နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

မလေးရှားနိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ

ဧပြီလ (၁) ရက်။

ကွာလာလမ်ပူမြို့ အပြင်ဘက်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး မီးလောင်မှုကြောင့် အနည်းဆုံး အိမ်ခြေ ၄၉ လုံး ပျက်စီးခဲ့ပြီး လူ ၁၁၂ ဦး ဒဏ်ရာရရှိကာ မီးလောင်ဒဏ်ရာများနှင့် အခြားဒဏ်ရာရရှိသူ ၆၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် နေအိမ်အများအပြားသို့ ပျံ့နှံ့သွားပြီး မလေးရှားနိုင်ငံ၏ အကြီးဆုံးမြို့ အပြင်ဘက် ကောင်းကင်ယံသို့ အင်္ဂါနေ့က မီးလုံးတစ်ခု ပျံတက်သွားကာ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ကွာလာလမ်ပူမြို့အပြင်ဘက် ပွတ်တရာဟိုက် (Putra Heights) ရှိ ဓာတ်ဆီဆိုင်အနီးတွင် ကြီးမားသော မီးလောင်မှုအား မိုင်ပေါင်းများစွာ မြင်တွေ့ရပြီး နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ မလေးရှားမှာ လူများစုဖြစ်တဲ့ မွတ်ဆလင်ဘာသာဝင်များ၏ အီးဒ်နေ့ကို ဒုတိယမြောက်နေ့ ကျင်းပနေပြီး အများပြည်သူရုံးပိတ်ရက်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားရေနံကုမ္ပဏီ ပက်ထရိုနစ် (Petronas) က ၎င်း၏ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုတွင် နံနက် ၈ နာရီ ၁၀ မိနစ် (တနင်္လာနေ့ ည ၈ နာရီ ၁၀ မိနစ်) တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ထိခိုက်မိသော ပိုက်လိုင်းသည် နောက်ပိုင်းတွင် သီးခြားခွဲထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆို့ရှင်များကို ပိတ်လိုက်နိုင်သည့်အတွက် နောက်ဆုံးတွင် မီးကို ငြှိမ်းသတ်နိုင်မည် ဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တစ်ကြိမ်တွင် အထပ် ၂၀ မြင့်အထိ မြင့်တက်ခဲ့ပြီး မီးတောက်သည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးသတ်သမားများက ချဉ်းကပ်နိုင်သည်အထိ လျော့ကျသွားခဲ့ကြောင်း ဆီလန်ဂေါပြည်နယ် မီးသတ်ဌာနက Star သတင်းစာသို့ ပြောကြားခဲ့သည်။

အနည်းဆုံး နေအိမ် ၄၉ လုံး ပျက်စီးခဲ့ပြီး လူ ၁၁၂ ဦး ဒဏ်ရာရရှိကာ မီးလောင်ဒဏ်ရာများ၊ အသက်ရှုကျပ်ကာ အခြားဒဏ်ရာရရှိသူ ၆၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆီလန်ဂေါ ဒုတိယရဲချုပ် မိုဟာမက် ဇာအီနီ အဘူဟာဆန် (Mohamad Zaini Abu Hassan) ၏ ပြောကြားချက်ကို ကိုးကား၍ ဘာနာမာ (Bernama) သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

ဆီလန်ဂေါပြည်နယ် ဝန်ကြီးချုပ်အာမီရူဒင်ရှာရီ (Amirudin Shari) က မီးသတ်တပ်ဖွဲ့သည် အနီးနားရှိ နေအိမ်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်သည်အထိ နေထိုင်သူများကို အနီးနားရှိ ဗလီများတွင် ထားရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီးလုံးများပျံတက်နေပုံနှင့် ဗီဒီယိုများသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး အချို့သောအိမ်များ၏ တံခါးနှင့် ပြတင်းပေါက်များ တုန်ခါမှုနှင့်အတူ ပြင်းထန်စွာ တုန်လှုပ်သွားသည်ဟု ဒေသခံများက ဆိုကြသည်။

ဘယ်ခြေထောက်တွင် မီးလောင်သွားသည့် လီဝမ်ကန် (Lee Weng Ken) က “ သူ့အိမ်ရဲ့ မျက်နှာကျက် ပြိုကျပြီး အိမ်ဝင်းထဲမှာ ရပ်ထားတဲ့ ကားက ကြေမွသွားတာကို မြင်လိုက်ရတဲ့အခါ သူအတော် တုန်လှုပ်သွားတယ်” ဟု ပြောခဲ့ပါသည်။

“ကျွန်မအိမ်ထဲက အပြေးအလွှားထွက်ခဲ့ပေမယ့် အိမ်နားမှာ မီးအပူရှိန်ဟပ်မှုကြောင့် လဲကျပြီး မီးဟပ်ခဲ့ပြီး မီးလောင်ဒဏ်ရာ ရခဲ့ပါတယ်” ဟု ဘာမာနာ(Bernama) သတင်းသို့ ပြောကြားခဲ့သည်။

ထိခိုက်မှုမရှိသော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ဓာတ်ဆီဆိုင် ၃ ရုံကို ပိတ်ထားကြောင်း ပက်ထရိုနာ့စ် (Petronas) မှ ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 59 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 172 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ