နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အာရပ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများ ဆက်လက်နေထိုင်ခွင့်ကို အလေးပေးလက်ခံထားပြီး ပြည်နယ်နှစ်ခု အဖြေရှာမှု ဆောက်ရွက်ရန် တောင်းဆို

ဖေဖော်ဝါရီလ (၃) ရက်။

ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ကာတာ၊ ဂျော်ဒန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ပါလက်စတိုင်းအာဏာပိုင်တွေနဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့အတူ ဂါဇာကမ်းမြောင်ဒေသမှာ “အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း ဒီကနေ့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဂါဇာကို ပြန်လည်တည်ဆောက်ရေးကာလမှာ ပါလက်စတိုင်းသားတွေ ဆက်လက်နေထိုင်ခွင့်ကို အလေးပေးကာ “သမ္မတဒေါ်နယ်ထရန့် အစိုးရနဲ့ လက်တွဲလုပ်ဆောင်ရန်” မျှော်လင့်ထားကြောင်း ဂါဇာကို ပြန်လည်ထူထောင်ရေးကာလမှာ ပါလက်စတိုင်းသားတွေရဲ့ နေထိုင်ခွင့်ကို အလေးထားထောက်ခံပြီး ဂါဇာကို ရှင်းဖို့ ထရန့်ရဲ့ပြီးခဲ့တဲ့အပတ်က ပြောကြားချက်နဲ့ ဆန့်ကျင်ဘက် သဘောထားဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမရှိ စီးဆင်းမှုလိုအပ်နေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပြီး ပါလက်စတိုင်း အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ကို ရပ်တန့်ဖို့ ကြိုးပမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။ အစ္စရေးရဲ့ UNRWA ကို တားမြစ်ထားချက်ဟာ အခုသီတင်းပတ်အစောပိုင်းမှာ အသက်ဝင်ခဲ့ပါတယ်။

အာရပ်နိုင်ငံများအုပ်စုဟာ ပါလက်စတိုင်းနယ်မြေတွေကို စည်းလုံးညီညွတ်မှုနဲ့ နှစ်နိုင်ငံဖြေရှင်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၆၇ နယ်နိမိတ်အတိုင်း ပြန်သတ်မှတ်ဖို့ တောင်းဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 18 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 34 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 44 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးအာဏာသည် အမှုဆောင် ဒုတိယသမ္မတ ဒယ်လ်စီ ရော်ဒရီဂက်ဇ်၏ လက်ထဲသို့
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 51 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက