နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် ဥရောပ

ပဋိပက္ခများ ရပ်စဲရေးနှင့် ဂါဇာကို ပြန်လည်တည်ဆောက်ရေး အကြီးအကဲနေရာအတွက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘလဲယားဖြစ်လာမည်လော?

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက်

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား သည် ဂါဇာကို ပြန်လည်တည်ဆောက်ရေးတွင် တာဝန်ပေးအပ်ခံရမည့် အဖွဲ့အစည်း၏ အကြီးအကဲ ဖြစ်လာနိုင်ဖွယ်ရှိနေသောကြောင့် နိုင်ငံတကာ၏အာရုံစိုက်အရေးထားမှုထဲသို့ ပြန်လည်ရောက်ရှိလာသည်။

ဘလဲယားသည် ၁၀ ဒေါင်းနင်းလမ်း (ဝန်ကြီးချုပ်အိမ်တော်) တွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံတကာ သံတမန်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ဤတာဝန်အတွက်သူ၏နှစ်ပေါင်းများစွာ နိုင်ငံရေးနှင့် ညှိနှိုင်းရေး အတွေ့အကြုံ ကိုအသုံးပြုဆောင်ရွက်မည်ဖြစ်သည်။

သူ၏ ဝန်ကြီးချုပ်သက်တမ်း တစ်နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် သူအာဏာရှိနေစဥ်အတွင်းသူ၏ ထင်ရှားသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည့် မြောက်ပိုင်းအိုင်ယာလန်သို့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးခဲ့သော ကောင်းမွန်သောသောကြာနေ့ (Good Friday) သဘောတူညီချက် ကို အတည်ပြုခဲ့သည်။ ထိုစဉ်က သူသည် အသက် ၄၃ နှစ်ရှိပြီး ၁၈၁၂ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်သည်။

ရှစ်နှစ်အကြာတွင် ကိုယ်ရေးကိုယ်တာ အတွေးအမြင်ဖြင့် လူ့မြင်ကွင်းတွင်မှ ပျောက်ကွယ် နေသောဘလဲယားသည် အများပြည်သူရှေ့မှောက်သို့ ရှားရှားပါးပါး ပြန်လည်ရောက်ရှိ လာခဲ့ပြန်သည်၊ ယခု အချိန်၌ နားလည်ရခက်သော ဘလဲယားကို အဘယ်ကြောင့် နိုင်ငံရေးထဲ ဝင်ရောက်လာသလဲဟု မေးမြန်းခဲ့သည်။ “ ကျွန်တော်ထင်ပါတယ်၊ ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးကို ကြည့်လိုက်တဲ့အခါ အရာတွေ မှားနေတယ်လို့တွေးမိတယ်။ ဒါကို ပြောင်းလဲ ချင်တယ်” ဟု သူက ပြောခဲ့သည်။

သူ၏ ရှေ့မှ ဝန်ကြီးချုပ်ဖြစ်သူ မာဂရက် သက်ချာနှင့်မတူဘဲ ဘလဲယား၏ အတွေးအခေါ် သို့မဟုတ် အစိုးရမူဝါဒဟူ၍ သီးခြားမရှိခဲ့ပေ။ သို့သော် သူသည် ၂၀၀၇ ခုနှစ်အထိ ရာထူးတွင် ဆက်လက်ရှိနေခဲ့ပြီး ထိုအချိန်မှစ၍ သံတမန်ရေးရာနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

သို့သော် သူ၏ ဂါဇာဆိုင်ရာ ရာထူးသစ်သည် အငြင်းပွားဖွယ်ရာများ ကင်းမဲ့နေသည်တော့ မဟုတ်ပေ။ ဘလဲယားသည် ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်ကို ထောက်ခံပြီး ဗြိတိန်ကို အီရတ်စစ်ပွဲ ထဲသို့ ဦးဆောင်ခဲ့သည်။ ၎င်းသည် သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပြီး လမ်းပေါ်နှင့် သံတမန်ရေးရာ ဆန္ဒပြမှုများကို ဖြစ်ပေါ်စေ ခဲ့သည်။ ၂၀၀၄ ခုနှစ် ဧပြီလတွင် ဗြိတိန်သံတမန်ဟောင်း ၅၀ ကျော်တို့က စာတမ်း တစ်စောင် ကို ပေးပို့ခဲ့ပြီး အီရတ်နှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နှစ်ခုလုံးတွင် အမေရိကန် ဦးဆောင်သည့် မူဝါဒများအပေါ် သူ၏ မယိမ်းမယိုင် ထောက်ခံမှုသည် အစကတည်းက ကျရှုံးရန် ကံပါနေသည်” ဟု ဝေဖန်ခဲ့သည်။

အီရတ်ကို ကျူးကျော်ဝင်ရောက်ရန် ဘလဲယား၏ ထောက်ခံမှုနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုက သူသည် စစ်ပွဲအတွက် အကြောင်းပြချက်ကို ချဲ့ကားပြောဆိုခဲ့ပြီး ဆက်ဒမ် ဟူစိန်၏ အစိုးရထံမှ လတ်တလော ခြိမ်းခြောက်မှု မရှိခဲ့ကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ အမေရိကန်သည် ဖျက်ဆီးရေးလက်နက်ကြီးများ ရှိသည်ဟု ဖော်ပြထားသည့် ရည်မှန်းချက်ဖြင့် အီရတ်ကို ကျူးကျော်ခဲ့သော်လည်း ထိုလက်နက်များ မရှိခဲ့ပေ။

သူ၏ နောက်ပိုင်း နိုင်ငံရေးအလွန်ကာလ Quartet (၄ဖွဲ့အစု) ဟု သိကြသည့် အရှေ့အလယ်ပိုင်း သံတမန် ရာထူးတွင် အစ္စရေးဘက်လိုက်သည်ဟု ယူဆခြင်း ကြောင့် ပါလက်စတိုင်းများ၏ မနှစ်သက်ခြင်းကို ခံခဲ့ရသည်။

Quartet တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်ပြီး ပါလက်စတိုင်း စီးပွားရေးနှင့် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၇ ခုနှစ်တွင် ဘလဲယားကို ၎င်း၏ သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်တွင် နုတ်ထွက် သည်အထိ ရာထူးတွင် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုအချိန်တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ညှိနှိုင်းမှုများမှာ ရပ်တန့်နေပြီး နိုင်ငံနှစ်နိုင်ငံ ထူထောင်ရေး အိပ်မက် မှာလည်း မှေးမှိန်စပြုနေပြီ ဖြစ်သည်။

ဘလဲယား တာဝန်ယူခဲ့သည့် နောက်ပိုင်းနှစ်များတွင် ဝေဖန်မှုများ တိုးလာခဲ့ရာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ အကြီးတန်း ညှိနှိုင်းရေးမှူးဟောင်း နာဘေးလ် ရှတ် (Nabil Shaath) က သူသည် အစ္စရေးများကို ကျေနပ်အောင် လုပ်ဆောင်ရန် အလွန်အကျွံ ကြိုးပမ်းခဲ့သောကြောင့် အလွန်နည်းပါးသော အောင်မြင်မှု ကိုသာ ရရှိခဲ့သည်” ဟု ပြောခဲ့သည်။

“ သူက ဒီနေရာမှာ အတားအဆီးတစ်ခု၊ ဟိုနေရာမှာ အတားအဆီးတစ်ခုကို ဖယ်ရှားပေးဖို့ အစ္စရေးတွေကို တောင်းဆိုတဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချခဲ့တယ်” ဟု ရှတ်က ပြောခဲ့သည်။

အနောက်ဘက်ကမ်းမှ ဘလဲယားအပေါ် အမြင်မှာ ထိုအချိန်မှစ၍ သိပ်တိုးတက်လာခြင်း မရှိပါ။ ပါလက်စတိုင်း အမျိုးသားအစပျိုးမှုအဖွဲ့မှ မူစတာဖာ ဘာဂူတီ (Mustafa Barghouti) က တနင်္လာနေ့တွင် (CNN) သို့ ပြောကြားရာတွင် “ (အီရတ်တွင်) အစုလိုက်အပြုံလိုက် ဖျက်ဆီးရေး လက်နက်တွေ ရှိတယ်လို့ သူက အခိုင်အမာ ပြောခဲ့ပေမဲ့ ကြီးမားတဲ့ လိမ်ညာမှု ဖြစ်နေတာ တွေ့ရတယ်” ဟု ဆိုသည်။

“ သူက သူ့နိုင်ငံမှာပဲ နေပြီး ပါလက်စတိုင်းတွေ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ခွင့်ပေးတာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ကို နောက်ထပ် ကိုလိုနီအုပ်ချုပ်မှုအောက် မရောက်စေဘဲ ပါလက်စတိုင်းတွေ လွတ်လပ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို လွတ်လပ်စွာနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခွင့် ပေးသင့်တယ်” ဟု ဘာဂူတီက ပြောသည်။ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းကို အုပ်ချုပ်နေသည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့သည် ဆယ်စုနှစ်နှစ်ခုနီးပါး သမ္မတ သို့မဟုတ် ပါလီမန် ရွေးကောက်ပွဲများကို မကျင်းပနိုင်သေးပေ။

Quartet ၏ သံတမန်အဖြစ် ဘလဲယား တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သူ၏ လျစ်လျူရှုထိုက်သော” တိုးတက်မှုအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ သူ၏ ရုံးမှ တုံ့ပြန်ခဲ့ရာတွင် သူသည် နိုင်ငံနှစ်နိုင်ငံ ထူထောင်ရေးကို စိတ်အားထက်သန်စွာ ယုံကြည်သော်လည်း အစ္စရေးနှင့် ညှိနှိုင်းမှုမှတစ်ဆင့်သာ ရရှိနိုင်သည်ဟု ယုံကြည်သည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် မကြာသေးမီက ဘလဲယားသည် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုသည့် လက်ရှိ အလုပ်သမားပါတီ အစိုးရကို ထင်ရှားစွာ ထောက်ခံခြင်း မပြုခဲ့ပေ။ ဗြိတိန်က သူ၏အခန်းကဏ္ဍကို ထောက်ခံသလားဟု မေးမြန်းသောအခါ ဝန်ကြီးချုပ်ရုံးက မေးခွန်းကို ရှောင်လွှဲခဲ့ပြီး “ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပေါ်မှာပဲ ရှိပါတယ်၊ ကျွန်တော်တို့ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ ထင်ရှားပါတယ်” ဟုသာ ပြောကြားခဲ့သည်။

သို့တိုင် ဘလဲယားသည် နည်းလမ်းများစွာဖြင့် ဂါဇာတွင် သူပါဝင်မည့် အခန်းကဏ္ဍအတွက် ကောင်းစွာ သင့်လျော်နေသည်။ သူ၏ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများအတွက် တိုနီ ဘလဲယား အင်စတီကျု (TBI) သည် ဂါဇာကို ပြန်လည်တည်ဆောက်ရန်အတွက် စစ်ပွဲအပြီး အခြေအနေများ” ကို လေ့လာရန် ထရန့်ပ်အုပ်ချုပ်ရေးနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ကာ လပေါင်းများစွာ အချိန်ယူခဲ့သည်။

ထိုအထဲမှ အခြေအနေအချို့သည်လည်း အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည်။ Financial Times ၏ စုံစမ်းစစ်ဆေးမှုတစ်ခုအရ ယခုနှစ်တွင် TBI အင်စတီကျုမှ ဝန်ထမ်းများသည် ပါလက်စတိုင်း များကို ၎င်းတို့၏ မြေယာများမှ ထွက်ခွာရန်အတွက် ငွေပေးချေခြင်း အပါအဝင် ဂါဇာကို ပြန်လည်တည်ဆောက်ပုံကို စိတ်ကူးယဉ်သည့် လေ့လာမှုတစ်ခုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။

TBI အင်စတီကျုက ဘလဲယား၏ အစီအစဉ်များသည် ဂါဇာဒေသခံများကို နေရာ ရွှေ့ပြောင်းခြင်း နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ၊ TBI က ဘယ်တုန်းကမှ ဖန်တီးခြင်း၊ တီထွင်ခြင်း သို့မဟုတ် ထောက်ခံခြင်း မပြုခဲ့သည့် အဆိုပြုချက်ဖြစ်သည်” ဟု တုံ့ပြန်ခဲ့သည်။

ဩဂုတ်လတွင် ဘလဲယားသည် အိမ်ဖြူတော်၌ သမ္မတ ဒေါ်နယ်လ် ထရန့်ပ်၏ သမက် ဂျာရက် ကွတ်ရှ်နာ (Jared Kushner) နှင့် အရှေ့အလယ်ပိုင်း သံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့နှင့် တွေ့ဆုံကာ ပြန်လည်တည်ဆောက်ရေး အကြံဉာဏ်များကို ဆွေးနွေးခဲ့သည်။ သူသည် ထရန့်ပ်အစိုးရ၏ စကားကို နားထောင်သူ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ သူ၏ အရင် အကြံပေးကုမ္ပဏီမှတစ်ဆင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် နီးကပ်သော ဆက်ဆံရေးများ ရှိခဲ့သည်။ ထိုဆက်ဆံရေးများသည် ဘလဲယားအား စစ်ပြီးခေတ် ဂါဇာတွင် ပါဝင်ပတ်သက်မည့် အရေးအကြီးဆုံး နိုင်ငံနှစ်နိုင်ငံနှင့် ချိတ်ဆက်မှုများ ပေးထားပြီး ယင်းမှာ ပြည့်စုံသော အပစ်အခတ်ရပ်စဲရေး ရှိမှသာ ဖြစ်ပါမည်။

သူသည် အစ္စရေးတွင် အမြဲတစေ နွေးထွေးစွာ ကြိုဆိုခံရပြီး လေးစားခြင်း ခံရသူဖြစ်သည်။ သို့သော် Quartet သံတမန်အဖြစ် သူသည် ဂါဇာသို့ ရှားရှားပါးပါးသာ သွားရောက်ခဲ့သည်။ ဟားမတ်စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟူစမ် ဘာဒရန် (Husam Badran) က အယ်လ်ဂျာဇီးယား (Al Jazeera)သတင်း သို့ ပြောကြားရာတွင် ဘလဲယားသည် ပါလက်စတိုင်း အခြေအနေတွင် မလိုလားအပ်သော ပုဂ္ဂိုလ်ဖြစ်ပြီး မည်သည့် အစီအစဉ်ကိုမဆို ဤပုဂ္ဂိုလ်နှင့် ချိတ်ဆက်ခြင်းသည် ပါလက်စတိုင်းပြည်သူများအတွက် မကောင်းသော နိမိတ်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ဘလဲယားသည် အီရတ်စစ်ပွဲမှစ၍ ရာဇဝတ်မှုနှင့် ဖျက်ဆီးရေး အခန်းကဏ္ဍ” မှ ပါဝင်ခဲ့သည် ဟု ဘာဒရန်က ပြောသည်။

ဘလဲယားကိုယ်တိုင်က ထရန့်ပ်က တင်ပြခဲ့သော အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ် ကို ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်သည်” ဟု ကြိုဆိုခဲ့ပြီး ၎င်းသည် အစ္စရေး၏ အကြွင်းမဲ့နှင့် ထာဝရလုံခြုံရေးကို အာမခံနိုင်စဉ် (ဂါဇာ) ပြည်သူများအတွက် ပိုမိုတောက်ပပြီး ကောင်းမွန်သော အနာဂတ်အတွက် အခွင့်အလမ်း” ကို ကတိပေးထားသည်ဟု ပြောဆို ခဲ့သည်။

ထူးခြားသည်မှာ သူနှင့် သူ၏ TBI အင်စတီကျုတို့ အာရုံစိုက်ခဲ့သည့် ကိစ္စဖြစ်သော အစွန်းရောက်အင်အားစုများကို တန်ပြန်ရန် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့ခြင်း အလားအလာ” အကြောင်းကို သူက ပြောဆိုခဲ့သည်။

သူ၏ ဉာဏ်ရည်နှင့် အသေးစိတ်ကို နားလည်နိုင်စွမ်းကို ဝေဖန်သူများကရော ထောက်ခံသူများကပါ အသိအမှတ်ပြုထားသည့် ညှိနှိုင်းရေးသမားတစ်ဦးဖြစ်သူ ဘလဲယားသည် ဤရာထူးကို အမှန်တကယ် ရရှိလာပါက သူ၏ အတွေ့အကြုံများနှင့် စည်းရုံးနိုင်စွမ်းအားလုံးကိုအသုံးချနိုင်ရန် လိုအပ်မည်ဖြစ်သည်။

(ပုံ၁) ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား ၂၀၂၄ခုနှစ်ကပုံ။

(ပုံ၂) ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား ၂၀၀၇ခုနှစ်ကပုံ။

(ပုံ၃)ဂါဇာရှိပါလက်စတိုင်းဒုက္ခသည်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 71 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 63 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား