နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်ရှိ ရီပတ်ဘလီကန်ခေါင်းဆောင်များသည် သမ္မတတတိယသက်တမ်းအတွက် ထရန့်၏ ပြောဆိုချက်ကို ရှုတ်ချခဲ့သည်။

++++++++++++++++++

ထရန့်သည် တတိယသက်တမ်းအတွက် သူအရွေးခံနိုင်ဖွယ်ရှိသည် ဆိုခြင်းမှာ “နောက်ပြောင်ပြောဆိုခြင်းမဟုတ်” ကြောင်း NBC News သို့ ပြောကြားခဲ့သည်။ သို့ရာတွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ် ဒီလို လုပ်လို့မရဘူး” ဟု ရီပတ်ပလီကင် GOP လွှတ်တော်အမတ်များက ပြောဆိုကြသည်။

ဝါရှင်တန်၊ ကာပီတိုလ်ဟေးလ်ရှိ ထိပ်တန်းရီပတ်ဘလီကန်အမတ်များသည် သမ္မတ ဒေါ်နယ်ထရန့် ၏ တတိယမြောက်သက်တမ်းအတွက် အရွေးခံမည့် အလားအလာရှိသော မိန့်ခွန်းကို အားပေးထောက်ခံမှု မပြုဘဲ နှိမ့်ချခဲ့သည်။

ဥပဒေပြုအမတ်အများအပြားက ထရမ့်သည် ၎င်းနှင့်ပတ်သက်၍ အလေးအနက်မထားကြောင်း အခိုင်အမာပြောကြားခဲ့သော်လည်း တနင်္ဂနွေနေ့ NBC သတင်းကို ထရန့်က နောက်ထပ်သက်တမ်းတစ်ခု သူဆက်လက်တာဝန်ယူခြင်းနှင့်ပတ်သက်၍ “ နောက်ပြောင်ပြောဆိုခြင်း“ မဟုတ်ကြောင်း ဆိုခဲ့ပြီး နောက်ထပ်သက်တမ်းတစ်ခုတိုးခြင်း” နှင့် ပတ်သက်၍ “လုပ်ဆောင်ရန် နည်းလမ်းများ” ရှိကြောင်းလည်း ပြောကြားထားသည်။ အခြေခံဥပဒေပုဒ်မ ၂၂ ကြိမ်မြောက် ပြင်ဆင်ချက်အောက်တွင် သက်တမ်းနှစ်ဆက်ထက် ပို၍ သက်တမ်းတိုးခြင်းကို တားမြစ်ထားသည်။

ဆီးနိတ်လူများစုခေါင်းဆောင် R-S.D. ဂျွန်သွန်းကို အသက် ၇၈ နှစ်အရွယ် ထရန့်သည် တတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်သည်ကို ယုံကြည်ခြင်း ရှိမရှိ မေးမြန်းရာ တနင်္လာနေ့တွင် ၎င်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြောင်းလဲဘဲ မရပါဘူး” ဟု ပြောကြားခဲ့သည်။

ထရန့်သည် ထိုကိစ္စကို အလေးအနက်ထားပုံမပေါ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ မင်းတို့က ဒီမေးခွန်းကို ဆက်မေးနေတာကြောင့် သူလည်း မင်းတို့ကို ဟာသလုပ်ချင်တာနဲ့ မင်းတို့တွေ စိတ်ရှုပ်ထွေးအောင် လုပ်တာဖြစ်နိုင်တယ်” ဟု သွန်း က သတင်းထောက်များကို ပြောသည်။

နောက်ထပ် ထိပ်တန်း ရီပတ်ဘလီကန်တဦးကလည်း “ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းပါတယ်” ဟုဆိုသည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ပါ” ဟု ဆီးနိတ်ဥက္ကဌနှင့် တရားစီရင်ရေးကော်မတီဥက္ကဌ အိုင်အိုဝါ ရီပတ်ပလီကင် ဆီနေတာ ချတ်ဂရပ်လေ (Chuck Grassley) မှ ပြောကြားခဲ့သည်။

၎င်းသည် ထရန့်အတွက် ရွေးချယ်စရာမဟုတ်ဟု ယုံကြည်ခြင်း ရှိမရှိထပ်မံမေးမြန်းရာတွင် ချတ်ဂရပ်လေက “ ကျွန်တော် ဒါကိုဖြေစရာမလိုပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ပါ။”

၂၀၁၆ ခုနှစ်တွင် ထရန့်ကို ဆန့်ကျင်ယှဥ်ပြိုင်ပြီး သမ္မတအရွေးခံခဲ့သော တက္ကဆက်ပြည်နယ်မှ အထက်လွှတ်တော်အမတ် တက်ခရု့စ် (Ted Cruz) သည်လည်း အလားတူ အဖြေပေးခဲ့သည်။ “ ၂၂ ကြိမ်မြောက် ပြင်ဆင်ချက်သည် ရှင်းရှင်းလင်းလင်းနှင့် ပြတ်သားစွာ ရှိသည်” ဟု ခရု့စ်က တနင်္လာနေ့ အတိုချုံးအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ရင်းနှီးသောထရန့်၏ မဟာမိတ်ဖြစ်သော အို့ကလာဟိုးမားမှ ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်း မူလင် (Markwayne Mullin) က ထရန့်က “ ဒါဟာ သမ္မတရဲ့ နောက်ပြောင်မှု” ဟု ပြောပါသည်။

“ကျွန်တော် သူ့ကို သိတာကြာပါပြီ၊ သူ့ကို သူငယ်ချင်းတစ်ယောက်လို့ မှတ်ယူပါတယ်” ဟု မူလင်က NBC News သို့ ပြောကြားခဲ့သည်။

ထရန့်က တတိယအကြိမ်မြောက် သမ္မတဖြစ်ရင် ကန့်ကွက်မှာလားဟု မေးသည့်အခါ မူလင်က “ ကျွန်တော် စိတ်ကူးမယဥ်တတ်ပါဘူး” ဟု ဆိုသည်

အောက်လွှတ်တော်ရှိ ကက်ပီတော်(Capitol) တွင် ရီပတ်ပလီကင်လူများစုခေါင်းဆောင် စတီ့ဗ် စကာလိုက်စ် (Steve Scalise) က ထိုအကြံအစည်ကိုပယ်ချခဲ့ပြီး ထရန့်သည် စိတ်ကူးများနှင့် သဘောတရားများကို အောင်မြင်ရန် ထုတ်ဖော်ပြောဆိုနေခြင်းမဟုတ်ဘဲ ဆွေးနွေးမှုများ ပြုလုပ်နေရန်ပြုခဲ့ခြင်းဖြစ်သည်ဟု ထင်မြင်ချက်ပေးခဲ့သည်။

“ သူဘာကို ရည်ညွှန်းနေတယ်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး” ဟု ထရန့် ၏မှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်းခံရချိန်တွင် စကာလိုက်စ်က ပြောကြားခဲ့သည်။ “ ဒါပေမယ့် ပနားမားတူးမြောင်းလို ဂရင်းအိုင်လန်လို သူပြောနေတာနဲ့တူတယ်လို့ ခင်ဗျား မြင်နိုင်ပါတယ်။ သမ္မတကြီး ပြောနေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ နောက်ဆုံးတော့ လူတွေပြောနေကြသလို တခြားပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။”

ထရန့်၏တတိယ သမ္မတသက်တမ်းအတွက် အရွေးခံခွင့်ပြုရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲခြင်းကို ထောက်ခံမည်လားဟု ဖိအားပေးခဲ့သော်လည်း စကာလိုက်စ် သည် ယယင်းကို လျင်မြန်စွာပယ်ချခဲ့သည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ လောလောဆယ် အဆိုမရှိဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် ရီပတ်ဘလစ်ကန်တစ်ဦးကတော့ အလားအလာရှိသော တတိယသက်တမ်းအတွက် ထရန့်ကို အလေးအနက်ထားနေပါသည်။ တင်နက်ဆီမှ ကိုယ်စားလှယ် အင်ဒီ အော့ဂ်လက်စ် (Andy Ogles) သည် ယခုနှစ်တွင် ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သုံးရက်အကြာတွင် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ပြင်ဆင်ချက်တွင် သမ္မတသည် နှစ်နှစ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အရည်အချင်း ပြည့်မီတော့မည် မဟုတ်ကြောင်း တားမြစ်ထားချက်ကို ပယ်ဖျက်ပြီး သက်တမ်းတိုး၍ သမ္မတများကို အများဆုံး သက်တမ်းသုံးကြိမ်အထိ ထမ်းဆောင်နိုင်ခွင့်ပေးမည်ဖြစ်သည်။

“ သူက ကျွန်တော်တို့နိုင်ငံရဲ့ ပျက်စီးယိုယွင်းမှုကို ပြန်လှန်ကာ အမေရိကကို ကြီးမြတ်မှုဆီကို ပြန်လည်တည်ဆောက်နေတဲ့ ခေတ်သစ်သမိုင်းမှာ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး၊ သူရဲ့ ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်ရန် လိုအပ်သောအချိန်ကို ပေးရမယ်” ဟု အော့ဂ်လက်စ် က သမတသက်တမ်းနှင့်ပတ်သက်ပြီး မိတ်ဆက်ချိန်တွင် ပြောကြားခဲ့သည်။

အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံနှင့် ပြည်နယ်ဥပဒေပြု လွှတ်တော် များ၏ လေးပုံတစ်ပုံ၏ ထောက်ခံမှု လိုအပ်သောကြောင့် အဆိုပါ အတိုင်းအတာအထိသည် အလွန်အောင်မြင်ရန် မဖြစ်နိုင်ပေ။ ဒီမိုကရက်များသည် ကွန်ဂရက်တွင် ၎င်းကို အလွယ်တကူ ပိတ်ဆို့နိုင်သည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရွေးချယ်ခွင့်မရှိဘူး၊ ဒါက လက်တွေ့ပြသပွဲတစ်ခု မဟုတ်ဘူး။ ဒါဟာ လက်တွေ့ပါပဲ။ သက်တမ်းနှစ်ခု ဒါပါပဲ” ဟု တက္ကဆက် ဒီမိုကရက် အောက်လွှတ်တော်အမတ် ဂျက်စ် မိုင်း ခရော့ကက် (Rep. Jasmine Crockett) က ထရန့်၏ မှတ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် X တွင် ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း၊ ထရန့်သည် တတိယသက်တမ်း၏ ရှုထောင့်ကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ အောက်လွှတ်တော် ရီပတ်ဘလီကန်များ၏ ဇန်နဝါရီလ ၂၇ ရက်က ဖလော်ရီဒါ ပြည်နယ် ဒိုရယ် (Doral) ရှိ ထရန့်၏ အပန်းဖြေစခန်းမှ ပြန်လည်ထွက်ခွာစဉ် အိမ်ဖြူတော်တွင် နောက်ထပ်သက်တမ်းတစ်ခု ထမ်းဆောင်လိုကြောင်း ရုပ်မြင်သံကြားကင်မရာရှေ့တွင် သူက မှတ်ချက်ပေးခဲ့ပါသည်။

အထူးသဖြင့် ထရန့်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှေ့နေဟောင်းလည်းဖြစ် အောက်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ မိုက်ဂျွန်ဆင် (Mike Johnson) ကို “ ငါထပ်ပြီး အရွေးခံခွင့်ရှိလား” ဟု ထရန့်က မေးခဲ့ပါသည်။

သသို့သော်လည်း သူက လျင်မြန်စွာ “မိုက်၊ ဒီကိစ္စမှာ မင်းဝင်မပါတာ ပိုကောင်းမယ်” ဟု ပြင်ဆင်ပြောခဲ့သည်။

အဆိုပါ မှတ်ချက်များသည် အခန်းတွင်းရှိ ဂျွန်ဆင်နှင့် အခြားသော ရီပတ်ပလီကင်များထံမှ ရယ်မောခြင်းဖြင့် ၎င်းကို ဟာသအဖြစ် သဘောထားလိုက်သည်။ နောက်နေ့တွင် ဂျွန်ဆင်က “နောက်ပြောင်ပြောဆိုတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ဆိုသည်။

ဒိုရယ်အပန်းဖြေနေရာတွင် ၎င်း၏မှတ်ချက်များ မပေးမီရက်များက ထရန့်သည် လာ့စ်ဗေးဂတ် (Las Vegas) ရှိ ထောက်ခံသူလူအုပ်အား “တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် သို့မဟုတ် လေးကြိမ် တာဝန်ထမ်းဆောင်ရခြင်းသည် ကျွန်တော့်ဘဝအတွက် အကြီးကျယ်ဆုံး ဂုဏ်ယူစရာဖြစ်လိမ့်မည်” ဟု နောက်ပြောင်ပြောခဲ့သည်။

နိုဝင်ဘာလတွင် ကင်မလာဟဲရစ်ကို အနိုင်ယူပြီး မကြာမီတွင် အောင်ပွဲခံချိန်တွင် ထရန့်သည် ကက်ပီတယ်ဟေး (Capitol Hill) တွင် အောက်လွှတ်တော် ရီပတ်ဘလီကန်များနှင့် ပွေ့ဖက်ကာ “ မင်းတို့တစ်ခုခု မလုပ်ရင် ငါ နောက်တစ်ကြိမ် ထပ်မပြိုင်နိုင်တော့ဘူးလို့ သံသယဖြစ်မိတယ်” လို့ ပြောခဲ့ပါတယ်။

House Appropriations Committee Chairman Tom Cole, R-Okla., said

အောက်လွှတ်တော်အစိုးရအသုံးစရိတ်ကော်မတီ (House Appropriations Committee) ဥက္ကဌ ရီပတ်ပလီကင် အမတ် တွမ် ကိုးလ် (Tom Cole, R-Okla.) က ထရန့် ၏တတိယ သက်တမ်းအတွက် အရွေးခံရန်အခွင့်အလမ်းသည် အလွန်နည်းပါးပြီး ထရန့်၏မှတ်ချက်ပေး‌ ပြောကြားချက်များသည် သူ့ကိုပေးထားသည့်အတိုင်းအတာအတွင်း နိုင်ငံရေးအရ လုပ်ဆောင်နိုင်ခြေကို ပြောဆိုလိုခြင်းသာ ဖြစ်ပုံရသည်ဟု ဆိုသည်။

“ သမ္မတပြောသမျှကို ခေါင်းထဲကထုတ်ပစ်ဖို့ ဘယ်တော့မှ သင်ယူမထားခဲ့ပါဘူး၊ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးတော့ လိုလိမ့်မယ်၊ လိုအပ်မယ့် ပြည်နယ်အလိုက် ဒီမိုကရက်တစ်တွေရဲ့ ထောက်ခံမှုကို ရနိုင်မယ် မထင်ဘူး” ဟု ကိုးလ်က NBC သတင်းကို တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကိုးလ်က “ ဒါက နိုင်ငံရေးအရ ဆက်နွှယ်နေဖို့ အများကြီးပဲ။ သက်တမ်း ကန့်သတ်ချက်နှစ်ခုက သင့်လျော်တယ်လို့ ထင်ရတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒါကို ဖောက်ဖျက်ဖို့ဆိုတာ အရမ်းခက်ခဲမယ်လို့ ကျွန်တော်ထင်ပါတယ်။”

ဝါရှင်တန်တစ်ဝိုက်တွင် ပျံ့လွင့်နေသည့် အယူအဆတစ်ခုမှာ ဒုတိယသမ္မတဂျေဒီဗန့် သည် ၂၀၂၈ ခုနှစ်တွင် သမတ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပြီး၊ ထရန့်သည် သူ၏ဒုသမတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဂျေဒီဗန့်သည် သမတရာထူးမှနုတ်ထွက်ကာ သမ္မတရာထူးကို ထရန့်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။

ကိုးလ်က ထိုအယူအဆကို “ စိတ်ဝင်စားစရာ” ကောင်းသည်ဟု ပြောဆိုခဲ့သော်လည်း “ ဒီအချက်ကို အလေးအနက်ထား ဆွေးနွေးဖို့ဆိုတာ အလွန်စိတ်ကူးယဉ်လွန်းတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

NBC News သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 101 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 94 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု