နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG အစိုးရအဖွဲ့ဝင်တွေကို ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့ ယာယီသမ္မတပြော

ဇန်နဝါရီလ (၂)ရက်။

NUG အစိုးရအဖွဲ့ဝင်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ ကျနော်တို့ အစိုးရအဖွဲဝင်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေသလို လက်ရှိ ပြည်တွင်းအခြေအနေအရ မြေပြင်မှာ အင်အားတွေ လာရောက်စုစည်းရမယ့် လုပ်ငန်းစဥ်တွေကို လည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်” လို့ ဆိုပါတယ်။

တော်လှန်ရေးလုပ်ငန်းစဥ်တွေမှာ ခေါင်းဆောင်မှုနဲ့ မြေပြင်အကောင်အထည်တာတွေဟာ ကွာဟနေလို့မရသလို အလှမ်းဝေးနေလို့ မရတာကြောင့် ပြည်တွင်းမှာ ပြန်လည်အခြေတည်ရမယ့် ခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဆက်လက်ဦးဆောင်မှု ပြုစေမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာဆက်ဆံရေးအတွက် လိုအပ်တဲ့ ဝန်ကြီးဌာနတွေကိုလဲ ပြည်ပမှာ ဆက်လက်ရှိနေစေဖို့ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတက အသိပေးပြောဆိုထားပါတယ်။

နောက်ပြီး အစိုးရအဖွဲ့ထဲ အခုအခြေအနေထက် ပိုမိုဦးဆောင်နိုင်မယ့်သူတွေကို လိုအပ်နေကာ အခုရာထူးနေရာတွေမှာ အစားထိုး တာဝန်ထမ်းဆောင်နိုင်သူတွေရှိရင် ပခုံးထမ်းလွှဲပြောင်းပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူထုရဲ့ တာဝန်ပေးချက်အရ တော်လှန်ရေးတာဝန်တွေကို ထမ်ဆောင်နေရတဲ့ NUG အစိုးရအနေနဲ့ ရာထူးထိုင်ခုံတွေကို ဖက်တွယ်တာမဟုတ်သလို အစိုးရအခန်းကဏ္ဍကို တိုးချဲ့တာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုထားပါတယ်။

အခုနှစ်မှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတွေက အခုထက်ပိုပြီး နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ယာယီသမ္မတက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 19 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 31 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 33 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 30 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို
မြန်မာသတင်း

မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်အောက်လွှတ်တော်အမတ်တွေက ကြားနာပွဲတရပ် ကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 41 Views
နိုဝင်ဘာလ (၂၂)ရက်။ မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့တဲ့အပေါ် ကြိုဆိုတယ်လို CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲဟာ နိုဝင်ဘာလဆန်းပိုင်းက CRPH နဲ့ အမေရိကန် အထက်လွှတ်တော်နဲ့
မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 23 Views
နိုဝင်ဘာလ (၂၂)ရက်။ တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။ “ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့
မြန်မာသတင်း

ချောက်မှာ နိုင်/ကျဉ်းတွေပါတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး နိုင်/ကျဉ်းတစ်ဦးကို PDF ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 22 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီအချိန်က ချောက်မြိုရှိ အမှတ်(၃) ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်တပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို PDF-Chauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခယာဉ်တန်းက နိုင်ငံရေးအကျဉ်းသား (၅)ဦးကို
မြန်မာသတင်း

ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူတိုမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 20 Views
နိုဝင်ဘာလ (၂၁)ရက်။ ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တိုရဲ့ မြိုနယ်(၃)ခုအစပ်နေရာတွေကို စစ်တပ်က အင်အား (၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီမြို (၃)ခုအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား (၃၀၀)ဝန်းကျင်လောက်က