နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ပြင်သစ် –

မာရင်းလီပန်း (Marine Le Pen) ၏ ထရန့်နှင့်ပုံစံတူ အာဏာဖီဆန်မှုကြောင့် ပြစ်ဒဏ်ချခံခဲ့ရပြီး လက်ယာစွန်းများကို မလှုပ်ရှားနိုင်ရန် တားဆီးထားလိုက်သည်။

ပြင်သစ်နိုင်ငံ၏ ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ လမ်းပြခေါင်းဆောင် အမျိုးသမီးအား တားမြစ်ပိတ်ပင်ခြင်းသည် သူမအား နိုင်ငံရေးအာဇာနည် ဖြစ်လာမည်ကို အတိုက်အခံအချို့က စိုးရိမ်နေကြသည်။

မာရင်းလီပန်းသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဥရောပ၏ လက်ယာစွန်းလှုပ်ရှားမှုတွင် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သူမအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန် တရားရုံးမှ အံ့အားသင့်ဖွယ် စီရင်ချက် ချလိုက်သည်။ သူမက အနိုင်ရရန် ကျိန်းသေသလောက် ဖြစ်နေသောအချိန်ကောင်းတွင် သူမအား စီရင်ချက်ချလိုက်ခြင်း ဖြစ်သည်။

ယခုအခါတွင် သူမ၏အမျိုးသားစုရုံးလှုပ်ရှားမှု (National Rally) ပါတီကို ဥရောပသမဂ္ဂရန်ပုံငွေ ဒေါ်လာ ၃.၄ သန်းကို အလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခံထားရသည့် အသက် ၅၆ နှစ်အရွယ် လီပန်း၏ အနာဂတ်မှာ ခက်ခဲမှုနှင့်ကြုံတွေ့နေရသည်။

သမ္မတဒေါ်နယ်ထရန့်၏ အိမ်ဖြူတော်တွင် ၎င်းပါတီ၏ မိတ်ဆွေလက်ယာစွန်းလှုပ်ရှားသူများ အနိုင်ရခဲ့ကြသော်လည်း ၎င်း၏ပါတီနှင့် ဥရောပလက်ယာစွန်းလှုပ်ရှားမှုများအတွက် ထိုစီရင်ချက်သည် မည်သို့သက်ရောက်မှုများရှိမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အမေရိကန်ပြည်ထောင်စုတွင်ရှိသော ထရန့်ကဲ့သို့ လီပန်းသည် ပြင်သစ်တရားစီရင်ရေးစနစ်ကို တိုက်ခိုက်ခဲ့ပြီး ယင်းစီရင်ချက်သည် သူမအား အာဏာမရရန် အကြံအဖန် ပြုလုပ်သည့် ကြိုးပမ်းမှုအဖြစ် ရှုတ်ချခဲ့သည်။

အမျိုးသားစုရုံးလှုပ်ရှားမှုခေါင်းဆောင်က သူမ၏ ရွေးကောက်ပွဲပိတ်ပင်ခံရမှု ငါးနှစ်နှင့် ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်အပြင် အီလက်ထရွန်နစ် ခြေကျင်းဝတ်တံဆိပ်ပါ တပ်ဆင်ထားရန် အမိန့်ချမှတ်ခံထားရသည်ကို အယူခံဝင်မည်ဟု ကတိပြုထားသည်။ သူမသည် သူမ၏ပါတီမှတရားခံနှစ်ဒါဇင်တွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 33 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ