နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယား ပျံသန်းချိန် အကြာဆုံး ဒုံးကျည်ပစ်လွှတ်

တိုကျိုနှင့် ဆိုးလ်CNN —

အောက်တိုဘာလ ၃၁ ရက် ကြာသပတေးနေ့ မနက်ပိုင်းက တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါသည်။ ဤစမ်းသပ်မှုသည် မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုတွင် ပျံသန်းချိန် အကြာဆုံးဟု ယူဆရပါသည်။

အဆိုပါ စမ်းသပ်မှုသည် အင်္ဂါနေ့တွင် ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာပြီး ရွေးကောက်ပွဲ ကျင်းပချိန် ဝန်းကျင်တွင် ၎င်း၏ဖောက်ထွင်း ဝင်ရောက်မှု နည်းပညာကို စမ်းသပ်သည့် ICBM ဒုံးကျည်ကို မြောက်ကိုရီးယားမှ ပစ်လွှတ်ရန် စီစဉ်နေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီမှသတိပေးချက် ထုတ်ဖော်အပြီးတွင် ပစ်လွှတ်ခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားထုတ်လုပ်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ကာ ရုရှားနှင့် ဆက်ဆံရေးကို ခိုင်ခံ့အောင်ပြုလုပ်ထားပုံရပြီး အထီးကျန်နိုင်ငံ၏ ဦးတည်ချက်အပေါ် အနောက်နိုင်ငံများ၏ စိုးရိမ်ပူပန်မှု ပိုမိုနက်ရှိုင်းလာခြင်းကြောင့်လည်း အဆိုပါ စမ်းသပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည်သည် အမြင့်ထောင့်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဒေါင်လိုက် အပေါ်တည့်တည့် နီးပါး ပျံသန်းကာ ကီလိုမီတာ 1,000 (မိုင် 620) အကွာအဝေးသို့ ခရီးနှင်ခဲ့ကြောင်း တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ (JCS) မှ ပြောကြားခဲ့သည်။

ဂျပန်အာဏာပိုင်များကဒုံးကျည်သည် ၈၆ မိနစ်ခန့် ပျံသန်းနိုင်ပြီး အမြင့်ပေ ၇,၀၀၀ ကီလိုမီတာ (မိုင် ၄,၃၅၀) သို့ ပျံတက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နံနက် ၈ နာရီ ၃၇ မိနစ်ခန့်တွင် ဟိုကိုင်းဒိုးမြောက်ပိုင်းရှိ အိုကူရှီရီ (Okushiri) ကျွန်းအနောက်ဘက် ပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်းဆိုသည်။

“ပျံသန်းချိန်က အကြာရှည်ဆုံးပါ။ အသစ်ဆုံး ဒုံးကျည်လည်း ဖြစ်နိုင်ပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာတာနီဂင်းက ပြောကြားခဲ့သည်။

ဆိုးလ်၏ JCS ပြောရေးဆိုခွင့်ရှိသူ လီးဆောင်ဂျုံး (Lee Sung-joon) က ၎င်းသည် လွန်ခဲ့သည့်လက ပြုံယမ်းမှ ထုတ်ဖော်ပြသခဲ့သည့် 12-axis မိုဘိုင်းလောင်ချာ (TEL) မှ ပစ်ခတ်နိုင်သော “အမျိုးအစားသစ် လောင်စာအစိုင်အခဲသုံး-တွန်းပို့ တာဝေးပစ်ဒုံးကျည်” ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ Hwasong-18 ကဲ့သို့သော အစိုင်အခဲလောင်စာသုံး ဒုံးကျည်များသည် ပြုံယမ်း၏ တာဝေးပစ်နျူကလီးယားတိုက်ခိုက်မှုများကို အရည်-လောင်စာနည်းပညာသုံး ဒုံးကျည်များထက် ပိုမိုမြန်ဆန်စွာ ပစ်လွှတ်နိုင်မည်ဖြစ်သည်။

အစိုင်အခဲလောင်စာသုံး ICBM များသည် ပိုမိုတည်ငြိမ်ပြီး ပစ်လွှတ်မှုကိုပြင်ဆင်ချိန် မိနစ်ပိုင်းအတွင်း ပြုလုပ်နိုင်ပြီး ထောက်လှမ်းမှုကို ရှောင်ရှားရန် ပိုမိုလွယ်ကူစွာ ရွှေ့ပြောင်းနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အရည်လောင်စာသုံး ဒုံးကျည်များနှင့် နှိုင်းယှဉ်ပါက၊ ထိုဒုံးကျည်များသည် ပစ်လွှတ်ခြင်းမပြုမီ နာရီပေါင်းများစွာ ပြင်ဆင်ရန် လိုအပ်ပြီး ရန်သူများက ရှာဖွေ ဖျက်စီးနိုင်ရန်အတွက် အချိန်ယူရခြင်းတို့ကြောင့် လုံခြုံမှုနည်းပါးသည်။

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုသည် “ကမ္ဘာ့အင်အားအကြီးဆုံး ဗျူဟာမြောက် အဟန့်အတားပြုနိုင်ခြင်း၏ ခေတ်မီမှုနှင့် ချီးမွမ်းထိုက်မှုကို ပြသခဲ့သည်” ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် ဒုံးကျည်ပစ်လွှတ်သည့်နေရာ၌ ရှိနေကြောင်းနှင့် အဆိုပါစမ်းသပ်မှုကို “ သင့်လျော်သော စစ်ရေးဆောင်ရွက်မှု” ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အကယ်၍ အဆိုပါ ဒုံးကျည်သည် ICBM ဖြစ်ကြောင်း အတည်ပြုပါက ၎င်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ Hwasong-18 ဒုံးကျည် စမ်းသပ်မှုနောက်ပိုင်း မြောက်ကိုရီးယား၏ ပထမဆုံးသော ပစ်လွှတ်မှု ဖြစ်လာမည်ဖြစ်သည်။

ဒီဇင်ဘာ စမ်းသပ်မှုအတွင်း ဂျပန်အာဏာပိုင်များက အဆိုပါ ဒုံးကျည်သည် အလွန်မြင့်သော လမ်းကြောင်းတွင် ၇၃ မိနစ်ခန့်နှင့် အမြင့်ပေ ၆၀၀၀ ကီလိုမီတာ (မိုင် ၃၇၀၀) သို့ ပျံသန်းခဲ့ကြောင်း သိရသည်။

ကြာသပတေးနေ့က စမ်းသပ်မှုမှ ဒုံးကျည်သည် မြောက်ကိုရီးယား၏ ယခင် ICBM စမ်းသပ်မှုထက် မြင့်မားစွာ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ကနဦးသုံးသပ်ချက်အရ သိရသည်။

ဒုံးကျည်သည် အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရန် အကွာအဝေးကို ပြသထားသော်လည်း နိုင်ငံကို ထိမှန်ရန် ပိုမိုနိမ့်သော လမ်းကြောင်းဖြင့် ပစ်ခတ်ရန် လိုအပ်မည်ဖြစ်သည်။

အိမ်ဖြူတော်က အဆိုပါစမ်းသပ်မှုကို “ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အများအပြားကို ထင်ရှားစွာ ချိုးဖောက်ခြင်း” အဖြစ် ရှုတ်ချခဲ့သည်။

အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ရှောင်းဆာဗက် (Sean Savett) က အဆိုပါ ပစ်လွှတ်မှုသည် ဒေသတွင်း တင်းမာမှုများကို မလိုအပ်ဘဲ မြင့်တက်စေပြီး အမေရိကန်သည် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်မဟာမိတ်များ၏ လုံခြုံရေးကို သေချာစေရန်အတွက် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီယားလက်နက်နည်းပညာနဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး

+++++++++++++++++

ဒုံးကျည်ပစ်လွှတ်သည့်နေရာ၌ ကင်ဂျုံအွန်က ၎င်း၏နိုင်ငံသည် ၎င်း၏နျူကလီးယား တပ်ဖွဲ့များကို မြှင့်တင်အားပေးသည့်လမ်းကြောင်းကို မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ကြောင်း ကင်ဂျုံအွန်က အတည်ပြုပြောကြားခဲ့သည်။

ICBM စမ်းသပ်မှုအပြင် တောင်ကိုးရီးယား စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီကလည်း မြောက်ကိုရီးယားသည် ၎င်း၏သတ္တမမြောက် နျူစမ်းသပ်မှုကို မကြာမီပြုလုပ်နိုင်မည်ဟု သတိပေးခဲ့သည်။

ပြုံးယမ်းသည် ၎င်း၏ Punggye-ri စမ်းသပ်သည့်နေရာ၌ ယင်းစမ်းသပ်မှုပြုလုပ်ရန် ပြင်ဆင်မှုများ ပြီးဆုံးခဲ့ကြောင်း အေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး ယင်းစမ်းသပ်မှုသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလတွင် ဖြစ်ပွားနိုင်ကြောင်း လွှတ်တော်အမတ်နှစ်ဦး၏ ပုံမှန်လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်က ၎င်း၏ပထမဆုံး နျူကလီးယား စမ်းသပ်မှု ပြုလုပ်ပြီး ကတည်းက မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်တွင် တပ်ဆင်နိုင်သည့် ဒုံးကျည်ထိပ်ဖူး အသေးစားတစ်ခုပြုလုပ်ရန် ရည်မှန်းချက်ဖြင့် ၎င်း၏လက်နက်စွမ်းရည်ကို မြှင့်တင်ခဲ့သည်။

ယူကရိန်းနှင့် မော်စကိုရှိ ရှေ့တန်းစစ်မျက်နှာကို ရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီဆိုသည့် မျှော်လင့်ချက်နှင့် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရုရှားတွင် လေ့ကျင့်နေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား အရာရှိများက ပြောကြားပြီးနောက် ယခုကဲ့သို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်ပါသည်။

ရုရှားနိုင်ငံ အရှေ့ပိုင်းတွင် မြောက်ကိုရီးယား စစ်သား ၁၀,၀၀၀ ခန့် စစ်ရေးလေ့ကျင့်မှု ခံယူနေကြောင်း ပင်တဂွန် စစ်ဌာနချုပ်က တနင်္လာနေ့တွင် ခန့်မှန်းသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင် (Lloyd Austin) က တပ်ဖွဲ့ဝင်အချို့သည် ယူကရိန်းနှင့် နီးကပ်လာခဲ့ပြီး ရုရှားစစ်ယူနီဖောင်းများ ပေးအပ်ပြီး ရုရှားလက်နက်ကိရိယာများကို အသုံးပြုနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းက မြောက်ကိုးရီးယားသည် ရုရှားနိုင်ငံအား ကူညီရန် တပ်ဖွဲ့ဝင်များချထားခြင်းနှင့် လဲလှယ်ခြင်းဖြင့် နျူကလီးယား လက်နက်နှင့်ပတ်သက်သည့် အဆင့်မြင့်နည်းပညာများပေးရန် မော်စကိုအား ပြန်လည်တောင်းဆိုဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုးရီးယား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ၊ ကင်းထောက်ဂြိုလ်တုများနှင့် နျူရေငုပ်သင်္ဘောများဆိုင်ရာ ဗျူဟာမြောက်နျူကလီးယားလက်နက်များနှင့် စပ်လျဉ်းသည့် ရုရှားနည်းပညာလွှဲပြောင်းမှုများကို ပြုံယမ်းက တောင်းဆိုဖွယ်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား