နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး အသတ်ခံရတယ်လို့ ဒေသခံတွေပြော

သတ်ဖြတ်သွားသူများက တပ်ရင်းမှူးမှာ ကိုယ့်ကိုကိုယ်ကို သတ်သေသွားကြောင်း သတင်းလွှင့်နေတယ်ဟု ဆို


မေလ (၂) ရက်။


ကနီမြို့နယ်၊ ပြန်လှည့်ကျေးရွာတွင် ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး ကိုဖိုးစီ(ခ) ကိုဇင်မင်းကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက သေနတ်ဖြင့် ပစ်သတ်သွားတယ်လို့ သိရပါတယ်။


သေနတ်သံကြားပီး ဆိုင်ကယ်၂ စီးနဲ့ လူ (၄) ယောက် သေနတ် (၃) လက်နဲ့ ထွက်သွားတာကို တွေ့မြင်သူ သက်သေတွေရှိနေပြီး မြောက်ယမားဂိတ်တစ်ခုကို ဖြတ်သန်းသွားတယ်လို့ သိရပါတယ်။


ဒါပေမဲ့ သတ်ဖြတ်သွားသူများက တပ်ရင်းမှူးမှာ ကိုယ့်ကိုကိုယ်ကို သတ်သေသွားကြောင်း သတင်းလွှင့် နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။


ယင်းမာပင်မြို့နယ် ပလဖ ကိုကျော်သက်တင်က တပ်ရင်းမှူးဟာ ကိုယ့်ကိုယ်သတ်သေတယ်ဆိုပြီး ကိုဖိုးစီကိုင်ဆောင်တဲ့ သေနတ်၊ ကျည် ၂၅ တောင့်နဲ့ ဖုန်းတွေကို သိမ်းသွားတယ်လို့ သိရပါတယ်။


အခင်းဖြစ်ဖွားရာ နေရာမှာ ကျည်ခွံကို ရှာမတွေ့တော့ဘူးလို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

ခေတ်မျက်လုံးက ရရှိထားတဲ့ဓာတ်ပုံအထောက်အထားအရ အရှေ့ဘက် ရင်ညွန့်တည့်တည့်မှာ (၁)ချက် နဲ့ ဘယ်ဘက် နှလုံးတည့်တည့်မှာ (၁) ချက်နဲ့ စုစုပေါင်း ရှေ့ရင်ဘတ်ပေါ်မှာ ဖောက်ထွင်းရာ(၂) ချက် တွေ့ရှိရပါတယ်။ ဂျိုင်းအောက်မှာနံစောင်းမှာ တချက် ဒဏ်ရာတွေ့ရပေမယ့် ရှေ့ကပစ်လိုက်တဲ့ကျည်က ဖောက်ထွက်သွားတာလား နောက်တစ်ချက် ပစ်လိုက်လို့ဖောက်ဝင်ဒဏ်ရာလားဆိုတာတော့ အတည်ပြုလို့ မရနိုင်သေးပါဘူး။ ဓာတ်ပုံကို အောက်ပါလင့်တွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။


ကိုယ့်ကိုကိုယ် သတ်သေတဲ့သူက နှစ်ချက်ပစ်ဖို့ မဖြစ်နိုင်ဘူးလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ သူ့ရဲ့ ရုပ်အလောင်းဘေးမှာ CDM ကျန်းမာရေးဝန်ထမ်း တစ်ဦးလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့မြင်ရပါတယ်။ သူတို့နှစ်ဦးလုံးကို လုပ်ကြံသတ်ဖြတ် သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောဆို နေကြပါတယ်။


အဖြစ်အပျက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်တင်ပြသွားပါ့မယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 67 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 61 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို