၂၀၂၄ မြန်မာပြည်စစ်တမ်း
အခုကျရောက်လာတဲ့နှစ်သစ်မှာ စစ်အာဏာရှင်စိုးမိုးမှုကို ဘာကြောင့် ဆန့်ကျင်တော်လှန်သင့်တယ် ဆိုတာကို ဦးထွန်းအောင်ကျော်က သမိုင်းအထောက်အထားတွေကို ကိုးကားပြီး ပြောကြားထားပါတယ်။ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာ သန်းထွန်းက “မ,အအောင် သမိုင်းကိုလေ့လာရမယ်” လို့ပြောခဲ့ဖူးတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းကိုလည်း သုံးသပ် တင်ပြထားပြီး နိုင်ငံရေးအရွေ့ဘယ်လို ဦးတည်နေတယ်ဆိုတာကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အညာဒေသဗမာတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အပေါ် လည်း ပကတိအခြေအနေအပေါ်မူတည်ပြီး စိတ်ဝင်စားစရာ သုံးသပ်တင်ပြထားပါတယ်။ အခုနှစ်သစ် အထူးတင်ပြမှုအကြောင်းအရာများဟာ ဝါရင့်နိုင်ငံရေးသမားတဦးလည်းဖြစ် လက်နက်ကိုင်ABSDF ကျောင်းသား တော်လှန်ရေး အဖွဲ့ကို ဦးဆောင်ခဲ့သူတဦးလည်းဖြစ်သူ ဦးထွန်းအောင်ကျော်ကသူဖြတ်သန်းခဲ့တဲ့နိုင်ငံရေးအမြင်ဖြစ်ပြီး ခေတ်မျက်လုံးရဲ့ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့