ဒီဇင်ဘာလ (၃၁)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီအချိန်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ရဲ့ ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တိုက်ပွဲဖြစ်တာမရှိဘဲ PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၄)လုံးကြဲသွားတာ၊ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ PNLO/PNLA ရဲ့ ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဌာနချုပ်ထဲက ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PNLO/PNLA အနေနဲ့ ထိန်းချုပ်နယ်မြေထဲ အခြေပြုနေထိုင်နေတာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းအရင်းမရှိ စစ်ကောင်စီက တမင်သက်သက် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။
အခု ၂၀၂၄ခုနှစ် နှစ်ဝက်တာကာလထဲ ပအိုဝ်းဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ (၅၀၀)နီးပါးအထိရှိခဲ့ပြီး တိုက်ပွဲတွေထဲ အရပ်သားသေဆုံးသူ (၁၀၀)ကျော်ရှိတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။