ဒီဇင်ဘာလ (၃၁)ရက်။
မနေ့က ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပပြုလုပ်တဲ့နေရာအချို့ကို စစ်ကောင်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ဒူးသထူခရိုင်ရှိ ယိုကလားနဲ့ ထီးဖဒိုထာအကြားနဲ့ မူတြော်ခရိုင်က နိုဖောထီးရွာတို့မှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးနေ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အားကစားပွဲတွေ ကျင်းပတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသမိုင်းတလျှောက် အစိုးရအဆက်ဆက်ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားတိုက်ခိုက်တဲ့ သမိုင်းဝင် သင်္ကေတလက္ခဏာတရပ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလုပ်ရပ်ဟာ စစ်ခေါင်းဆောင်က ကရင်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ကရင်နှစ်သစ်ကူးပွဲကို ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး သေစွန်းပြီး သေကြေပျက်စီးစေဖို့ ရည်ရွယ်တဲ့လုပ်ရပ်လို့ KNU က ပြောဆိုထားပါတယ်။
နောက်ပြီး မြန်မာနိုင်ငံကို ဖျက်ဆီးနေတဲ့ အဓိကတရားခံဟာ စစ်တပ်သာဖြစ်ပြီး နိုင်ငံပြောင်းလဲမှုကို လိုလားတဲ့ တပ်ဗိုလ်၊ တပ်မှူးတွေက ဦးဆောင်ပြီး သမိုင်းသစ်ကိုဖန်တီးဖို့ တာဝန်ရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ စစ်တပ်ထဲက ပြည်သူကို အမှန်တကယ်ကာကွယ်လိုသူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်တဲ့လမ်းကြောင်းကနေ စစ်တပ်ကို ထူထောင်တဲ့လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။