နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

Starlink ရ အမတ်တွေ တစ်နာရီ ၂၀၀၀ နဲ့ တစ်ရက် (၆) သိန်းခန့် ဝင်ငွေ ရရှိနေတယ်လို့ ဆို

မေလ (၃၁) ရက်။

စစ်ကိုင်းတိုင်းက StarLink ရ အမတ်တွေ တစ်နာရီ ၂၀၀၀ နဲ့ တစ်ရက် ၆ သိန်းခန့် ဝင်ငွေ ရရှိနေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တွေက ခေတ်မျက်လုံးကို ပြောပါတယ်။

အဲ့ဒီဝင်ငွေတွေကို ဘယ်တပ်ရင်းတပ်ဖွဲ့ရဲ့ လိုအပ်ချက်ကိုမှ မကူညီဘဲ ကိုယ်ကျိုးသုံးနေကြတယ်လို့ ဆိုပါတယ်။

မြေပြင်ရဲဘော်တွေမှာ အင်တာနက်သုံးစွဲဖို့ အခက်အခဲဖြစ်နေပြီး ရန်ပုံငွေရဖို့လည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။

StarLink စက်တွေကိုနည်း နီးစပ်ရာပဲ ရရှိနေကြပြီး တချို့နေရာတွေမှာဆို (၈) လုံးအထိ ရှိနေပေမယ့် တစ်လုံးမှမရတဲ့ နေရာတွေလည်း ရှိကြပြီး တချို့ဆို အင်တာနက်သုံးဖို့အတွက် တရက်လောက်ကြာတဲ့အထိ သွားရောက်ပြီး သုံးရတယ်လို့ သိရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထန်တလန်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 0 Views
ဇွန်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 2 Views
ဇွန်လ (၁၁)ရက်။ မနေ့က ညနေ(၄)နာရီအချိန်က NUG ဝန်ကြီးချုပ်ရုံးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့အကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနားကို zoom platform ကနေ ကျင်းပခဲ့တယ်လို့
မြန်မာသတင်း

မင်းတပ်မြို့မှာ တိုက်ပွဲဝင်ကာကွယ်နေတဲ့ ရဲဘော်တွေကို ကူညီပံ့ပိုးဖို့ မြို့နယ်ပအဖ မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၁)ရက်။ အခုအခါ မင်းတပ်မြို့ဟာ အဘက်ဘက်ကနေ ဒဏ်ရာပေါင်းစုံနဲ့ အနာတရဖြစ်နေတယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုအနာတရဖြစ်နေတဲ့ မြို့နယ်လေးကို သားကောင်းရတနာတွေက အသက်ကို ပဓါနမထားဘဲ ခုခံတိုက်ခိုက်ပြီး တိုက်ပွဲဝင်နေကြတာကို ရပ်နီး/ရပ်ဝေးက
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၁)ရက်။ မကွေးထောင်မှာ မတရားဖမ်းဆီးခံထားရတဲ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကို ထောင်အာဏာပိုင်တွေက
မြန်မာသတင်း

(၅)နှစ်တာတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိ၊ရဲဘော် (၁၂၄)ဦးရှိတယ်လို့ MDY-PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၀)ရက်။ (၅)နှစ်တာ တော်လှန်ရေးတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိနဲ့ ရဲဘော် (၁၂၄)ဦးရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ MDY-PDF ရဲ့ အထူးလှုပ်ရှားတပ်မက ရဲဘော်တွေနဲ့
မြန်မာသတင်း

ရဲဘော် (၁၉)ဦးကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေလို့ မကွေးခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၀)ရက်။ ရဲဘော် (၁၉)ဦးကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေဆိုကာ မကွေးခရိုင်စစ်ဌာနရဲ့ ခရိုင်အမှတ်(၁)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မကွေးခရိုင်အမှတ်(၁)တပ်ရင်းက တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေ ကြေညာတာကို နာမည်တွေ၊ ဓါတ်ပုံတွေနဲ့ ပူးတွဲထုတ်ပြန်ထားပါတယ်။ အဲ့ဒီရဲဘော်တွေဟာ တပ်ရင်းက
မြန်မာသတင်း

ပြည်သူကို မီးရှို့သတ်ဖြတ်တဲ့ မြစ်ခြေမြို့ရှိ စစ်ကောင်စီရဲစခန်းကို PDF တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ နံနက် (၅)နာရီအချိန်က ပခုက္ကူခရိုင် မြစ်ခြေမြို့ရှိ စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မေလ (၁၀)ရက်ကနေ ဇွန်လ (၂)ရက်နေ့အထိ မြစ်ခြေမြို့ရှိ ဒေသခံနေအိမ်ပေါင်း
မြန်မာသတင်း

နိုင်ငံ့ဝန်ထမ်းတွေကို ဖြစ်သင့်တဲ့ လစာတွေ ပေးထားကာလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ဆိုပြီး မင်းအောင်လှိုင်ပြောပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၀)ရက်။ နိုင်ငံ့ဝန်ထမ်းတွေကို ငွေကြေးလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ သမ္မတုမင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေအတွက် ဖြစ်သင့်တဲ့ လစာနှုန်းထားတွေနဲ့ ထောက်ပံ့ကြေးတွေကို ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ငွေကြေးအလွဲသုံးစားတာ၊ လုပ်ပိုင်ခွင့်အာဏာတွေကို