နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲ

ဒါရိုက်တာရှောင်းဘေကာ (Sean Baker) ရဲ့ အန်နိုရာ(“ Anora” ) ဇာတ်ကားဟာ အချစ်ရေးရာဇာတ်လမ်းရုပ်ရှင်ဖြစ်ပြီး ရုရှားလူမျိုး သူဌေးကြီးတစ်ဦးရဲ့ သားနှင့်ချိတ်မိသွားသော ဘရွတ်ကလင်း (Brooklyn) က လိင်အလုပ်သမတစ်ဦးအကြောင်း ဖြစ်ပြီး အကောင်းဆုံးဇာတ်ကား အပါအဝင် အော်စကာငါးဆုကို ဆွတ်ခူးခဲ့ပါတယ်။

အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာရှောင်းဘေကာ (Sean Baker) က “ Anora” ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို မစ်ကီ မက်ဒီဆင် (Mikey Madison) က “ Anora” ဇာတ်ကားမှာ ရရှိခဲ့ပါတယ်။

အေဒရီယန်ဘရိုဒီ (Adrien Brody) က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို “ The Brutalist” ဇာတ်ကားမှာ ရရှိခဲ့ပါတယ်။

လူမဲမင်းသားကြီး မော်ဂင်ဖရီးမင်း (Morgan Freeman) က ပြီးခဲ့တဲ့သီတင်းပတ်က မိမိအိမ်မှာ ဇနီးနဲ့အတူ သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့ ကွယ်လွန်သူ မင်းသားကြီး ဂျင်းဟက်ကမင် (Gene Hackman) ကို ဂုဏ်ပြုခဲ့ပါတယ်။ ကွယ်လွန်သူတွေကို လွမ်းဆွတ်တမ်းတခြင်း အစီအစဥ် ဗီဒီယိုအပိုင်းမှာ တီရီ ဂါး (Teri Garr) ၊ ဒေါ်နယ် ဆပ်သာလန် (Donald Sutherland) ၊ ရှယ်လီ ဒူဗောလ်(Shelley Duvall)၊ ဒေးဗစ် လင့်ချ် (David Lynch) နဲ့ ဂျိမ်းအားလ်ဂျုံး (James Earl Jones) စတဲ့ အခြား ဟောလိဝုဒ် သရုပ်ဆောင်တွေ ကွယ်လွန်သွားမှုကို ဂုဏ်ပြုဖို့ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဘာဆဲလ်အက်ဒရာ (Basel Adra) နဲ့ ယူဗာလ်အာဘရာဟမ် (Yuval Abraham) တို့ “ No Other Land” မှတ်တမ်းရုပ်ရှင်အတွက် မှတ်တမ်းရုပ်ရှင်ဆုကို လက်ခံရရှိခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာရန် တောင်းဆိုခဲ့ပါတယ်။

စင်သီယာ အီရီဗို (Cynthia Erivo) နဲ့ အာရီရာနာ ဂရမ်ဒီ (Ariana Grande) တို့က “ The Wizard of Oz” “ The Wiz” နှင့် “ Wicked” တို့က သီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှုကြောင့် ပရိသတ်ကို အံ့သြစေခဲ့ပါတယ်။ ညနေပိုင်းမှာ ကွင်းလက်တီဖတ် (Queen Latifah) က “Ease On Down the Road” ဇာတ်ဆောင်နဲ့ ကွယ်လွန်သူ ကွင်စီဂျုံး (Quincy Jones) အား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ဟောလိဝုဒ်ရှိ Dolby ပြဇာတ်ရုံတွင် ကျင်းပတဲ့ လူရွှင်တော် ကိုနန်အိုဘရိုင်ယန် (Conan O’Brien) က ဧည့်ခံတဲ့ ရှိုးပွဲမတိုင်မီ စူပါစတား သရုပ်ဆောင်တွေက အနီရောင် ကော်ဇောပေါ်ကို ဖြတ်လျှောက်လာခဲ့ကြပါတယ်။

NBC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ