နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်ဟာနီယာ အီရန်က နေအိမ်မှာ လုပ်ကြံခံရလို့ သေဆုံး

ဇူလိုင်လ (၃၁) ရက်။

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်ဟာနီယာသည် အီရန်မြို့တော် တီဟီရန်မှာ လုပ်ကြံခံရလို့ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်စစ်တပ်အဖွဲ့အစည်းဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒီနေ့ ဇူလိုင်လ (၃၁) ရက်နေ့က ဒေသတွင်း အီရန်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ပြီးနောက် တီဟီရန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ဇီယွန်ဝါဒီတွေရဲ့ တိုက်ခိုက်မှုအတွင်း ဟာနီယာနှင့်အတူ သူ့ရဲ့သက်တော်စောင့်လည်း သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ခေါင်းဆောင်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေးဘက်က တစ်စုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ CNN ကို မှတ်ချက်ပေးဖို့ ဆက်သွယ်နေတယ်လို့ CNN မှာ ဖော်ပြထားပါတယ်။

အသက် ၆၂ နှစ်ရှိ ဟာနီယာကို ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့အနီးရှိ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အစ္စရေးကို ဆန့်ကျင်တဲ့ ပထမဆုံး အင်တီဖာဒါ (intifada) (အစ္စရေးဆန့်ကျင်ရေးလူထုအုံကြွမှု) မှာ ဟားမတ်စ်နဲ့ ပူးပေါင်းခဲ့ပါတယ်။

ဟားမတ်စ် အာဏာရလာတာနဲ့အမျှ ဟာနီယာဟာ အဖွဲ့အစည်းအတွင်း ခေါင်းဆောင်ပိုင်းနေရာအထိ မြင့်တက်လာပါတယ်။ ၂၀၀၄ ခုနှစ်မှာ သူဟာ “ စုပေါင်းခေါင်းဆောင်မှုစနစ်” လျှို့ဝှက်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။

၂၀၁၇ ခုနှစ်မှာ ဟာနီယာဟာ ဟားမတ် ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အမေရိကန်က သူ့ကို အကြမ်းဖက်သမားလို့ ချက်ချင်း သတ်မှတ်လိုက်ပါတယ်။

ဟာနီယာဟာ အရင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုအတွင်း သူဟာ အမေရိကန်သမ္မတဟောင်း ကာတာအပါအဝင် နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဟားမတ်စ်ရဲ့အဆိုအရ ဟာနီယာရာ သားသုံးဦးနဲ့ မြေးလေးဦးတို့သည် ဧပြီလက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့ပါတယ်။

ကလေးသေဆုံးမှုများသည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံတွေ လွှတ်ပေးရေးဆိုင်ရာ ညှိနှိုင်းမှုများကို ထိခိုက်မည်မဟုတ်ကြောင်း အဲ့ဒီအချိန်အ ဟာနီယာက ပြောကြားခဲ့ပါတယ်။

ကိုးကား။ CNN

Vahid Salemi/AP/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က