PNLA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာကို PNLA က နယ်မြေရှင်းလင်းခဲ့ချိန်မှာ စစ်ကောင်စီရဲ့ အလောင်း (၅၀)ခန့်နဲ့ လက်နက်(၅၀)ခန့်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က ညပိုင်းအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ် လွယ်ထွဲရွာဘုန်းတော်ကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လွယ်ထွဲရွာဘုန်းတော်ကြီးကျောင်းဟာ ပအိုဝ်းတို့ရဲ့ အထွဋ်အမြတ်ထားရာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်တယ်လို့ PNLA က ပြောဆိုထားပါတယ်။

ဒါ့ပြင် တောင်ကြီးမြို့ ကျောက်တလုံးဒေသနဲ့ ဟိုပုံးမြို့နယ်တို့မှာ PNLA ရဲ့နာမည်ကို အလွဲသုံးစားပြုပြီး ပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်တွေကို လိမ်လည်စုဆောင်းနေတယ်လို့ ရေးသားထားပါတယ်။

PNLA အနေနဲ့ အဲ့ဒီဒေသတွေမှာ တပ်ဖွဲ့ဝင်သစ်စုဆောင်းတာ မရှိဘူးဆိုတာနဲ့ ဆီဆိုင်မြို့ထဲအခြေအနေဟာ လုံခြုံမှု အားနည်းနေဆဲဖြစ်တာကို ပြည်သူတွေကို အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 15 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 29 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 35 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 34 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 30 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း