နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယာယီသမ္မတတာ၀န်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရေးပေါ်ကာလ (၆)လတိုးတာကို သူကိုယ်တိုင်တင်ပြပြီး သူကိုယ်တိုင်ထပ်တိုး

ဇူလိုင်လ (၃၁)ရက်။

ဒီကနေ့ ဇူလိုင်လ (၃၁)ရက်နေ့ အာဏာသိမ်းတဲ့ (၃)နှစ်ခွဲအချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာ/လုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလ (၆) လထပ်တိုးလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းတာကြောင့် ယာယီသမ္မတာ၀န်ကို လွှဲပြောင်းရယူလိုက်ရတယ်ဆိုတာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

ကာ/လုံအစည်းအဝေးထဲ စစ်ခေါင်းဆောင်က အာဏာသိမ်းပြီး (၂) နှစ်ပြည့်တဲ့အချိန်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် နိုင်ငံမတည်ငြိမ်တာကြောင့် အရေးပေါ်ကာလသက်တမ်း တိုးမြှင့်ဖို့ တင်ပြခဲ့ရတာလို့ ဆိုပါတယ်။

အခုအခါမှာလဲ နယ်မြေဒေသတည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်ဖို့လိုအပ်နေတာနဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်မနေ လိုအပ်နေတဲ့ အခြေအနေတွေကြောင့် သက်တမ်းထပ်တိုးဖို့ တင်ပြခဲ့တာလို့ ဖော်ပြထားပါတယ်။

ကာ/လုံအစည်းအဝေးထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တင်ပြခဲ့တာကို ယာယီသမ္မတတာ၀န်နဲ့ မင်းအောင်လှိုင်ကပဲ အရေးပေါ်ကာလသက်တမ်း ထပ်တိုးဖို့ ကြေညာခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကာ/လုံအစည်းအဝေးကို တက်ရောက်တဲ့အချိန် ယာယီသမ္မတနဲ့ တပ်ချုပ်ရာထူးကို အတူယှဉ်တွဲဖော်ပြထားပြီး ထိပ်ဆုံးခုံမှာထိုင်ခဲ့တာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စာရွက်တရွက်ထဲနဲ့ သူ့စိတ်ကြိုက် ရာထူးတာ၀န်တွေ လွှဲပြောင်းရယူခဲ့ရာ ၀န်ကြီးချုပ်ကနေ ယာယီသမ္မတအထိ ရောက်နေပြီလို့ နိုင်ငံရေးသုံးသပ်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို