နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

Mongolia

Mongolia နိုင်ငံတကာသတင်း အာရှ

မွန်ဂိုလီးယားတွင် ဒီဇိုင်နာလက်ကိုင်အိတ်ကြောင့် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရ

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

၂၀၂၅ခုနှစ်၊ ဇွန်လ ၃ရက်

မွန်ဂိုလီးယားဝန်ကြီးချုပ်မိသားစု၏ ခမ်းနားထည်ဝါသော ဇိမ်ခံဥစ္စာများနှင့် စည်းစိမ်ဥစ္စာများကို ထုတ်ဖော်ပြသမှုကြောင့် ပြည်သူများ အမျက်‌ဒေါသထွက်ခဲ့ကြပြီး ရက်သတ္တာပတ်များစွာ ဆူပူဆန္ဒပြခဲ့ကြပြီးနောက် ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်သွားခဲ့ရသည်။

မွန်ဂိုလူငယ်များသည် မြို့တော်လမ်းမများပေါ်ထွက်ခဲ့ကြပြီး ဝန်ကြီးချုပ် အိုယွန်အာဒင်နီ လာဗ်ဆန်နမ်ရိုင် (Oyun-Erdene Luvsannamsrai) အား ဖိအားပေးခဲ့ကြပြီးနောက် သူ့အား အစိုးရအတွင်း တနင်္လာနေ့က အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခံရပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခဲ့ရသည်။

ဒီမိုကရက်တစ်မွန်ဂိုလီးယားသည် ကုန်းတွင်းပိတ်လူမျိုး ၃.၅ သန်းမျှသာရှိကာ အာဏာရှင်နိုင်ငံကြီးများဖြစ်သော တရုတ်နှင့် ရုရှားတို့အကြားတွင် နေထိုင်လျက်ရှိပြီး နောက်ဆုံး နိုင်ငံရေး အကျပ်အတည်းက နိုင်ငံ၏ ဒီမိုကရေစီတည်ငြိမ်ရေးအပေါ် ပြန်လည်ဆန်းစစ်မှုများကို ပြုလုပ်ခဲ့ကြသည်။

ဝန်ကြီးချုပ်၏ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူက ခမ်းနားထည်ဝါစွာ သူ့ချစ်သူအား လက်ထပ်ခွင့်တောင်းသည့် စေ့စပ်ပွဲကို ရဟတ်ယာဉ်စီး ပြုလုပ်ခြင်း၊ တန်ဖိုးကြီးလက်စွပ်တစ်ကွင်းကို ချစ်သူအားပေးခြင်းနှင့် ဒီဇိုင်နာ လက်ကိုင်အိတ်များ ပေးကမ်းခြင်းနှင့် ဇိမ်ခံကားများအပါအဝင် ၎င်းတို့၏ လွန်ကဲသော လူနေမှုပုံစံကို လူမှုကွန်ရက်တွင် ကြွားဝါ၍ တင်ခဲ့မှုကြောင့် ဆင်းရဲသော လူငယ်ထုကြီးက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် ၀န်ကြီးချုပ် အိုယွန် အာဒီးနီ (Oyun-Erdene) သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ မဟုတ်ဘဲ ကျေးလက်မှ နိုင်ငံ‌ရေးလောကသို့ ဝင်လာသူဖြစ်ပြီး သားဖြစ်သူက ထိုကဲ့သို့သော စည်းစိမ်ဥစ္စာများ ခံစားနေမှုအပေါ် လူထုမှ သံသယကြီးထွားလာခဲ့သည်။

“မြင်သာထင်သာရှိတဲ့ ဝင်ငွေရင်းမြစ် မရှိဘဲ၊ သူတို့ရဲ့ အဖိုးတန် ဇိမ်ခံအိတ်တွေ၊ ကိုယ်ပိုင် ခရီးသွားလာမှုတွေနဲ့ တန်ဖိုးမြင့်မားတဲ့ လူနေမှုအဆင့်အတန်းတွေဟာ သာမန်မွန်ဂိုလီးယား နိုင်ငံသားတွေကို ပြောင်ပြောင်တင်းတင်း ပါးရိုက်စော်ကားလိုက်တာပါ” ဟု ဆန္ဒပြအဖွဲ့ Ogtsroh Amarhan မှ အဖွဲ့ဝင် အသက် ၂၈ နှစ်အရွယ် အမီနာ (Amina) က ပြောကြားခဲ့သည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် နာမည်တစ်လုံးထဲကိုသာ ဖော်ပြလိုသော အမီနာက ဆန္ဒပြမှုများသည် ကြွယ်ဝချမ်းသာမှုကို ဖော်ညွှန်းသည့် ဆိုရှယ်မီဒီယာတွင် ရေးသား ဖော်ပြမှုများထက် ကျော်လွန်ကြောင်း၊ ၎င်းသည် လက်ရှိအာဏာရ အထက်တန်းစားများနှင့် နေ့စဉ်လူများကြားတွင် ကျယ်ပြန့်စွာ ကွာဟလာသည်ဟု သူမက ဆိုသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် လူနေမှုစရိတ်မြင့်မားလာခြင်းသည် လူထု၏ဒေါသကို နက်ရှိုင်းစေခဲ့သည်။

ယူကရိန်းတွင် ရုရှား၏စစ်ပွဲ စဖြစ်ချိန်တွင် ရုရှားနယ်စပ်နှင့် နီးကပ်ပြီး လူဦးရေတစ်ဝက်ခန့် နေထိုင်သော မြို့တော်တွင် လေထုညစ်ညမ်းမှုတို့ နက်ရှိုင်းစွာ ဖြစ်စေခဲ့သည်။

“ မွန်ဂိုလီးယားမှာ နေထိုင်မှုစရိတ်က တဟုန်ထိုးတက်လာတယ်။ လူတော်တော်များများက သူတို့ရဲ့ လစဉ်ဝင်ငွေရဲ့ ထက်ဝက်နီးပါးကို အခွန်ပေးဆောင်နေကြပြီး အစားအသောက်၊ ငှားရမ်းခ ဒါမှမဟုတ် မီးဖိုးရေဖိုးတွေ အသုံးစရိတ်တွေကို ကာမိဖို့ လုံလုံလောက်လောက် မရှာနိုင်ကြတော့ပါဘူး။ အများစုကတော့ တလစာပြီးရင် တလစာ ရရှိပြီး အသက်မွေးဝမ်းကြောင်း နေရတာ မဟုတ်ကြတော့ဘူး။ သူတို့က ချေးငှားစားသောက်ရင်း ချေးငှားရင်း အကြွေးတွေ တင်ပြီးရင်း တင်နေကြတာပါ” ဟု သူမက ပြောသည်။

ဆန္ဒပြသူများသည် မြို့တော် ဥလန်ဘတာ (Ulaanbaatar) ၏ဗဟို ဆပ်ဘားတာ (Sükhbaatar) ရင်ပြင်၌ အစိုးရနန်းတော်ရှေ့တွင် နေ့စဉ်နှစ်ပတ်နီးပါး စုရုံးခဲ့ကြပြီး ဝန်ကြီးချုပ် အိုယွန်အာဒီးနီသည် ၎င်း၏ဘဏ္ဍာရေးဆိုင်ရာများကို ထုတ်ပြန်ပေးရန်နှင့် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်ရုံးက ငွေကြေးမလျော်မကန်စွပ်စွဲချက်သည် “လုံးဝအခြေအမြစ်မရှိ” ဟုပြောဆိုခဲ့သည်။

“ဝန်ကြီးချုပ်ဟာ မွန်ဂိုလီးယားဥပဒေနဲ့အညီ နှစ်စဉ် ပုံမှန်ဘဏ္ဍာရေးဆိုင်ရာ ကြေညာချက်တွေကို ပြုလုပ်နေပါတယ်” ဟု ရုံးက CNN သို့ ပြောကြားခဲ့သည်။

မွန်ဂိုလီးယားသည် ဆယ်စုနှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုများဖြင့် ရုန်းကန်ခဲ့ရပြီး အကျင့်ပျက်အရာရှိများနှင့် စီးပွားရေးခေါင်းဆောင်များသည် ပြည်သူ့ဘဏ္ဍာများဖြင့် ၎င်းတို့ကို ချမ်းသာလာရန် လုပ်ဆောင်ခဲ့ကြသည်ဟု စွပ်စွဲမှုများကြောင့် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

တရုတ်နိုင်ငံအတွက် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ ကျောက်မီးသွေး အလွဲသုံးစားလုပ်မှုနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ၂၀၂၂ ခုနှစ်တွင် အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ဝန်ကြီးချုပ် အိုယွန်အာဒင်နီ ၏ အဂတိလိုက်စားမှုဆိုင်ရာ အထောက်အထားမရှိဟု သုံးသပ်သူများက ဆိုသော်လည်း ၎င်း၏သားဖြစ်သူ၏ ဆိုရှယ်မီဒီယာတွင်တင်သည့်ပို့စ်များသည် ၎င်းတို့၏ ရွေးကောက်ခံအရာရှိများ ပြည်သူ့အရင်းအမြစ်များကို အလွဲသုံးစားလုပ်ခြင်းအတွက် ကြာမြင့်စွာ သံသယဖြစ်နေသော လူထုမယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေပါသည်။

“သာမန်ပြည်သူတွေရဲ့ ပြောဆိုနိုင်ခွင့်နဲ့ အစိုးရအရာရှိတွေက တာဝန်ခံနိုင်တဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော်လိုချင်တယ်။ အာဏာရှိသူတွေဆီက မညီမျှမှုတွေ၊ တရားမျှတမှု မရှိတာတွေ၊ မောက်မာမှုတွေ အများကြီးရှိနေတာကို တွေ့ရတော့ ကျွန်တော်ကို ထုတ်ဖော်ပြောကြားဖို့ တွန်းအားပေးခဲ့တယ်” ဟု ဥလန်ဘာတာ ( Ulaanbaatar) တွင် နေထိုင်သူ အသက် ၂၃ နှစ်ရှိ Ariunzaya Khajidmaa က ပြောသည်။

လူထုစိတ်ပျက်မှု၏ တစ်စိတ်တစ်ပိုင်းမှာ အဂတိလိုက်စားမှုအမှုများကို တရားစွဲသည့်တိုင်အောင် တရားစီရင်ရေးမဏ္ဍိုင်မှ နှေးကွေးစွာ လုပ်ဆောင်နိုင်ခြင်းကြောင့် အချို့သောတရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်စွာ လုပ်ဆောင်နိုင်မှုရှိမရှိကို မေးခွန်းထုတ်လာကြသည်။

၂၀၂၄ Freedom House အညွှန်းကိန်းက “ တရားသူကြီးများ၏ နေ့စဥ်လုပ်ဆောင်မှုတွင် အကျင့်ပျက်ခြစားမှုနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုတို့သည် စိုးရိမ်ပူပန်မှုစရာများအဖြစ် ရှိနေဆဲဖြစ်သည်” ဟု ဆိုသည်။

“ အဂတိလိုက်စားမှုအညွှန်းကိန်းကို ကြည့်ရင်တော့ ကျသွားပါပြီ။ ဝန်ကြီးချုပ်က အဂတိလိုက်စားမှု တော်တော်များများကို ဖော်ထုတ်ခဲ့ပေမဲ့ ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့် အခုလူတိုင်းက တရားစီရင်ရေးကို ကြည့်နေကြတာပါ” ဟု မွန်ဂိုနိုင်ငံရေး လေ့လာသုံးသပ်သူနှင့် မှတ်ချက်ပေးသူ ဘိုလောလက်စာဂျေ့ဗ် (Bolor Lkhaajav) က ပြောသည်။

ဝန်ကြီးချုပ်သည် ၎င်း၏ညွန့်ပေါင်းအစိုးရနှင့် ပါလီမန်ကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပြီး State Great Khural ဟု ခေါ်သော တနင်္လာနေ့တွင် ယုံကြည်မှုဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် အိုယွန်အာဒင်နီသည် လုံလောက်သောမဲများရရှိရန် မစည်းရုံးနိုင်သည့် နောက်ပိုင်းတွင် ပါလီမန်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ကြောင်း ရိုက်တာနှင့် အေပီသတင်းဌာနက ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက လည်းဖော်ပြသည်။

ဆန္ဒပြပွဲများသည် “ရေခဲတောင်၏ ပေါ်နေသောထိပ်ပိုင်းမျှသာ” ဖြစ်ကြောင်း မွန်ဂိုလီးယား အသံလွှင့်ဌာနနှင့် နိုင်ငံရေးဝေဖန်သုံးသပ်သူ Jargalsaikhan Dambadarjaa က နိုင်ငံ၏ အဓိကစီးပွားရေးပြောင်းလဲမှုအချို့ကို ထောက်ပြခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံရသော ဝန်ကြီးချုပ် အိုယွန်အာဒင်နီသည် GDP ၏ လေးပုံတစ်ပုံခန့်သည်သတ္တုတွင်းလုပ်ငန်းအပေါ် မူတည် မှီခိုနေရခြင်းမှ နိုင်ငံ၏ စီးပွားရေးကို အခြားလုပ်ငန်းများဖြင့် ကွဲပြားလာစေရမည်ဟု ကတိပြုခဲ့သည်။

မွန်ဂိုလီးယားတွင် ကျောက်မီးသွေး၊ ကြေးနီ၊ ရွှေနှင့် ဖော့စဖရိုက် အမြောက်အမြားရှိပြီး မွန်ဂိုလီးယား၏ ကျောက်မီးသွေး တင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံသို့ သွားကြသည်။

ဝန်ကြီးချုပ် အိုယွန်အာဒင်နီ၏ ညွန့်ပေါင်းအစိုးရသည် ပြီးခဲ့သောနှစ်တွင် နယ်စပ်ဖြတ်ကျော် မီးရထားလမ်းဆက်သွယ်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးချဲ့မှုတို့အပါအဝင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် ကြီးမားသောစီမံကိန်း ၁၄ ခုကို ကြေညာခဲ့သည်။

ဝန်ကြီးချုပ် အိုယွန်အာဒင်နီ၏ လက်မှတ်ရေးထိုးထားသော မူဝါဒ၏ အဓိကအချက်မှာ နိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပြည်သူများအား ပြန်လည်ခွဲဝေပေးရန် အစိုးရက ရည်မှန်းထားသည့် နိုင်ငံတော် ကြွယ်ဝမှု ရန်ပုံငွေကို ထူထောင်ခြင်း ဖြစ်သည်။

ဧပြီလတွင် ပါလီမန်မှ အတည်ပြုခဲ့သော Sovereign Wealth Fund ဥပဒေသည် အစိုးရအား မဟာဗျူဟာမြောက် ဓာတ်သတ္တုသိုက်များဟု ယူဆထားသည့် မိုင်းတွင်း၌ အစုရှယ်ယာ ၃၄ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ပေးထားပြီး ထိုအရာသည် နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ဟု ဆိုလိုသည်။

လောလောဆယ်တွင် အဆိုပါနေရာ ၁၆ ခုရှိပြီး အမြတ်ငွေများကို ရန်ပုံငွေထဲသို့ ထည့်သွင်း ခွဲဝေပေးမည်ဖြစ်ပြီး မွန်ဂိုလီယားပြည်သူများကို ငွေကြေးအကူအညီ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အိမ်ရာများတည်ဆောက်ပေးခြင်းမှတစ်ဆင့် အကျိုးပြုရန် စီစဥ်ထားကြောင်း ပြည်သူများကို ရုပ်သံလွှင့်ဌာန Montsame မှ ပြောကြားခဲ့သည်။

နိုင်ငံ၏ ချမ်းသာကြွယ်ဝပြီး သြဇာကြီးသော သတ္တုတူးဖော်ရေးလုပ်ငန်းရှင် အထက်တန်းစားများအတွက် ဤဆောင်ရွက်ချက်သည် ကောင်းကျိုးမရှိပေ။

“ဒီလူတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအခွင့်အ‌ရေးကနေဆုံးရှုံးမဲ့အခြေအနေမှာ ရှိနေတယ် များပြားတဲ့ ငွေကြေးပမာဏတွေက ဒီနိုင်ငံမှာ ကြီးမားတဲ့ မညီမျှမှုတွေကိုဖြစ်စေခဲ့တယ်။ ဒါကြောင့် သူတို့က ဒီအစိုးရကို အသေခံပြီး ဆန့်ကျင် တိုက်ပွဲဝင်နေကြတယ်” ဟု Jargalsaikhan က ဆိုသည်။

ဤမတည်မငြိမ်ဖြစ်မှုသည် မွန်ဂိုလူမျိုးအချို့အား နိုင်ငံတော်အကြီးအကဲဖြစ်သည့် သမ္မတ Khrelsukh Ukhnaa ၏အာဏာကို တိုးချဲ့သင့်သည်ဟု ယုံကြည်လာစေသည်။ လက်ရှိတွင် သမ္မတသည် ခြောက်နှစ်သက်တမ်းသာ ထမ်းဆောင်နိုင်သည်။

“ ဒီပြသထားတဲ့ကားချပ်ထဲမှာ၊ သမ္မတအာဏာကို ထောက်ခံသူတွေက ရုရှားနဲ့ တရုတ်ကို ကြည့်၊ သူတို့ဟာ တဦးတည်းသမ္မတရဲ့ ပါဝါတွေဖြစ်ပြီး သူတို့ဟာ အလွန်တည်ငြိမ်တယ်လို့ ငြင်းခုံကြပါတယ်။ သူတို့က ဒီပါလီမန်လွှတ်တော်စနစ်ကို စမ်းသုံးကြည့်တော့ အလုပ်မဖြစ်ဘူး လို့ သူတို့က ပြောပါတယ်။ ဒါက သူတို့ရဲ့ အယူအဆပဲ” ဟု Jargalsaikhan က ပြောသည်။

Khurelsukh သည် မွန်ဂိုလီးယား၏ ပါလီမန်ဒီမိုကရေစီစနစ်ကို မပြောင်းလဲလိုကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ သို့သော်လည်း သမ္မတသက်တမ်း ကန့်သတ်ချက်များကို သက်တမ်းတိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမှာ စားပွဲဝိုင်းပေါ်တွင် ရှိနေသည်ဟု အချို့က ယုံကြည်ကြသည်။

“ ဒါဟာ အလွန်အရေးကြီးတဲ့အချိန်၊ အလွန်သိမ်မွေ့တဲ့အချိန်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအတွက် နောက်ထပ်စမ်းသပ်မှု တစ်ခုပါပဲ” ဟု Jargalsaikhan က ပြောကြားခဲ့သည်။ “လွတ်လပ်မှုဟာ ပါလီမန်စနစ်မှာသာရှိပါတယ်… အဲဒီလိုမှ မလုပ်ရင် ကျွန်တော်တို့ဟာ မအောင်မြင်တဲ့ စီးပွားရေး၊ မအောင်မြင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ။”

ဝန်ကြီးချုပ်ရုံး၏ ကြေညာချက်တွင် “ညွန့်ပေါင်းအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ပျက်ပြားစေရန် တမင်ကြိုးစားမှုတစ်ခု ရှိကြောင်း ပြောကြားခဲ့ပြီး အုပ်စုငယ်တစ်ခုမှ ရန်လိုသောလှုံ့ဆော်မှု” ဖြင့် မွန်ဂိုလီးယားကို ပါလီမန်ဒီမိုကရေစီမှ ရုန်းထွက်ပြီး ကိုယ်ကျိုးစီးပွားအတွက် ချမ်းသာကြွယ်ဝသူများထံအာဏာနှင့် ကြွယ်ဝမှုကို ပြန်ရစေရန် တွန်းအားပေးမှုများရှိနေသည်ဟုဆိုခဲ့သည်။

မွန်ဂိုလီးယားသည် ပိုမိုကျယ်ပြန့်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး တရုတ်နှင့် ရုရှားတို့အပေါ် ၎င်း၏စီးပွားရေးအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်စေရန် တည်ငြိမ်သော အုပ်ချုပ်မှုစနစ်ရှိနိုင်ကြောင်း ပြသရန် လိုအပ်သည်ဟု လေ့လာသူများက ဆိုသည်။

လွန်ခဲ့သည့်နှစ်တွင် Khrelsukh သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား မွန်ဂိုလီးယားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်ရန် ကြိုဆိုခဲ့ပြီး ထိုခရီးစဉ်ကို ယူကရိန်းက ရှုတ်ချခဲ့သည်။ စစ်ရာဇ၀တ်မှုဖြင့် ပူတင်အား ဖမ်းဝရမ်းထုတ်ထားသည့် နိုင်ငံတကာ ရာဇ၀တ်တရားရုံး၏ အဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ပူတင်၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

“မွန်ဂိုလီးယားကို ရုရှားနဲ့ တရုတ်ကြားက ဒီမိုကရေစီ အိုအေစစ်တစ်ခုအဖြစ် မြင်နေတဲ့ အစိုးရတော်တော်များများက ကျွန်တော်တို့ကို ယုံကြည်ချင်ပေမယ့် တစ်ချိန်တည်းမှာပဲ အိုကေ၊ မွန်ဂိုလီးယားက ပိုကောင်းလာတယ် ဆိုပြီး တခြားအစိုးရတွေကို တာဝန်ခံမှုနဲ့ တည်ငြိမ်မှုကို ပြသရမှာဖြစ်တယ်၊” ဟု Bolor က ဆိုသည်။

လမ်းပေါ်ထွက်လာသူများသည် နိုင်ငံရေးကစားနည်းများကို ငြီးငွေ့ပြီး ၎င်းတို့၏ နေ့စဉ်ဘဝတွင် မြင်သာထင်သာသော တိုးတက်မှုများကို မြင်လိုသည်ဟု ဆိုကြသည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေ၊ ကျင့်ဝတ်စံနှုန်းတွေနဲ့ အညီ ထိန်းသိမ်းထားတဲ့ ပြည်သူ့အရာရှိတွေနဲ့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ စနစ်မျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်” ဟု Ariunzaya က ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ စကားကို နားထောင်ပြီး စကားလုံးတွေ ကမ်းလှမ်းရုံတင် မဟုတ်ဘဲ အဓိပ္ပာယ်ရှိတဲ့ ရေရှည်တည်တံ့တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ။

မွန်ဂိုလီးယားလူငယ်များ ရင်ပြင်တွင် ဆန္ဒပြနေကြစဉ်

မွန်ဂိုလီးယားဝန်ကြီးချုပ် အိုယွန်အာဒင်နီ လာဗ်ဆန်နမ်ရိုင် (Oyun-Erdene Luvsannamsrai)

မွန်ဂိုလီးယားသမတ Khurelsukh Ukhnaa နှင့် ရုရှားသမတပူတင် မော်စကိုတွင်တွေ့ကြစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်