နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရုရှားနိုင်ငံအပေါ် ထိုးစစ်ဆင်တဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ဆင်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က အမိန့်ပေး

ဖေဖော်ဝါရီလ (၃) ရက်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က ရုရှားနိုင်ငံအပေါ် ထိုးစစ်ဆင်တဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ သတင်းအချက်အလက်စစ်ဆင်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ အမေရိကန် ဆိုက်ဘာကွပ်ကဲမှုဌာန (US Cyber ​​Command) ကို အမိန့်ပေးခဲ့ကြောင်း အဲ့ဒီကိစ္စနဲ့ နီးစပ်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဟက်ဆက်ဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ဆိုက်ဘာကွပ်ကဲမှုဌာန အကြီးအကဲ လေတပ်ဗိုလ်ချုပ် တင်ဟာ့ချ် (Tim Haugh) ကို အမိန့်ပေးခဲ့ကြောင်း အဲ့ဒီအရာရှိက ပြောကြားခဲ့ပါတယ်။ ဘယ်လောက်ကြာကြာ အဲ့ဒီအမိန့် တည်ရှိနေမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

“ စစ်ဆင်ရေးလုံခြုံရေးစိုးရိမ်မှုကြောင့်” ဆုံးဖြတ်ချက်အပေါ် အကြီးတန်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်အတွက် ဆိုက်ဘာဒိုမိန်းအပါအဝင် စစ်ဆင်ရေးအားလုံးမှာ တိုက်ခိုက်နေတဲ့ တိုက်ပွဲဝင်စစ်သည်တွေရဲ့ အသက်ဘေး လုံခြုံရေးထက် အရေးကြီးတဲ့ အရာမရှိဘူးလို့ တာဝန်ရှိသူက NBC News ကို ပြောကြားခဲ့ပါတယ်။

အမိမြေလုံခြုံရေးဌာန တည်ရှိတဲ့ အမေရိကန်ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီက သူ့ရဲ့ တာဝန်မှာ ရုရှားနိုင်ငံအပါအဝင် အမေရိကန်ကို ဆိုက်ဘာခြိမ်းခြောက်မှုအားလုံးကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဆိုက်ဘာကွပ်ကဲမှုဌာနက ကိုယ်စားလှယ်တွေဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။ ရုရှားသံရုံးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်တာ မရှိဘူး။

ဟက်ဆက်ရဲ့ အမိန့်ပေးမှုကို The Record သတင်းက ပထမဆုံး ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲကို အမြန်အဆုံးသတ်ဖို့ သူ့ရဲ့အစိုးရက လုပ်ဆောင်နေတာကြောင့် မကြာသေးမီရက်တွေအတွင်း ရုရှားနိုင်ငံနဲ့ သံတမန်လမ်းကြောင်းတွေ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေဟာ ဆော်ဒီအာရေဗျမှာ ရုရှားစေ့စပ်ညှိနှိုင်းသူတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြီးခဲ့တဲ့လက စတင်ခဲ့ပါတယ်။

ထရန့်၊ ဇလန်းစကီးနဲ့ ဒုသမ္မတ ဒီဂျေဗန့်စ်တို့အကြား ဘဲဥပုံရုံးတွင်း စကားအခြေတင်ဖြစ်မှုအပြီး သောကြာနေ့က ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနဲ့ ထရန့်တို့ရဲ့ ဆက်ဆံရေးဟာ ရပ်တန့်သွားပါတယ်။ တွေ့ဆုံမှုအပြီးမှာ ထရန့်က ရုရှားသမ္မတပူတင်ကို ဇလန်းစကီးရဲ့ အဆက်မပြတ် ဝေဖန်မှုအတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

သောကြာနေ့က အိမ်ဖြူတော်မှ မထွက်ခွာမီ ထရန့်က ဇလန်းစကီးအနေနဲ့ “ ကျွန်တော် ငြိမ်းချမ်းရေးလိုချင်တယ်လို့ သူက ပြောဖို့လိုတယ်” လို့ ပြောခဲ့ပါတယ်။ သူက ရပ်လိုက်ပြီး “ ဒါပူတင်ကြောင့်၊ ဒါ ပူတင်လုပ်တာစတာတွေကို ပြောနေစရာ မလိုပါဘူး။ အနှုတ်လက္ခဏာတွေချည်းပဲ ပြောနေတယ်၊ ကျွန်တော် စစ်ပွဲတွေကို ဆက်မတိုက်ချင်တော့ဘူး ငြိမ်းချမ်းရေး လုပ်ချင်တယ်လို့ ပြောရမယ်” လို့ ထရန့်က ဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲပျက်ပြယ်သွားတာဟာ နည်းပညာထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ယူကရိန်းရဲ့ သတ္တုတွင်းနဲ့ မြေရှားသတ္တုတွင်းတွေမှာ အမေရိကန်ပြည်ထောင်စုကို အရေးပါတဲ့ ပိုင်ဆိုင်မှုအစုရှယ်ယာ ပေးအပ်မယ့်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ နှောင့်နှေးစေခဲ့ပါတယ်။

ဆီးနိတ်လူနည်းစုခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် ချပ်ရှူးမား (Chuck Schumer) က ရုရှားအပေါ် ထိုးစစ်ဆင်တဲ့ ဆိုက်ဘာလုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပူတင်ရဲ့ မျက်နှာသာရရှိဖို့ ထရန့်ရဲ့ကမ်းလှမ်းမှုတစ်ခုဖြစ်တယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

“ ရုရှားက ဆိုက်ဘာစစ်ဆင်ရေးနဲ့ ransomware တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန် စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်လို လူမိုက်တစ်ယောက်ရဲ့ ချစ်ခင်မှုကိုရရှိဖို့ ပူတင်ကို မျက်နှာသာပေးတဲ့အနေနဲ့ လုပ်ဆောင်တာဟာ အလွန်အမင်း စိတ်ပျက်စရာ ကောင်းပါတယ်” လို့ ရှူးမားက ပြောကြားခဲ့ပါတယ်။ “ ဒါဟာ ဒေါ်နယ်ထရမ့်က တဖက်သတ် လက်နက်ဖြုတ်သိမ်းပေးလိုက်တဲ့ ဗျူဟာမြောက်အမှားပဲ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဘိုင်ဒင်အစိုးရက ရုရှားကို “ကြာရှည်တည်ရှိနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှု” ပြုလုပ်တဲ့နိုင်ငံလို့ တံဆိပ်ကပ်ခဲ့ပြီး အမေရိကန်အစိုးရအေဂျင်စီတွေ၊ တတ်သိပညာရှင်အဖွဲ့၊ စွမ်းအင်နဲ့ လေကြောင်းဆိုင်ရာတွေကို ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

“ မော်စကိုဟာ နိုင်ငံခြားရေးပေါ်လစီအရ ဆိုက်ဘာအနှောင့်အယှက်ပေးကာ အခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပုံဖော်ဖို့နဲ့ ပစ်မှတ်အမျိုးမျိုးမှာ သူလျှိုလုပ်မှု၊ သြဇာလွှမ်းမိုးမှုနဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကို အဆက်မပြတ် အသုံးပြုနေပါတယ်” လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက သူ့ရဲ့ ၂၀၂၄ ခြိမ်းခြောက်မှုအကဲဖြတ်ချက်မှာ ပြောကြားခဲ့ပါတယ်။

“ ရုရှားက ရေအောက်ကေဘယ်ကြိုးတွေနဲ့ စက်မှုထိန်းချုပ်မှုစနစ်တွေ အပါအဝင်၊ အမေရိကန်အပြင် မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ ပါရှိတဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားဖို့ သူ့ရဲ့စွမ်းရည်ကို ထိန်းသိမ်းထားပါတယ်။”

ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် ဆိုက်ဘာစစ်ဆင်ရေးကို ဦးစားပေး လုပ်ဆောင်နေသလို ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှုကိုလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက်က ဆိုပါတယ်။

ရုရှားက ယူကရိန်းနဲ့ နေတိုးနိုင်ငံတွေကို အဓိကပစ်မှတ်ထားပြီး မကြာသေးမီက သူ့ရဲ့ဆိုက်ဘာစစ်ဆင်ရေးတွေကို အရှိန်မြှင့်ခဲ့တယ်လို့ မိုက်ခရိုဆော့ဖ် (Microsoft) က နိုဝင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

“ ရုရှားခြိမ်းခြောက်မှုကို ဦးဆောင်လုပ်နေသူတွေဟာ ယူကရိန်းစစ်လေယာဉ်တွေနဲ့ လက်နက်ထောက်ပံ့တဲ့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေဆီက ထောက်လှမ်းရေးအချက်အလက်တွေ ရယူခြင်းနဲ့ ခိုးယူခြင်းအပေါ် အာရုံစူးစိုက်ထားပါတယ်။

အသုံးပြုထားတဲ့ နည်းပညာတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ကွန်ပျူတာကွန်ရက်တွေကို အန္တရာယ်ကျရောက်စေပြီး မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့ ရည်ရွယ်ချက်ရှိတယ်” လို့ ကုမ္ပဏီက သူ့ရဲ့ ၂၀၂၄ ဒစ်ဂျစ်တယ်ကာကွယ်ရေးအစီရင်ခံစာမှာ မှတ်ချက်ပြုခဲ့ပါတယ်။

အစီရင်ခံစာမှာ ဘိုင်ဒင်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြစ်ပေါ်စေတဲ့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ ရည်ရွယ်တဲ့ ရုရှားဆိုက်ဘာစစ်ဆင်ရေးတွေကို မီးမောင်း ထိုးပြထားပါတယ်။

Source: NBC သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 4 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် —
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်