နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်တော်နဲ့ မင်းပြားက စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေကို AA အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

ဇန်နဝါရီလ (၃၁) ရက်။

ရခိုင်ဒေသထဲက ကျောက်တော်မြို့နဲ့ မင်းပြားမြို့တို့က စစ်ကောင်စီရဲ့ စကခ(၉)လက်အောက်ခံ တပ်ရင်းတွေကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၃၀)ရက်နေ့က သိမ်းပိုက်ရန်ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ကျောက်တော်အခြေစိုက် ခမရ(၃၇၄)တပ်ရင်းကို လေကြောင်းနဲ့ မရပ်မနား ပစ်ခတ်နေတဲ့ကြားက AA က သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂၈)ရက်နေ့ကလည်း မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၃၈၀)တပ်ရင်းကိုလည်း ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ခုခံကာကွယ်နေတဲ့ကြားက အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေက စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေကို AA က သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့တွေက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေကို မကြာမီအချိန်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ အပြည့်အဝယုံကြည်ပြီး အခုအချိန်မှာလည်း မိမိတို့ဘက်မှာ အခြေအနေကောင်းနေတယ်လို့ AA က ပြောဆိုထားပါတယ်။

ဒါ့ပြင် မနေ့က ရမ်းဗြဲမြို့ကို ထပ်မံအင်အားဖြည့်လာတဲ့ စစ်ကောင်စီအင်အား (၁၂၀)ကျော်နဲ့ အရင်ရှိပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ရဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက် အထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့အပြင် ဇန်နဝါရီလ (၂၉)ရက်နေ့က လေကြောင်းကနေ ချပေးတဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရမ်းဗြဲမြို့ထဲတိုက်ပွဲမှာ နောက်ရက်တွေ ပိုမိုပြင်းထန်လာနိုင်ပြီး ရခိုင်ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ လက်နက်ချအညံ့မခံတဲ့ စခန်းတိုင်းကို တစ်စခန်းမှမကျန်အောင် ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 9 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 18 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်
မြန်မာသတင်း

အခုနှစ်ထဲ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 18 Views
မေလ (၁၄)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့
မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 33 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 32 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တကူရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာရှိ အထက်တန်းပြ
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 24 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့