အောက်တိုဘာလ (၃၀) ရက်။
နေပြည်တော်မှာ တစ်ဆောက်နေတဲ့ ပိုလီတက္ကနစ်တက္ကသိုလ် (Naypyitaw State Polytechnic University) ကို ဒီနေ့ မနက်မှာ စစ်အုပ်စုခေါင်းဆောင် သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုခေါင်းဆောင်က ဒီတက္ကသိုလ်ဟာ အများပြည်သူနဲ့ ကျောင်းသား၊ ကျောင်းသူတေ စိတ်ဝင်စားမှုရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်တဲ့အတွက် တက္ကသိုလ်ရှိ အဆောင်တွေအားလုံး အဆင့်မီ တည်ဆောက်ဖို့နဲ့ အနာဂတ်အခြေအနေတွေကို ထည့်သွင်းစဉ်းစားတည်ဆောက်သင့်တဲ့ အခြေအနေတွေကိုလည်း မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုခေါင်းဆောင်နဲ့ စစ်အုပ်စုက စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်လိုပဲ တက္ကသိုလ်တွေ တည်ဆောက်ပေမယ့် ဆရာကောင်းလည်းမရှိ၊ တက်မယ့်ကျောင်းသားကျောင်းသူတွေကလည်း တကယ် အရည်အချင်း မရှိလည်း ကျောင်းတက်တာနဲ့အောင်နေတဲ့ စစ်အုပ်စုရဲ့ စနစ်ထဲမှာ ပြုစုပျိုးထောင်ထားတဲ့ လူငယ်တွေဟာလည်း စစ်ခေါင်းဆောင်လိုပဲ မဟုတ်တာမှန်သမျှ မလုပ်ရဲတာ ဘာမှမရှိတဲ့လူငယ်တွေ၊ အရှုံးကိုလည်း လက်မခံနိုင်တဲ့လူငယ်တွေ ငါကောင်းရင်ပြီးရော ကျန်တဲ့သူဘယ်လို ဖြစ်ဖြစ်ဆိုတဲ့ အတ္တကြီးမားတဲ့သူအဖြစ်နဲ့သာကြီးပြင်းလာမှာ ဖြစ်တယ်လို့ နိုင်ငံရေးသုတေသီတဦးက ပြောပါတယ်။